ပေကျင်း၊ ဒီဇင်ဘာ ၅ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ၏ အီလက်ထရောနစ်သတင်းအချက်အလက် ထုတ်လုပ်ရေးလုပ်ငန်းကဏ္ဍသည် ၂၀၂၅ ခုနှစ်ပထမ ၁၀ လအတွင်း တည်ငြိမ်စွာတိုးတက်လျက်ရှိသည်ကိုတွေ့မြင်ရကြောင်း စက်မှုနှင့် သတင်းအချက်အလက်နည်းပညာဝန်ကြီးဌာနမှ ထုတ်ပြန်သည့်အချက်အလက်များအရ သိရသည်။ အဆိုပါကဏ္ဍတွင် အဓိကကုမ္ပဏီကြီးများ၏ တန်ဖိုးမြင့် စက်မှုလုပ်ငန်းထုတ်လုပ်မှု ပမာဏသည် ယမန်နှစ်အလားတူကာလထက် ၁၀.၆ ရာခိုင်နှုန်း ကျယ်ပြန့်လာခဲ့ကြောင်း...
ပေကျင်း၊ ဒီဇင်ဘာ ၄ ရက် (ဆင်ဟွာ) ပြည်သူဗဟိုပြု မြို့ပြအသွင်ပြောင်းရေး မဟာဗျူဟာသစ်အား အကောင်အထည်ဖော်ရေး၊ မြို့ပြနှင့် ကျေးလက်ဒေသများ တစ်ပေါင်းတစ်စည်းတည်း ဖွံ့ဖြိုးတိုးတက်မှုနှင့် သက်ဆိုင်သော ပြည်တွင်းဝယ်လိုအား အလားအလာကို ဖော်ထုတ်ရေး၊ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်မှုကို မြှင့်တင်ရေးအတွက် ကြိုးပမ်းအားထုတ်ကြရန် တရုတ်နိုင်ငံ ဝန်ကြီးချုပ် လီချန်က ဒီဇင်ဘာ ၃ ရက်၌...
နင်တယ် (ဖူကျန့်)၊ ဒီဇင်ဘာ ၄ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ ဖူကျန့်ပြည်နယ် နင်တယ်မြို့ ဖူတင်ခရိုင်အဆင့်မြို့ ဖန်ရှီးမြို့နယ်ရှိ ချိရှီးကျေးရွာသည် ယခင်က “တရုတ်နိုင်ငံ ဆင်းရဲမွဲတေမှု လျှော့ချရေး ပထမဆုံး ကျေးရွာ” ဖြစ်သည်။ ဆယ်စုနှစ်ကြာ ဆင်းရဲမွဲတေမှုလျှော့ချရေးနှင့် ကျေးလက်ဒေသပြန်လည်ဖွံ့ဖြိုးရေး လုပ်ငန်းစဉ်များတွင် ချိရှီးကျေးရွာသည် ထူးခြားသော “ပါတီတည်ဆောက်ရေး...
ပေကျင်း၊ ဒီဇင်ဘာ ၄ ရက် (ဆင်ဟွာ) ဂျပန်နိုင်ငံအနေဖြင့် ယင်း၏အတိတ်သမိုင်းမှ ပြစ်မှုကျူးလွန်မှုများကို လေးလေးနက်နက် ဆင်ခြင်သုံးသပ်ရန်နှင့် မှားယွင်းသော ပြောကြားချက်များကို ပြန်လည်ရုပ်သိမ်းရန် တရုတ်ပြည်မကြီးက တိုက်တွန်းကြောင်း တရုတ်ပြည်မကြီး ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ဒီဇင်ဘာ ၃ ရက်၌ ပြောကြားခဲ့သည်။ “ဂျပန်နိုင်ငံအနေနဲ့ တရုတ်နိုင်ငံရဲ့ ပြည်တွင်းရေးမှာ ဝင်ရောက်စွက်ဖက်တာကို ရပ်တန့်ပြီး...
