ခါးစန်း၊ ဇန်နဝါရီ ၁၇ ရက် (ဆင်ဟွာ) ဩစတေးလျနိုင်ငံမြောက်ပိုင်း အပူပိုင်းဒေသများမှ မျိုးရင်းဖြစ်သော ဩစတေးလျရေချိုကျောက်ပုစွန်များကို တရုတ်နိုင်ငံ၌ မိတ်ဆက်ခဲ့ပြီးနောက် တရုတ်နိုင်ငံ၏ အရှေ့ဘက်ကမ်းရိုးတန်းပြည်နယ်များတွင် အများအပြား မွေးမြူလျက်ရှိကြောင်း သိရသည်။ မကြာသေးမီနှစ်များအတွင်း ရှင်းကျန်းဒေသရှိ Shache ခရိုင်၌ ရေလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး လေ့လာဖော်ထုတ်မှုများ စတင်ခဲ့သည်။ ရေအရင်းအနှစ်ပေါကြွယ်ဝသည့် Dunbag မြို့နယ်၌...
ဦလန်ဘာတာ၊ ဇန်နဝါရီ ၁၆ ရက် (ဆင်ဟွာ) မွန်ဂိုလီးယားနိုင်ငံ မြို့တော် ဦလန်ဘာတာသို့ တရုတ်ဘတ်စ်ကားထုတ်လုပ်သူ Yutong က ထုတ်လုပ်သည့် ဘတ်စ်ကား ၈၅ စီး ရောက်ရှိလာခဲ့ပြီး စတင်ပြေးဆွဲပေးနေပြီ ဖြစ်ကြောင်း ဦလန်ဘာတာ မြူနီစပယ် အုပ်ချုပ်ရေး အဖွဲ့က ဇန်နဝါရီ ၁၂ ရက်တွင် ပြောကြားခဲ့သည်။
ချန်ချွမ်း၊ ဇန်နဝါရီ ၁၅ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံအရှေ့မြောက်ပိုင်း ကျီလင်ပြည်နယ် ချန်ချွမ်းမြို့၌ ရေခဲဆီးနှင်း လမ်းကြောင်းတို ကားမောင်းပြိုင်ပွဲအား ဇန်နဝါရီ ၁၄ ရက်က ကျင်းပခဲ့ကြောင်း သိရသည်။ ပြည်တွင်း၊ ပြည်ပမှ ကားမောင်းပြိုင်ဝါသနာရှင် ၁၀၀ ကျော်က နှစ်ရက်ကြာ ပြိုင်ပွဲအတွင်း လမ်းကြမ်းမောင်း အပါအဝင် အတန်းအစားအသီးသီးတွင်...
ပေကျင်း၊ ဇန်နဝါရီ ၁၅ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံက ထုတ်လုပ်သည့် AG600M မီးသတ်လေယာဉ်လေးစင်းက ၂၀၂၃ ခုနှစ်အတွင်း လိုက်နာဆောင်ရွက်ရသည့် အဓိကစမ်းသပ်မှုများ ပြီးစီးသွားခဲ့ပြီဖြစ်ကြောင်း တရုတ်လေကြောင်းလုပ်ငန်းကော်ပိုရေးရှင်း(AVIC) ထံမှ သိရသည်။ ပြည်တွင်းထုတ် AG600 ကုန်းရေနှစ်သွယ်သွားလေယာဉ်ကြီး အုပ်စုဝင် AG600M လေယာဉ်က ၂၀၂၄ ခုနှစ် နှစ်ကုန်ပိုင်းတွင်...
သံအမတ်ကြီး မစ္စတာ ချန်းဟိုင် မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံအမတ်ကြီး မစ္စတာချန်းဟိုင်က ယခုရက်ပိုင်း ရေးသားဖော်ပြခဲ့သည့် ဆောင်းပါးတွင် တရုတ် – မြန်မာနှစ်နိုင်ငံသည် တောတောင်ရေမြေချင်း ဆက်စပ်လျက်ရှိပြီး ဆွေမျိုးပေါက်ဖော် ချစ်ကြည်ရေးသံယောဇဉ် နက်ရှိုင်းကြောင်း ၊ သမ္မတရှီကျင့်ဖျင်သည် ၂၀၂၀ ပြည့်နှစ်တွင် မြန်မာနိုင်ငံသို့ သမိုင်းဝင်ခရီးစဉ်လာရောက်ခဲ့ပြီး နှစ်ဦးနှစ်ဖက်က တရုတ်-မြန်မာ အေးအတူပူအမျှအသိုက်အဝန်း...
