ပေကျင်း၊ ဩဂုတ် ၁၇ ရက် (ဆင်ဟွာ) ယူကရိန်းအကျပ်အတည်း အရှိန်မြင့်တက်ပြီးနောက်ပိုင်း ပထမဆုံးစားနပ်ရိက္ခာထောက်ပံ့ရေးသင်္ဘောကြီးသည် ပင်လယ်နက်ဆိပ်ကမ်းမှ အာဖရိကသို့ ထွက်ခွာသွားပြီဖြစ်ရာ ဂျုံတန်ချိန် ၂၃,၀၀၀ ခန့် တင်ဆောင်သွားကြောင်း ယူကရိန်အခြေခံအဆောက်အအုံရေးရာဌာနက ဩဂုတ် ၁၆ ရက်တွင် ထုတ်ဖော်ပြောကြားခဲ့သည်။ အဆိုပါသင်္ဘောကြီးသည် Pivdennyiဆိပ်ကမ်းမှ ထွက်ခွာပြီး အရှေ့အာဖရိကနိုင်ငံ ဂျီဘူတီသို့ သွားရောက်၍...
မော်စကို၊ သြဂုတ် ၁၇ ရက် (ဆင်ဟွာ) ရုရှားကာကွယ်ရေးဝန်ကြီးဌာနက “Sarmat” တိုက်ချင်းပစ်ပဲ့ထိန်းဒုံးကျည်နှင့် S-500 လေကြောင်းရန် ကာကွယ်ရေး ဒုံးကျည်စနစ် ဝယ်ယူရေးဆိုင်ရာ စာချုပ်ကို သြဂုတ် ၁၆ ရက်တွင် ကျင်းပသည့် နိုင်ငံတကာ စစ်ဘက်ဆိုင်ရာနည်းပညာဖိုရမ် “Army-2022” ၌ လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။
ပေကျင်း၊ ဩဂုတ် ၁၇ ရက် (ဆင်ဟွာ) အနောက်နိုင်ငံများက မိမိ၏ဗိုလ်ကျစိုးမိုးမှုအာဏာကို ထိန်းသိမ်းရန်အတွက် ပဋိပက္ခ ဖန်တီးရန် လိုအပ်ကြောင်း ရုရှားသမ္မတ ပူတင်က ဩဂုတ် ၁၆ ရက်တွင် ပြောကြားခဲ့သည်။ ဇာပိုရေဇီးယား နျူကလီးယားဓါတ်အားပေးစက်ရုံမှ ရုရှားတပ်များ ခြွင်းချက်မရှိ ချက်ချင်း ထွက်ခွာသွားရန် ယူကရိန်းသမ္မတ ဇယ်လန်းစကီးက ဩဂုတ်...
မော်စကို၊ ဩဂုတ် ၁၆ ရက် (ဆင်ဟွာ) တရုတ်အသင်းသည် ရုရှားနိုင်ငံ မော်စကိုမြို့ Alabino လေ့ကျင့်ရေးကွင်း၌ ကျင်းပလျက်ရှိသော ၂၀၂၂ ခုနှစ် နိုင်ငံတကာ စစ်ဘက်ဆိုင်ရာအားကစားပြိုင်ပွဲ (International Army Games 2022)ဆောင်းရာသီ တင့်ကားပွဲစဉ် နှစ်ခု၏ ပထမပွဲစဉ်ကို ဩဂုတ် ၁၄ ရက်တွင် အောင်မြင်စွာ...
မော်စကို၊ ဩဂုတ် ၁၂ ရက် (ဆင်ဟွာ) အနောက်နိုင်ငံများအနေဖြင့် ကမ္ဘာ့ဈေးကွက်များတွင် ရုရှားစားသောက်ကုန်များနှင့် ဓာတ်မြေဩဇာများ မြှင့်တင်မှု အပါအဝင် အစ္စတန်ဘူလ် ဂျုံစေ့၊ ပြောင်းစေ့ သဘောတူညီချက်ကို အပြည့်အဝအကောင်အထည်ဖော်ရေး အထောက်အကူဖြစ်စေရန် ရုရှားနိုင်ငံက တိုက်တွန်းခဲ့ကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းအချက်အလက်နှင့် ပြန်ကြားရေးဌာန လက်ထောက်ညွှန်ကြားရေးမှူး Ivan Nechaev က...
