တရုတ်၊ ဇန်နဝါရီ ၃ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ၏ စီးပွားရေးသည် နှစ်ဆန်းရက်များအတွင်း ပျားပန်းခတ်မျှတက်ကြွသော စီးပွားရေးလှုပ်ရှားမှုအား သက်သေပြုလျက် အားရဖွယ်ရာ အရှိန်အဟုန်ဖြင့် ၂၀၂၆ ခုနှစ်ကို စတင်လိုက်ပြီဖြစ်ကြောင်း သိရသည်။ (Xinhua) ………………….. (English Version) China’s economy kicks off 2026...
ထျန်းကျင်း၊ ဇန်နဝါရီ ၃ ရက် (ဆင်ဟွာ) နှစ်သစ်ကူးနေ့ (New Year’s Day) အားလပ်ရက်တွင် တရုတ်နိုင်ငံ ထျန်းကျင်း၌ အသစ်ဖွင့်လှစ်ထားသော ကျင်းဝမ်းယွင်တိန် ရှုမျှော်စင်နှင့် “Heart of Tianjin” ကျင်းတာဝါ ရှုမျှော်စင်တို့သည် မြို့သူမြို့သားများနှင့် ခရီးသွားဧည့်သည်များစွာကို အမြင့်မှ မြင်ကွင်းတစ်ခွင်ရှုခင်းများ ခံစားရန်နှင့် နှစ်သစ်ကို...
ဟိုင်ခို၊ ဇန်နဝါရီ ၃ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ၏ အကြီးဆုံး ကမ်းလွန်သဘာဝဓာတ်ငွေ့လုပ်ကွက် ဖြစ်သော “Deep Sea No. 1” သည် စီမံကိန်းစတင်ချိန်မှစ၍ ၁၀၀ ကြိမ်မြောက် သင်္ဘောဖြင့် ရေနံစိမ်းတင်ပို့မှုလုပ်ငန်းကို လတ်တလောတွင် ပြီးမြောက်ခဲ့ကြောင်း၊ ၂၀၂၅ ခုနှစ်တွင် သဘာဝဓာတ်ငွေ့လုပ်ကွက်၏ ရေနံနှင့် သဘာဝဓာတ်ငွေ့...
ရင်ချွမ်း၊ ဇန်နဝါရီ ၃ ရက် (ဆင်ဟွာ) နှင်းများထူထပ်စွာကျဆင်းပြီးနောက် တရုတ်နိုင်ငံ နင်းရှဒေသ၊ ချင်းထုန်ရှာခရိုင်အဆင့်မြို့ရှိ မြစ်ဝါမြစ် လျိုမြောင်ချိုင့်ဝှမ်းသည် ငွေရောင်များဖြင့် ဖုံးလွှမ်းနေသည်။ နှစ်ဖက်ရှိ တောင်တန်းများသည် အဖြူရောင်နှင်းများတွင် အပြန်အလှန် ထင်ဟပ်နေပြီး မြစ်ဝါမြစ်ရေသည် လျှိုမြောင်ချိုင့်ဝှမ်းကို ဖြတ်ကျော်၍ ကွေ့ကောက်စွာစီးဆင်းလျက်ရှိရာ ဆောင်းရာသီ ကြီးကျယ်ခမ်းနားသော ရှုခင်းများကို ဖြစ်ပေါ်လာသည်။...
ပေကျင်း၊ ဒီဇင်ဘာ ၃၁ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံအနေဖြင့် ၁၅ ကြိမ်မြောက် ငါးနှစ်စီမံကိန်း (၂၀၂၆-၂၀၃၀) အား စတင်အကောင်အထည်ဖော်ရန် ပြင်ဆင်နေခိုက် ပိုမိုအရည်အသွေးမြင့်မားစွာ ဖွံ့ဖြိုးတိုးတက်မှုဆီသို့ ဦးတည်ပြောင်းလဲနေသည့် တစ်ချိန်တည်းတွင် တည်ငြိမ်မှုကို ဆက်လက်ထိန်းထားရေးအတွက် သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ကျွမ်းကျင်သူများက အလေးထားပြောဆိုလျက်ရှိကာ ရှုပ်ထွေးနက်နဲသော ကမ္ဘာလုံးဆိုင်ရာ စိန်ခေါ်မှုများကို ရင်ဆိုင်ဖြတ်ကျော်ရာတွင်...