မော်စကို၊ ဒီဇင်ဘာ ၃ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံနှင့် ရုရှားနိုင်ငံတို့သည် မဟာဗျူဟာမြောက် လုံခြုံရေးနှင့်ပတ်သက်၍ နှစ်နိုင်ငံခေါင်းဆောင်နှစ်ဦးကြား ရရှိထားသော အရေးကြီးဘုံသဘောတူညီချက်များကို အပြည့်အဝအကောင်အထည်ဖော်ရေး၊ နှစ်နိုင်ငံ မဟာဗျူဟာမြောက် ညှိနှိုင်းဆောင်ရွက်မှုအား ပိုမိုမြင့်မားသောအဆင့်သို့ မြှင့်တင်ရေးအတွက် ဒီဇင်ဘာ ၂ ရက်က သဘောတူညီခဲ့ကြောင်း သိရသည်။
ဆန်းရ (ဟိုင်နန်)၊ ဒီဇင်ဘာ ၂ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ ဟိုင်နန်ပြည်နယ်တွင် ကမ်းလွန်အခွန်ကင်းလွတ်ခွင့်မူဝါဒ အဆင့်မြှင့်တင်ပြီးချိန်မှစ၍ အပြုသဘောဆောင်သောအချက်များစွာဖြင့် ဝယ်ယူစားသုံးမှုဈေးကွက်ကို စဉ်ဆက်မပြတ် လှုံ့ဆော်အားပေးခဲ့သည်။ ဟိုင်ခိုအကောက်ခွန် စာရင်းအင်းများအရ ၂၀၂၅ ခုနှစ် နိုဝင်ဘာလ ၁ ရက်မှ ၃၀ ရက်အထိ ဟိုင်နန်ကမ်းလွန်အခွန်ကင်းလွတ်ခွင့်မူဝါဒ အဆင့်မြှင့်တင်မှု အကောင်အထည်ဖော်သော...
ကူမင်း၊ ဒီဇင်ဘာ ၂ ရက် (ဆင်ဟွာ) တရုတ်-လာအို ရထားလမ်းအား လွန်ခဲ့သောလေးနှစ်က စတင်လည်ပတ်ချိန်မှစ၍ ခရီးသည်တင်ခရီးစဉ် ၆၂.၅ သန်းကျော်နှင့် ကုန်စည်တန်ချိန် ၇၂.၅ သန်းကျော်အား ကိုင်တွယ်ဆောင်ရွက်နိုင်ခဲ့ကာ ဒေသတွင်း လူမှုစီးပွားဖွံ့ဖြိုးတိုးတက်မှုအတွက် အားကောင်းသော အရှိန်အဟုန်များကို ဖြည့်တင်းပေးလျက်ရှိသည်ဟု တရုတ်နိုင်ငံ မီးရထားလုပ်ငန်းစု ကုမ္ပဏီလီမိတက်က ဒီဇင်ဘာ ၂...
ဝန်ချန်း၊ ဟိုင်နန်၊ ဒီဇင်ဘာ ၂ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ တောင်ပိုင်း ဟိုင်နန်ပြည်နယ်ရှိ ဝန်ချန်းအာကာသလွှတ်တင်ရေးစခန်းမှ နိုဝင်ဘာ ၃၀ ရက်က ဂြိုဟ်တုအသစ်တစ်လုံး လွှတ်တင်ခဲ့သည်။ Shijian-28 ဂြိုဟ်တုကို ည ၈း၂၀ နာရီ (ပေကျင်းစံတော်ချိန်)၌ မွမ်းမံထားသော Long March-7 သယ်ဆောင်ရေးဒုံးပျံ တစ်စင်းဖြင့်လွှတ်တင်ခဲ့ပြီး...
ပေကျင်း၊ ဒီဇင်ဘာ ၂ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ၏ အမြန်ချောပို့ကဏ္ဍသည် ယခုနှစ် ဇန်နဝါရီမှ နိုဝင်ဘာ ၃၀ ရက်အထိ ပါဆယ်ထုပ်ပေါင်း ၁၈၀ ဘီလီယံကျော် ကိုင်တွယ်ဆောင်ရွက်ခဲ့ရကြောင်း ပထမဆုံးအကြိမ်အဖြစ် နှစ်စဥ်ပို့ဆောင်ရသည့် ပမာဏ သတ်မှတ်အဆင့်ကို ကျော်လွန်ခဲ့ကြောင်း နိုင်ငံတော်စာတိုက်လုပ်ငန်းဗျူရိုက ဒီဇင်ဘာ ၁ ရက်တွင် ထုတ်ပြန်သည့်...
ပေကျင်း၊ ဒီဇင်ဘာ ၂ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ၏ တျောက်ယွီသောင်ကျွန်း ရေပိုင်နက်ထဲသို့ တရားမဝင် ဝင်ရောက်လာသည့် ဂျပန်ငါးဖမ်းရေယာဉ်တစ်စင်းအား ဒီဇင်ဘာ ၂ ရက်က သတိပေးကာ မောင်းထုတ်ခဲ့ကြောင်း တရုတ်နိုင်ငံကမ်းခြေစောင့်တပ်ဖွဲ့ (CCG) ပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့သည်။ CCG အနေဖြင့် ဥပဒေနှင့်အညီ လိုအပ်သော ထိန်းချုပ်ရေးအစီအမံများကို ဆောင်ရွက်ခြင်း၊...