ကျိုချွမ်၊ ဇန်နဝါရီ ၁၁ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံအနောက်မြောက်ပိုင်း ကျိုချွမ်ဂြိုဟ်တုလွှတ်တင်ရေးစင်တာမှ အာကာသအတွင်းသို့ ဂြိုဟ်တုသစ်တစ်စင်းအား ဇန်နဝါရီ ၁၁ ရက်တွင် လွှတ်တင်ခဲ့ကြောင်း သိရသည်။ Tianxing-1 02 ဂြိုဟ်တုအား ပေကျင်းစံတော်ချိန် နံနက် ၁၁ နာရီ ၅၂ မိနစ်တွင် Kuaizhou-1A သယ်ဆောင်ရေးဒုံးပျံဖြင့် လွှတ်တင်ခဲ့ခြင်း...
သံအမတ်ကြီး မစ္စတာ ချန်းဟိုင် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံခြားရေးလုပ်ငန်းအစည်းအဝေးကို ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၂၇ ရက်နေ့မှ ၂၈ ရက်နေ့အထိ ပေကျင်းမြို့၌ကျင်းပခဲ့ရာ သမ္မတရှီကျင့်ဖျင်က အရေးပါမိန့်ခွန်း ပြောကြားခဲ့သည်။ သမ္မတရှီကျင့်ဖျင်က ခေတ်သစ် တရုတ်ဝိသေသဆောင်သော နိုင်ငံကြီးသံတမန်ဆက်ဆံရေး၏ သမိုင်းဝင်အောင်မြင် မှုနှင့် အဖိုးတန်အတွေ့အကြုံများကို စနစ်တကျခြုံငုံ၍ တရုတ်နိုင်ငံ၏...
ဖနွမ်းပင်၊ ဇန်နဝါရီ ၁၁ ရက် (ဆင်ဟွာ) ကမ္ဘောဒီးယားနိုင်ငံက ၂၀၂၃ ခုနှစ်တွင် လယ်ယာစိုက်ပျိုးရေးထွက်ကုန်တင်ပို့မှုမှ စုစုပေါင်းဝင်ငွေ အမေရိကန် ဒေါ်လာ ၄.၃ ဘီလီယံ ရရှိခဲ့ကြောင်း စိုက်ပျိုးရေး ၊ သစ်တောနှင့် ရေလုပ်ငန်းဝန်ကြီးဌာန(MAFF) က ဇန်နဝါရီ ၈ ရက်တွင် ထုတ်ပြန်ခဲ့သည်။ ၂၀၂၃ ခုနှစ်...
တာ့လျန်၊ ဇန်နဝါရီ ၁၀ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံအရှေ့မြောက်ပိုင်း တာ့လျန်မြို့နှင့် ဂျပန်နိုင်ငံ Kitakyushu မြို့တို့အား ချိတ်ဆက်ထားသည့် တိုက်ရိုက်လေကြောင်းခရီးစဉ်အား COVID-19 ကပ်ရောဂါကြောင့် လေးနှစ်နီးပါးကြာ ရပ်နားထားပြီးနောက် ဇန်နဝါရီ ၈ ရက်တွင် ပြန်လည်စတင်ပြေးဆွဲခဲ့ကြောင်း သိရသည်။ ယင်းလေကြောင်းခရီးစဉ်ပြေးဆွဲသော ထျန်းကျင်းလေကြောင်းလိုင်းက ဇန်နဝါရီ ၈ ရက်မှစတင်ကာ...
ဘန်ကောက်၊ ဇန်နဝါရီ ၈ ရက် (ဆင်ဟွာ) ကမ္ဘာတစ်ဝန်းရှိ နိုင်ငံအများအပြားက ပြည်တွင်းခရီးသွားလုပ်ငန်းနှင့်စီးပွားရေး မြှင့်တင်ရန် တရုတ်ခရီးသွားများ ပိုမိုလာရောက်ရန် မျှော်လင့်နေကြကြောင်း သိရသည်။ ထိုင်းနိုင်ငံက မတ်လ ၁ ရက်မှစ၍ တရုတ်နိုင်ငံသားများအတွက် ဗီဇာလိုအပ်ချက်များအား ဖြေလျှော့ပေးသွားမည် ဖြစ်သည့်အတွက် ယခုနှစ်အတွင်း တရုတ်နိုင်ငံမှ ခရီးသွားဧည့်သည် ၈ သန်း...