ကုလသမဂ္ဂ၊ ဇန်နဝါရီ ၁၃ ရက် (ဆင်ဟွာ) ကုလသမဂ္ဂဆိုင်ရာ တရုတ်နိုင်ငံ ဒုတိယအမြဲတမ်းကိုယ်စားလှယ် စွန်းလေက ဇန်နဝါရီ ၁၂ ရက်တွင် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၏ ယူကရိန်းအရေးစိစစ်မှုအတွင်း ပါဝင်ဆွေးနွေးရာ၌ ဘက်အသီးသီးအနေဖြင့် အကျပ်အတည်းများကို နိုင်ငံရေးအရ ဖြေရှင်းရေးအတွက် အခြေအနေများ စုဆောင်းဖန်တီးပေးရန် တိုက်တွန်းခဲ့သည်။ ထိုသို့ ပါဝင်ဆွေးနွေးရာတွင် ၎င်းက...
ပေကျင်း၊ ဇန်နဝါရီ ၁၃ ရက် (ဆင်ဟွာ) အီရန်နိုင်ငံ အစိုးရနှင့် ပြည်သူများအနေဖြင့် လက်ရှိကြုံတွေ့နေရသည့် ခက်ခဲသောအခြေအနေကို ကျော်လွှားကာ နိုင်ငံတည်ငြိမ်မှုကို ထိန်းသိမ်းနိုင်မည်ဟု တရုတ်နိုင်ငံက မျှော်လင့်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ မော်နင်က ဇန်နဝါရီ ၁၂ ရက်၌ ပြောကြားခဲ့သည်။ အီရန်နိုင်ငံတွင် မငြိမ်မသက် ဖြစ်ပွားနေသည်ဟူသော သတင်းများ...
ပေကျင်း၊ ဇန်နဝါရီ ၁၃ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံအနေဖြင့် Warburg Pincus အပါအဝင် ပြည်ပကုမ္ပဏီများကိုလည်းကောင်း၊ တရုတ်နိုင်ငံ၌ ယင်းတို့၏ ရေရှည်ရင်းနှီးမြှုပ်နှံမှုများ ဆက်လက်တိုးချဲ့ဆောင်ရွက်ခြင်း၊ တရုတ်နိုင်ငံနှင့် အပြန်အလှန် အကျိုးဖြစ်ထွန်းသော ပူးပေါင်းဆောင်ရွက်မှုများ နက်နက်ရှိုင်းရှိုင်း လုပ်ဆောင်ခြင်းတို့ကိုလည်းကောင်း လှိုက်လှဲစွာကြိုဆိုကြောင်း တရုတ်နိုင်ငံ ဒုတိယဝန်ကြီးချုပ် ဟယ်လိဖုန်းက ဇန်နဝါရီ ၁၂...
ပေကျင်း၊ ဇန်နဝါရီ ၁၃ ရက် (ဆင်ဟွာ) အမေရိကန်အနေဖြင့် ကျူးဘားအပေါ် ပိတ်ဆို့အရေးယူမှုများနှင့် မည်သည့်အတင်းအကျပ်ဖိအားပေး သောပုံစံကိုမဆို ချက်ချင်းရပ်တန့်ရန် တရုတ်နိုင်ငံက တိုက်တွန်းကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ မော်နင်က ဇန်နဝါရီ ၁၂ ရက်တွင် ပြောကြားခဲ့သည်။ ထိုနေ့တွင် ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် သတင်းထောက်တစ်ဦးက လက်တင်အမေရိကရေးရာများတွင် အမေရိကန်ဝင်ရောက်စွက်ဖက်မှုကို နိုင်ငံတကာအသိုင်းအဝိုင်းက...
ဟူးဟော့၊ ဇန်နဝါရီ ၁၃ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံမြောက်ပိုင်း အတွင်းမွန်ဂိုလီးယားကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟူးဟော့မြို့သည် ၂၀၂၅ ခုနှစ် ဒီဇင်ဘာလမှစ၍ ဆောင်းရာသီအပန်းဖြေအစီအစဉ် ၃၀၀ ကျော်ကို စတင်ခဲ့ပြီး ဒေသတွင်းစီးပွားရေးကို မြှင့်တင်ရန် ရေခဲနှင့် ဆီးနှင်းအားကစားများ၊ ယဉ်ကျေးမှုဆိုင်ရာ အတွေ့အကြုံများနှင့် ခေတ်ဆန်သော သုံးစွဲမှုများဖြင့် ထည့်သွင်းဆောင်ရွက်လာလျက်ရှိကြောင်း သိရသည်။...
