ပရီတိုးရီးယား ၊ ဇူလိုင် ၂၃ ရက်(ဆင်ဟွာ) နှစ်နိုင်ငံချစ်ကြည်ရင်နှီးမှု နှင့် ပူးပေါင်းဆောင်ရွက်မှု တွန်းအားပေးရန် ရည်ရွယ်ချက်ဖြင့် အာဖရိကတိုက်ခရီးစဉ် တတိယမြောက်နိုင်ငံအဖြစ် “သက်တန့်နိုင်ငံ” ဟုလူသိများသော တောင်အာဖရိကနိုင်ငံသို့ဇူလိုင် ၂၃ ရက်တွင် ရောက်ရှိလာသည့် တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန်အား ကော်ဇောနီခင်း၍ ကြိုဆိုခဲ့ကြောင်း သိရသည်။
ဂျိုဟန်နာဘာ့ဇ်၊ ဖေဖော်ဝါရီ ၂ ရက် (ဆင်ဟွာ) တောင်အာဖရိကရှိ Nothern Free State ဒေသတွင် လျှပ်စစ်မီးပြတ်တောက်မှုကြောင့် မြေအောက်၌ ပိတ်မိနေသော ရွှေတွင်းလုပ်သား ၉၀၀ ကျော်အား ကယ်တင်လိုက်ပြီဖြစ်ကြောင်း သတ္တုတွင်းပိုင်ရှင်က ဖေဖော်ဝါရီလ ၂ ရက်က ပြောကြားလိုက်သည်။
ရှမိန်၊ စက်တင်ဘာ ၄ ရက် (ဆင်ဟွာ) တောင်အာဖရိကနိုင်ငံသည် ဘရာဇီး၊ ရုရှား၊ အိန္ဒိယ၊ တရုတ်နှင့် တောင်ဖရိကနိုင်ငံတို့ဖြင့်ဖွဲ့စည်းထားသော BRICS အဖွဲ့အစည်း၏ ၁၀ကြိမ်မြောက် ထိပ်သီးအစည်းအဝေးပွဲအား အိမ်ရှင်အဖြစ် လက်ခံကျင်းပသွားမည်ဖြစ်ကြောင်း တောင်အာဖရိကသမ္မတ ဂျက်ကော့ဇူးမားက စက်တင်ဘာ ၃ ရက်တွင်ပြောကြားခဲ့သည်။
ပရီတိုးရီးယား ၊ သြဂုတ် ၂ဝ ရက် (ဆင်ဟွာ) တောင်အာဖရိကနိုင်ငံ အဆင့်မြင့်ပညာရေးနှင့်လေ့ကျင့်ရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး Mduduzi Manana သည် ပြီးခဲ့သော ရက်သတ္တပတ်က ဂျိုဟန်နစ္စဘတ်မြို့ရှိ နိုက်ကလပ်တစ်ခု၌ အမျိုးသမီးတစ်ဦးအား ရိုက်နှက်ခဲ့သည်ဟု စွပ်စွဲခံရပြီးနောက် သြဂုတ်လ ၁၉ ရက်တွင် ရာထူးမှ နုတ်ထွက်လိုက်ရသည်။
ဂျိုဟန်နစ်ဘတ် ၊ ဇူလိုင် ၁၈ ရက် (ဆင်ဟွာ) တောင်အာဖရိက၏ အကြီးဆုံးမြို့ ဖြစ်သည့် ဂျိုဟန်နစ်ဘတ် (Johannesburg) တွင် ဇူလိုင်လ ၁၇ ရက်နေ့က ရထားနှစ်စင်း တိုက်မိကာ လူပေါင်း ၂၅၀ ဒဏ်ရာရရှိခဲ့ပြီး အချို့မှာ အခြေအနေ စိုးရိမ် ရကြောင်း သိရှိရသည်။