အစ္စလာမ်မာဘတ် ၊ မတ် ၃ ရက်(ဆင်ဟွာ)
အစ္စလာမ်မာဘတ်၊ ဇန်နဝါရီ ၁၁ ရက် (ဆင်ဟွာ) ပါကစ္စတန်နိုင်ငံ အနောက်တောင်ပိုင်း ဘာလိုချီစတန်ပြည်နယ် မြို့တော် ကွတ်တာရှိ ဗလီကျောင်းတစ်လုံးတွင် ဇန်နဝါရီ ၁၀ ရက် ညပိုင်းက ပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ လူ ၁၄ ဦးထက်မနည်း သေဆုံးပြီး အခြားသူ ၂၀ ဦး ဒဏ်ရာရရှိခဲ့ကြောင်း အဆင့်မြင့်ရဲအရာရှိတစ်ဦးက ပြောခဲ့သည်။
အစ္စလာမ်မာဘတ် ၊နိုဝင်ဘာ ၂၀ ရက်(ဆင်ဟွာ) တရုတ်-ပါကစ္စတန် စီးပွားရေးစင်္ကြံ ကနဦးကာလ အောင်မြင်မှုရလဒ်ကောင်းတစ်ခုအဖြစ် ပါကစ္စတန်နိုင်ငံ Karakoram Highway စီမံကိန်း၏Havelian- Mansehra အဝေးပြေးလမ်းအပိုင်းကို နိုဝင်ဘာ ၁၈ ရက်က အောင်မြင်စွာဖွင့်လှစ်နိုင်ခဲ့ကြောင်း သိရသည်။
အစ္စလာမ်မာဘတ်၊ နိုဝင်ဘာ ၁၆ ရက် (ဆင်ဟွာ) ပါကစ္စတန်နိုင်ငံ အရှေ့ပိုင်း လာဟိုးမြို့နှင့် ထိစပ်နေသောခရိုင်များရှိ လေထုအရည်အသွေးမှာ နိုဝင်ဘာ ၁၅ ရက်တွင် အန္တရာယ်ရှိအဆင့်သို့ ကျော်သွားခဲ့ကြောင်း၊ အစိုးရနှင့် ပုဂ္ဂလိကကျောင်းများကို နှစ်ရက်ပိတ်ထားရန် ဒေသခံအစိုးရက တွန်းအားပေးထားကြောင်း ပန်ဂျပ်ပြည်နယ် ကျောင်းပညာရေးဌာနမှ ထုတ်ပြန်ထားသည့် သတိပေးချက်အရ သိရသည်။
အစ္စလာမ်မာဘတ်၊ နိုဝင်ဘာ ၁ ရက် (ဆင်ဟွာ) ပါကစ္စတန်နိုင်ငံ အရှေ့ပိုင်း ပန်ဂျပ်ပြည်နယ်၌ ရထားမီးလောင်မှုကြောင့် သေဆုံးသူအရေအတွက်မှာ ၇၄ ဦးအထိ မြင့်တက်လာခဲ့ကြောင်းနှင့် အဆိုပါ ကြောက်မက်ဖွယ်ဖြစ်ရပ်အတွက်တာဝန်ရှိသော လူတစ်ဦးဦး (သို့မဟုတ်) အကြောင်းရင်းများကို ဆုံးဖြတ်ရန် စုံစမ်းစစ်ဆေးမှုလုပ်ဆောင်နေကြောင်း မီးရထားဝန်ကြီး ရှိတ် ရာရှိဒ်အာမတ် (Sheikh Rasheed Ahmad)...
အစ္စလာမ်မာဘတ်၊ အောက်တိုဘာ ၂၁ ရက် (ဆင်ဟွာ) ပါကစ္စတန်နိုင်ငံ အရှေ့ပိုင်း ပန်ဂျပ်ပြည်နယ်တွင် အောက်တိုဘာ ၂၁ ရက် နံနက်ပိုင်းက လူနာတင်ကားတစ်စီးနှင့် နောက်တွဲယာဉ်တစ်စီး ခေါင်းချင်းဆိုင်တိုက်မိခဲ့ရာ လူ ၉ ဦးသေဆုံးခဲ့ကြောင်း ဒေသခံမီဒီယာက သတင်းဖော်ပြခဲ့သည်။
အစ္စလာမ်မာဘတ် ၊ စက်တင်ဘာ ၂၅ ရက်(ဆင်ဟွာ) ပါကစ္စတန် နိုင်ငံ၏ ဒေသ တစ်ချို့တွင် ပြင်းအား ၅.၈ အဆင့်ရှိ ငလျင် လှုပ်ခတ် ပြီးနောက် လူ ၂၁ ဦး သေဆုံးကာ လူပေါင်း ၃၂၀ ကျော် ဒဏ်ရာ ရရှိခဲ့ကြောင်း နှင့် ရှာဖွေ...
အစ္စလာမ်မာဘတ် ၊ စက်တင်ဘာ ၂၂ ရက်(ဆင်ဟွာ) ပါကစ္စတန်နိုင်ငံမြောက်ပိုင်း Chilas ခရိုင်၌ ယနေ့(စက်တင်ဘာ- ၂၂ ရက်)နံနက်ပိုင်းတွင် ခရီးသည်တင်ဗန်ကား(van)တစ်စီးသည် တောင်ကမူတစ်ခုအား ဝင်တိုက်မှုဖြစ်ပွားခဲ့ရာ အနည်းဆုံး လူပေါင်း ၂၆ ဦးသေဆုံးပြီး အခြား လူ ၁၆ ဦးထိခိုက်ဒဏ်ရာရခဲ့ကြောင်း ဒေသတွင်းမီဒီယာက သတင်းဖော်ပြခဲ့သည်။
အစ္စလာမ်မာဘတ်၊ စက်တင်ဘာ ၁၆ ရက် (ဆင်ဟွာ) ပါကစ္စတန်နိုင်ငံ တောင်ပိုင်း ကရာချိမြို့၌ စက်တင်ဘာလ ၁၆ ရက်တွင် တာယာထုတ်လုပ်သည့်စက်ရုံတစ်ခု၌ မီးလောင်မှုဖြစ်ပွားခဲ့ရာ အလုပ်သမားများစွာ ပိတ်မိနေခဲ့ကြောင်း ရဲတပ်ဖွဲ့နှင့် ကယ်ဆယ်ရေးသမားများက ပြောကြားခဲ့သည်။
အစ္စလာမ်မာဘတ် ၊ သြဂုတ် ၂၂ ရက်(ဆင်ဟွာ) ရဲကင်းစခန်း တစ်ခုအား သြဂုတ် ၂၁ ရက် ညပိုင်းတွင် မည်သူမည်ဝါမှန်း မသိရသည့် အကြမ်းဖက်သမား တစ်ချို့ ဝင်ရောက် ပစ်ခတ်ခဲ့သဖြင့် အနည်းဆုံး ရဲတပ်ဖွဲ့ဝင် နှစ်ဦး သေဆုံးခဲ့ပြီး အခြားသူများ ဒဏ်ရာ ရရှိခဲ့ကြောင်း အစ္စလာမ် မာဘတ်မြို...