အမေရိကန်လေပိုင်နက်အတွင်းသို့ တရုတ် အရပ်ဘက်မောင်းသူမဲ့ လေသင်္ဘောတစ်စင်း ရည်ရွယ်ခြင်းမရှိဘဲဝင်ရောက်သွားခဲ့ပြီးနောက် တရုတ်နိုင်ငံအား မလိုမုန်းထား သိက္ခာကျသော “တရုတ်ခြိမ်းခြောက်မှု” ဟူသော ချဲ့ကားပြောဆိုမှု ဆုံးဖြတ်ချက်အပေါ် အမေရိကန်အထက်လွှတ်တော်က အတည်ပြုခဲ့ခြင်းအတွက် တရုတ်နိုင်ငံ၏ ထိပ်တန်းဥပဒေပြုအဖွဲ့က ပြင်းပြင်းထန်ထန်ဝေဖန်ခဲ့ကြောင်း သိရသည်။ (Xinhua) xhtxs.cn/ETb ——————— China slams U.S. Senate for...
တရုတ်နိုင်ငံ ကြက်ခြေနီအသင်းက ငလျင်ဒဏ်သင့် တူရကီနိုင်ငံသို့ လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အကူအညီအဖြစ် အရေးပေါ်လိုအပ်သည့် ချည်ထည်ရွက်ဖျင်တဲ တန် ၂၀ အား ပေးပို့ခဲ့ကြောင်း သိရသည်။ (Xinhua) xhtxs.cn/ESU ————————— China’s Red Cross delivers humanitarian aid to quake-hit Türkiye...
ကွမ်ကျိုး ၊ ဖေဖော်ဝါရီ ၂၀ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံထုတ် မောင်းသူမဲ့ဒရုန်းယာဉ်(AAV) ဖြစ်သည့် EHang 216 သည် ဂျပန်နိုင်ငံ Oita မြို့၌ သရုပ်ပြပျံသန်းမှုတစ်ခုအား မကြာသေးမီက ပြုလုပ်ပြီးစီးခဲ့ကြောင်း သိရသည်။EHang သည် တရုတ်နိုင်ငံ၌ ထိပ်တန်းဒရုန်းထုတ်လုပ်သူတစ်ဦး ဖြစ်သည်။
တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ယူနန်ပြည်နယ်ရှိ တူးဖော်ရေးနေရာတစ်ခု၌ တူးဖော်တွေ့ရှိခဲ့သည့် ပရိဘောဂ နှင့် ပန်းကန်ခွက်ယောက်များသည် လွန်ခဲ့သည့် နှစ်ပေါင်း ၃,၀၀၀ က ညစာအတွက်သာမက မည်ကဲ့သို့စားခဲ့ကြပုံများကိုပါ ပြသနေကြောင်း သိရသည်။ (Xinhua) xhtxs.cn/EOc ————————- 3,000-year-old settlement site found in SW China...
ပါကစ္စတန်အပြည်ပြည်ဆိုင်ရာလေကြောင်းလိုင်း(Pakistan International Airlines)က ပညာရေးဘွဲ့ဒီဂရီများ သင်ယူရန် တရုတ်နိုင်ငံသို့ သွားရောက်မည့် ကျောင်းသား/သူများကို ၂၇ ရာခိုင်နှုန်း လျှော့ဈေး ပေးသွားမည် ဖြစ်ကြောင်း တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။ (Xinhua) xhtxs.cn/ERt —————————— Pakistan Int’l Airlines announces discount for students traveling...
တရုတ်နိုင်ငံက COVID-19 ရောဂါတုံ့ပြန်မှုများအား ချိန်ညှိခဲ့ပြီးနောက် နိုင်ငံ၏ စီးပွားရေးသည် အလျှင်အမြန် ပြန်လည်ကောင်းမွန်လာခဲ့ပြီး အလုပ်အကိုင်အခွင့်အလမ်းအသစ်များ ဖန်တီးပေးခဲ့ကြောင်း ၊ ယင်းမှာ အလုပ်အကိုင် ရှာဖွေရန် ပြည်သူများကို ယုံကြည်မှုများစွာ ရှိလာစေကြောင်း သိရသည်။ (Xinhua) xhtxs.cn/EQM —————————- China Focus: Busy job fairs...
မြစ်ကျဉ်းသုံးသွယ်ရေလှောင်ကန်ဧရိယာမှ ယန်ဇီမြစ်၏ မြစ်လက်တက်တစ်ခုဖြစ်သည့် Hanjiang မြစ်သို့ ရေသွယ်တန်းမည့် စီမံကိန်း၏အဓိကအစိတ်အပိုင်းအနေဖြင့် မြေအောက်ရေလွှဲဥမင်လိုဏ်ခေါင်းအား တရုတ်နိုင်ငံ အလယ်ပိုင်း ဟူပေပြည်နယ် Danjiangkou မြို့၌ တည်ဆောက်လျက်ရှိကြောင်း သိရသည်။ (Xinhua) xhtxs.cn/EQm #China #YangtzeRiver #Tunnel #တရုတ်နိုင်ငံ #ယန်ဇီမြစ် #ဥမင်လိုဏ်ခေါင်း ——————————- Underground water-transfer...
ပေကျင်း ၊ ဖေဖော်ဝါရီ ၁၉ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ၏ မော်တော်ကားများသည် လူကြိုက်များမှု တိုးပွားလာကာ ပြည်ပသုံးစွဲသူများထံ ပိုမိုရောက်ရှိလာခဲ့ပြီး ၂၀၂၂ ခုနှစ်တွင် အစီးရေ ၃.၁၁ သန်း တင်ပို့ခဲ့ကြောင်းနှင့် နှစ်အလိုက် ၅၄.၄ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း သိရသည်။
တရုတ်နိုင်ငံ ဟိုင်နန်ပြည်နယ်၌ ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလလယ်ပိုင်းမှစတင်ကာ ဒေသဆိုင်ရာ တာဝန်ရှိသူများက အလုပ်ရာထူး ၃၀,၀၀၀ ကျော် ကမ်းလှမ်းသည့် အလုပ်အကိုင်ပြပွဲ ၇ ခုအား ဆောင်ရွက်ခဲ့ခြင်းကြောင့် တိုးတက်နေသော အလုပ်အကိုင်ဈေးကွက်သည် စီးပွားရေး ပြန်လည်ကောင်းမွန်လာစေမည့် လက္ခဏာပြသနေကြောင်း သိရသည်။ (Xinhua) xhtxs.cn/EPd —————————– Thriving job market...
တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က အဆင့်မြင့် တရုတ်-အာဖရိက ကံကြမ္မာအကျိုးတူအသိုက်အဝန်း တည်ဆောက်ရန် အာဖရိကနိုင်ငံနိုင်ငံများ၏ ခေါင်းဆောင်များနှင့်အတူ လုပ်ဆောင်ရန် ၎င်းအနေဖြင့် အဆင်သင့်ရှိနေကြောင်း ဖေဖော်ဝါရီ ၁၈ ရက်တွင် ပြောကြားခဲ့သည်။ (Xinhua) xhtxs.cn/EO4 ———————– Xi calls for high-level China-Africa community with...