ပေကျင်း၊ ဒီဇင်ဘာ ၃၁ ရက် (ဆင်ဟွာ) သိပ္ပံနှင့်နည်းပညာ ဆန်းသစ်တီထွင်မှု၊ အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများအတွက် ပံ့ပိုးကူညီမှု အပါအဝင် တရုတ်နိုင်ငံ၏ ဗဟိုအဆင့် စီးပွားရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲ၌ ကြေညာခဲ့သည့် အမြော်အမြင်ရှိသော မက်ခရိုစီးပွားရေးမူဝါဒများက စီးပွားရေးလုပ်ငန်းရှင်များ၏ ယုံကြည်မှုကို မြှင့်တင်ပေးကာ ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်ခြင်းနှင့် လုပ်ငန်းတိုးချဲ့ခြင်းတို့ကို တွန်းအားပေးလျက်ရှိသည်။...
ပေကျင်း၊ ဒီဇင်ဘာ ၃၁ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံအနေဖြင့် စားသုံးသူ ငွေကြေးသုံးစွဲမှု မြှင့်တင်ရေးအတွက် အထူးအလေးထားလျက် ပြည်တွင်းဝယ်လိုအားကို တစ်ဆင့်တိုး မြှင့်တင်သွားမည်ဟု တာဝန်ရှိသူတစ်ဦးက ဒီဇင်ဘာ ၃၀ ရက်၌ ပြောကြားခဲ့သည်။ ဆင်ဟွာသတင်းဌာနက စီစဉ်ကျင်းပသော တရုတ်စီးပွားရေး စကားဝိုင်းဆွေးနွေးပွဲ All Media တွေ့ဆုံဆွေးနွေးပွဲ အစီအစဉ်ကြီး၏...
ပေကျင်း၊ ဒီဇင်ဘာ ၃၁ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်၏ ဖိတ်ကြားချက်အရ တောင်ကိုရီးယားနိုင်ငံ (ROK) သမ္မတ လီဂျေမြောင်သည် ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၄ ရက်မှ ၇ ရက်အထိ တရုတ်နိုင်ငံသို့ နိုင်ငံတော်ခရီးစဉ်အဖြစ် လာရောက်မည်ဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက ဒီဇင်ဘာ...
ပေကျင်း၊ ဒီဇင်ဘာ ၃၀ ရက် (ဆင်ဟွာ) ဗဟိုအဆင့် ကျေးလက်ဒေသဆိုင်ရာ နှစ်ပတ်လည် လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲကို တရုတ်နိုင်ငံ ပေကျင်းမြို့တွင် ဒီဇင်ဘာ ၂၉ ရက်မှ ၃၀ ရက်အထိ ကျင်းပခဲ့ကာ ၂၀၂၆ ခုနှစ်အတွင်း တရုတ်နိုင်ငံ၏ ကျေးလက်ဒေသ လုပ်ငန်းစဉ်များအတွက် ဦးစားပေးကိစ္စရပ်များကို အသေးစိတ်စီစဉ်ရေးဆွဲခဲ့ကြောင်း သိရသည်။ ယင်းဆွေးနွေးပွဲမတိုင်မီ...
နန်နင်း၊ ဒီဇင်ဘာ ၃၀ ရက် (ဆင်ဟွာ) ၂၀၁၇ ခုနှစ် စက်တင်ဘာလတွင် အနောက်ပိုင်း ကုန်းလမ်း-ပင်လယ်ရေကြောင်းလမ်း ကုန်သွယ်ရေးစင်္ကြံသစ်၏ ရှေ့ပြေးဖြစ်သော ချုံချင့်-ကွေ့ကျိုး-ကွမ်ရှီး “တောင်ပိုင်းစင်္ကြံ” အသစ် ရထားသည် တရုတ်နိုင်ငံ ချုံချင့်မြို့တွင် ပထမဆုံးပြေးဆွဲမှု ပြုလုပ်ခဲ့ရာ ယင်းမှာ တရုတ်နိုင်ငံ အနောက်ပိုင်းပြည်နယ်၊ ဒေသ၊ မြို့များနှင့် အာဆီယံနိုင်ငံများ...