မော့ယွီ၊ ဇန်နဝါရီ ၁၃ ရက် (ဆင်ဟွာ) ဆောင်းရာသီကာလတွင် တရုတ်နိုင်ငံ ထာခဲ့လားမာကန်း သဲကန္တာရ၏ တောင်ဘက်အစွန်ဆုံးရှိ ရှင်းကျန်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟယ်ထျန်ဒေသ၊ မော့ယွိခရိုင်၏ အပူချိန်မှာ သုညဒီဂရီစင်တီဂရိတ်အောက်သို့ ကျဆင်းနေသော်လည်း ဤနေရာ၌ သဲကန္တာရစီမံခန့်ခွဲရေးကို အခိုင်အမာလုပ်ဆောင်ရန် စိတ်အားထက်သန်မှုမှာ မြင့်တက်လျက်ရှိသည်။ ဒါဇင်နှင့်ချီရှိသော ဘူဒိုဇာများသည် လုပ်ငန်းများကို အရှိန်မြှင့်လုပ်ဆောင်လျက်ရှိရာ သဲများ...
ချီချီဟားအဲလ်၊ ဇန်နဝါရီ ၁၃ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်း ဟေးလုံကျန်းပြည်နယ် ချီချီဟားအယ်မြို့၌ သီတင်းပတ်တစ်ပတ်ကြာကျင်းပမည့် စခန်းချခရီးထွက်ခြင်းပွဲတော်ကို ဇန်နဝါရီ ၁၂ ရက်က စတင်ဖွင့်လှစ်ခဲ့သည်။ အဆိုပါပွဲတော်တွင် စခန်းချခရီးထွက်ခြင်းအား ဝါသနာထုံသူများနှင့် တရုတ်နိုင်ငံတစ်ဝန်းမှ ခရီးသွားဧည့်သည်များအနေဖြင့် အလွန်အေးမြလှသော အခြေအနေ၌ စခန်းချခရီးထွက်ခြင်း၏ ထူးခြားသောဆွဲဆောင်မှုနှင့် ဒေသခံဓလေ့ထုံးတမ်းများအား တွေ့ကြုံခံစားခွင့်ရစေကြောင်း...
ပေကျင်း၊ ဇန်နဝါရီ ၁၃ ရက် (ဆင်ဟွာ) ကနေဒါနိုင်ငံဝန်ကြီးချုပ် မာ့ခ်ကာနေးသည် တရုတ်နိုင်ငံ ဝန်ကြီးချုပ် လီချန်၏ ဖိတ်ကြားချက်အရ ဇန်နဝါရီ ၁၄ ရက်မှ ၁၇ ရက်အထိ တရုတ်နိုင်ငံသို့ တရားဝင်ခရီးစဉ် လာရောက်မည်ဖြစ်ကြောင်း တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက ဇန်နဝါရီ ၁၂ ရက်၌ ကြေညာခဲ့သည်။...
ပေကျင်း၊ ဇန်နဝါရီ ၁၂ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနသည် ၂၀၂၆ ခုနှစ်အတွက် အဓိကလုပ်ငန်းစဉ် တစ်ရပ်အနေဖြင့် စားသုံးမှုမြှင့်တင်ခြင်းနှင့် တံခါးဖွင့်လှစ်မှု တိုးချဲ့ခြင်းတို့ကို တစ်ဆင့်တိုး လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ဇန်နဝါရီ ၁၁ ရက်က ကျင်းပပြီးစီးခဲ့သည့် နှစ်ရက်ကြာ နိုင်ငံအဆင့် ကူးသန်းရောင်းဝယ်ရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲထံမှ သိရသည်။...
မန်ယွမ် (ချင်းဟိုင်)၊ ဇန်နဝါရီ ၁၁ ရက် (ဆင်ဟွာ) ချီလျန်တောင်တန်းသည် တရုတ်နိုင်ငံ အနောက်ပိုင်း၏ အရေးပါသော ဂေဟလုံခြုံရေး အကာအကွယ်ဖြစ်ရာ အနောက်မြောက်ပိုင်းဒေသ ဂေဟစနစ်တည်ငြိမ်မှုနှင့် ဆက်နွှယ်နေပေသည်။ တရုတ်နိုင်ငံ ချင်းဟိုင်ပြည်နယ် ဟိုင်ပေ ဇန့်လူမျိုး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြည်နယ်ခွဲ၊ မန်ယွမ် ဟွေလူမျိုး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရခရိုင်ရှိ ချီလျန်တောင် အမျိုးသားဥယျာဉ် (လျာထားရာနေရာ)...