မော်စကို၊ ဩဂုတ် ၁၂ ရက် (ဆင်ဟွာ) အနောက်နိုင်ငံများအနေဖြင့် ကမ္ဘာ့ဈေးကွက်များတွင် ရုရှားစားသောက်ကုန်များနှင့် ဓာတ်မြေဩဇာများ မြှင့်တင်မှု အပါအဝင် အစ္စတန်ဘူလ် ဂျုံစေ့၊ ပြောင်းစေ့ သဘောတူညီချက်ကို အပြည့်အဝအကောင်အထည်ဖော်ရေး အထောက်အကူဖြစ်စေရန် ရုရှားနိုင်ငံက တိုက်တွန်းခဲ့ကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းအချက်အလက်နှင့် ပြန်ကြားရေးဌာန လက်ထောက်ညွှန်ကြားရေးမှူး Ivan Nechaev က...
ပေကျင်း၊ သြဂုတ် ၁၁ ရက် (ဆင်ဟွာ) ယူကရိန်းက သြဂုတ် ၄ ရက်မှ စတင်၍ ရုရှားရေနံအား ယူကရိန်း၏ “ချစ်ကြည်ရေး” ရေနံပိုက်လိုင်းမှတစ်ဆင့် ဟန်ဂေရီ၊ ဆလိုဗက်ကီးယားနှင့် ချက်သမ္မတနိုင်ငံများသို့ ရေနံတင်ပို့ခြင်းကို တားမြစ်လိုက်ကြောင်း ရုရှားက သြဂုတ် ၉ ရက်တွင် ပြောကြားခဲ့သည်။ “စားနပ်ရိက္ခာစင်္ကြံ” ဖွင့်လှစ်ပြီး...
မော်စကို၊ ဩဂုတ် ၁၁ ရက် (ဆင်ဟွာ) ဟန်ဂေရီနှင့်ဆလိုဗက်ကီးယားတို့၏ နိုင်ငံဖြတ်ကျော် သယ်ယူပို့ဆောင်မှု အခကြေးငွေပေးချေမှုကို ယူကရိန်းဘက်က အတည်ပြုပြီးနောက် ရုရှားက ယူကရိန်းအားဖြတ်သန်း၍ ဟန်ဂေရီ၊ဆလိုဗက်ကီးယားသို့ သွယ်တန်းထားသော “ချစ်ကြည်ရေး”ရေနံပိုက်လိုင်း တောင်ဘက်လိုင်းကို ဩဂုတ် ၁၀ ရက်၌ ရေနံများပြန်လည်တင်ပို့ခဲ့ကြောင်း Rossiya Segodnya သတင်းအေဂျင်စီ၏ ဖော်ပြချက်များအရ သိရသည်။...
မော်စကို၊ ဩဂုတ် ၉ ရက် (ဆင်ဟွာ) မဟာဗျူဟာမြောက် လက်နက်လျှော့ချရေး စာချုပ်သစ် တပ်ဆင်ပစ္စည်းစိစစ်ရေးယန္တရားမှ ယာယီနုတ်ထွက်ရန် ဆုံးဖြတ်လိုက်ကြောင်းနှင့် ရုရှား၏သက်ဆိုင်ရာတပ်ဆင်ပစ္စည်းများကို သဘောတူညီချက်ပါ သတ်မှတ်ချက်စိစစ်ရေးလှုပ်ရှားမှုမှ နုတ်ထွက်လိုက်ကြောင်းကို ရုရှားဘက်က သံတမန်ရေးလမ်းကြောင်းမှတစ်ဆင့် အမေရိကန်သို့ အကြောင်းကြားပြီးဖြစ်ကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနက ဩဂုတ် ၈ ရက်တွင် ပြောကြားခဲ့သည်။
ကမ္ဘောဒီးယားနိုင်ငံ ဝန်ကြီးချုပ် Samdech Techo Hun Sen သည် အလည်အပတ်ရောက်ရှိနေသော ရုရှားနိုင်ငံခြားရေးဝန်ကြီး Sergey Lavrov နှင့် သြဂုတ် ၄ ရက်က တွေ့ဆုံခဲ့ကာ နှစ်နိုင်ငံဆက်ဆံရေးနှင့်ပတ်သက်၍ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။ (Xinhua) ……………………… (English Version) Cambodian PM Samdech...