ပေကျင်း၊ သြဂုတ် ၁၁ ရက် (ဆင်ဟွာ) ယူကရိန်းက သြဂုတ် ၄ ရက်မှ စတင်၍ ရုရှားရေနံအား ယူကရိန်း၏ “ချစ်ကြည်ရေး” ရေနံပိုက်လိုင်းမှတစ်ဆင့် ဟန်ဂေရီ၊ ဆလိုဗက်ကီးယားနှင့် ချက်သမ္မတနိုင်ငံများသို့ ရေနံတင်ပို့ခြင်းကို တားမြစ်လိုက်ကြောင်း ရုရှားက သြဂုတ် ၉ ရက်တွင် ပြောကြားခဲ့သည်။ “စားနပ်ရိက္ခာစင်္ကြံ” ဖွင့်လှစ်ပြီး...
မော်စကို၊ ဩဂုတ် ၁၁ ရက် (ဆင်ဟွာ) ဟန်ဂေရီနှင့်ဆလိုဗက်ကီးယားတို့၏ နိုင်ငံဖြတ်ကျော် သယ်ယူပို့ဆောင်မှု အခကြေးငွေပေးချေမှုကို ယူကရိန်းဘက်က အတည်ပြုပြီးနောက် ရုရှားက ယူကရိန်းအားဖြတ်သန်း၍ ဟန်ဂေရီ၊ဆလိုဗက်ကီးယားသို့ သွယ်တန်းထားသော “ချစ်ကြည်ရေး”ရေနံပိုက်လိုင်း တောင်ဘက်လိုင်းကို ဩဂုတ် ၁၀ ရက်၌ ရေနံများပြန်လည်တင်ပို့ခဲ့ကြောင်း Rossiya Segodnya သတင်းအေဂျင်စီ၏ ဖော်ပြချက်များအရ သိရသည်။...
မော်စကို၊ ဩဂုတ် ၉ ရက် (ဆင်ဟွာ) မဟာဗျူဟာမြောက် လက်နက်လျှော့ချရေး စာချုပ်သစ် တပ်ဆင်ပစ္စည်းစိစစ်ရေးယန္တရားမှ ယာယီနုတ်ထွက်ရန် ဆုံးဖြတ်လိုက်ကြောင်းနှင့် ရုရှား၏သက်ဆိုင်ရာတပ်ဆင်ပစ္စည်းများကို သဘောတူညီချက်ပါ သတ်မှတ်ချက်စိစစ်ရေးလှုပ်ရှားမှုမှ နုတ်ထွက်လိုက်ကြောင်းကို ရုရှားဘက်က သံတမန်ရေးလမ်းကြောင်းမှတစ်ဆင့် အမေရိကန်သို့ အကြောင်းကြားပြီးဖြစ်ကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနက ဩဂုတ် ၈ ရက်တွင် ပြောကြားခဲ့သည်။
ကမ္ဘောဒီးယားနိုင်ငံ ဝန်ကြီးချုပ် Samdech Techo Hun Sen သည် အလည်အပတ်ရောက်ရှိနေသော ရုရှားနိုင်ငံခြားရေးဝန်ကြီး Sergey Lavrov နှင့် သြဂုတ် ၄ ရက်က တွေ့ဆုံခဲ့ကာ နှစ်နိုင်ငံဆက်ဆံရေးနှင့်ပတ်သက်၍ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။ (Xinhua) ……………………… (English Version) Cambodian PM Samdech...
ဗလာဒီဗော့စတော့၊ ဩဂုတ် ၃ ရက် (ဆင်ဟွာ) ဇူလိုင် ၃၁ ရက်တွင်ကျရောက်သည့် ရုရှားနိုင်ငံ ရေတပ်နေ့ (Russian Navy Day) ဂုဏ်ပြုပွဲ ၏ တစ်စိတ်တစ်ပိုင်းအဖြစ် စိန့်ပီတာစဘာ့ခ်မြို့တွင် ရုရှားရေတပ်၏ အဓိက စစ်ရေးပြပွဲတစ်ခုကို ကျင်းပခဲ့သည်။ ဗလာဒီဗော့စတော့ကဲ့သို့ အခြားသောအဓိက မြို့ကြီးများတွင်လည်း ထိုကဲ့သို့သော အခမ်းအနား...