ဗလာဒီဗော့စတော့၊ ဩဂုတ် ၃ ရက် (ဆင်ဟွာ) ဇူလိုင် ၃၁ ရက်တွင်ကျရောက်သည့် ရုရှားနိုင်ငံ ရေတပ်နေ့ (Russian Navy Day) ဂုဏ်ပြုပွဲ ၏ တစ်စိတ်တစ်ပိုင်းအဖြစ် စိန့်ပီတာစဘာ့ခ်မြို့တွင် ရုရှားရေတပ်၏ အဓိက စစ်ရေးပြပွဲတစ်ခုကို ကျင်းပခဲ့သည်။ ဗလာဒီဗော့စတော့ကဲ့သို့ အခြားသောအဓိက မြို့ကြီးများတွင်လည်း ထိုကဲ့သို့သော အခမ်းအနား...
ကုလသမဂ္ဂ၊ သြဂုတ် ၄ ရက် (ဆင်ဟွာ) ယူကရိန်းနိုင်ငံ ဒွန်းနက်စ်ဒေသရှိ ယူကရိန်းစစ်သုံ့ပန်းများထိန်းချုပ်ထားသည့် အကျဉ်းထောင် တိုက်ခိုက်ခံရခြင်းနှင့် ပတ်သက်၍ ကုလသမဂ္ဂအချက်အလက်ရှာဖွေစစ်ဆေးရေးအဖွဲ့ကို ဖွဲ့စည်းရန်ဆုံးဖြတ်လိုက်ကြောင်း ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် ဂူတာရက်စ်က သြဂုတ် ၃ ရက်တွင် ပြောကြားခဲ့သည်။ ဒွန်းနက်စ်ဒေသ Olenivka ရှိ ယူကရိန်းစစ်သုံ့ပန်းများထိန်းချုပ်ရာ အကျဉ်းထောင်တစ်ခုသည် ဇူလိုင်...
မော်စကို၊ ဩဂုတ် ၂ ရက် (ဆင်ဟွာ) နျူကလီးယားစစ်ပွဲတွင် အောင်နိုင်သူရှိမည်မဟုတ်သလို နျူကလီးယားစစ်ပွဲလည်း မဖြစ်ပွားသင့်ကြောင်း ရုရှားနိုင်ငံ သမ္မတ ပူတင်က ဩဂုတ် ၁ ရက်တွင် ပြောကြားခဲ့သည်။ ရုရှားအနေဖြင့် နျူကလီးယားစစ်ပွဲ၌ အောင်နိုင်သူမရှိသလို နျူကလီးယားစစ်လည်း မဖြစ်ပွားသင့်ဟုယူဆကြောင်း၊ နိုင်ငံတကာအသိုက်အဝန်းအဖွဲ့ဝင်အားလုံးတွင် တန်းတူညီမျှနှင့်ခွဲခြားမရသောလုံခြုံရေးရှိရန် တိုက်တွန်းကြောင်း ပူတင်က 《နျူကလီးယား...
အစ္စတန်ဘူလ်၊ သြဂုတ် ၂ ရက် (ဆင်ဟွာ) ယူကရိန်းနိုင်ငံမှ ထွက်ခွာလာသည့် ပထမဆုံး စားနပ်ရိက္ခာတင်သင်္ဘောသည် သြဂုတ် ၃ ရက်တွင် တူရကီနိုင်ငံ၏ အကြီးဆုံးမြို့ဖြစ်သည့် အစ္စတန်ဘူလ်မြို့တွင် ဆိုက်ကပ်မည်ဖြစ်ပြီး သင်္ဘောအား ပူးတွဲစစ်ဆေးမှု ပြုလုပ်သွားမည်ဖြစ်ကြောင်း တူရကီနိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာနက သြဂုတ် ၁ ရက်တွင် ကြေညာချက် ထုတ်ပြန်ခဲ့သည်။
ကုလသမဂ္ဂ၊ ဇူလိုင် ၃၀ ရက် (ဆင်ဟွာ) အားတက်စရာဖြစ်သည့် စားနပ်ရိက္ခာဆိုင်ရာ သဘောတူညီချက် ရရှိသွားပြီဖြစ်သော်လည်း ရုရှားနှင့်ယူကရိန်း၏ ပဋိပက္ခမှာ ချုပ်ငြိမ်းရန် အရိပ်အယောင် မရှိသေးကြောင်း ကုလသမဂ္ဂ နိုင်ငံရေးနှင့် ငြိမ်းချမ်းရေးထိန်းသိမ်းမှုရေးရာ လက်ထောက်အထွေထွေအတွင်းရေးမှူးချုပ် Rosemary DiCarlo က ဇူလိုင် ၂၉ ရက်တွင် ပြောကြားခဲ့သည်။ DiCarlo...