နယူးယောက်၊ မတ် ၂၁ ရက်(ဆင်ဟွာ) ရုရှား-ယူကရိန်း အပစ်ခတ်ရပ်စဲရေးဆွေးနွေးမှု အရေးကြီးအပိုင်း တိုးတက်မှုရရှိခဲ့ကြောင်း၊ သို့သော်လည်း အချို့ကိစ္စရပ်များတွင် နှစ်နိုင်ငံ ခေါင်းဆောင်အဆင့်က ဆုံးဖြတ်ရန်လိုအပ်ဆဲဖြစ်ကြောင်း တူရကီနိုင်ငံခြားရေးဝန်ကြီး Mevlüt Çavuşoğluက မတ် ၂၀ ရက်တွင် ပြောကြားခဲ့သည်။ မရီဥပိုလ်တွင် အရပ်သားများဘေးလွတ်ရာသို့ စနစ်တကျ ထွက်ခွာရန်နှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အထောက်အပံ့ပစ္စည်းများ...
ကိဗ်၊ မတ် ၁၉ ရက် (ဆင်ဟွာ) ရုရှားနိုင်ငံနှင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲများအတွင်း ယူကရိန်းနိုင်ငံ၏ ရပ်တည်ချက်မှာ အပြောင်းအလဲမရှိကြောင်း ယူကရိန်း သမ္မတအကြံပေး Mykhailo Podolyak က မတ် ၁၈ ရက်၌ ပြောကြားခဲ့သည်။
ဝါရှင်တန်၊ မတ် ၁၈ ရက် (ဆင်ဟွာ) ရုရှားနိုင်ငံ ပုံမှန်ကုန်သွယ်မှုဆက်ဆံရေးအား ဆိုင်းငံ့ရေးအတွက် အမေရိကန်အောက်လွှတ်တော် ကိုယ်စားလှယ်များက မတ် ၁၇ ရက်တွင် မဲပေးဆုံးဖြတ်ခဲ့ပြီးနောက် အမေရိကန်အစိုးရက ရုရှားကုန်စည်များအပေါ် စည်းကြပ်ခွန်အား ပိုမိုမြင့်မားစွာ သတ်မှတ်နိုင်ရန် လမ်းဖွင့်ပေးလိုက်ခြင်း ဖြစ်ကြောင်း သိရသည်။
နယူးယောက်၊ မတ် ၁၈ ရက်(ဆင်ဟွာ) တူရကီနိုင်ငံ သမ္မတ အာဒိုဂန်က မတ် ၁၇ ရက်တွင် ရုရှားနိုင်ငံ သမ္မတ ပူတင်နှင့် ဖုန်းဖြင့်ဆက်သွယ်ဆွေးနွေးခဲ့ရာ ပူတင်နှင့် ယူကရိန်းသမ္မတ ဇယ်လန်းစကီးတို့ တူရကီ၌ တွေ့ဆုံဆွေးနွေးကြရန် ထပ်မံအဆိုပြုခဲ့သည်။ ယူကရိန်းနိုင်ငံခြားရေးဝန်ကြီး Dmytro Kuleba က ယူကရိန်း-ရုရှား ခေါင်းဆောင်များ...
ဘေရွတ်၊ မတ် ၁၇ ရက် (ဆင်ဟွာ) ရုရှားနိုင်ငံ က ယူကရိန်းနိုင်ငံသို့ အထူးစစ်ဆင်ရေးစတင်ဆင်နွှဲစဉ်ကတည်းက အနောက်နိုင်ငံများသည် ရုရှားနိုင်ငံအပေါ် ဒဏ်ခတ်ပိတ်ဆို့မှုများကို ဆက်တိုက်လုပ်ဆောင်ခဲ့သည်။ ထိုသို့လုပ်ဆောင်ရာတွင် ကြီးမားသည့် အကျိုးသက်ရောက်မှုများနှင့် မမျှော်လင့်နိုင်သည့် အကျိုးဆက်များဖြစ်ပေါ်လာနိုင်ကြောင်း လေ့လာသူများက သတိပေးခဲ့ကြပြီး အချို့က အမေရိကန် နိုင်ငံ၏ ဒဏ်ခတ် ပိတ်ဆို့မှုများသည် ရုရှားနိုင်ငံ၏...
နယူးယောက်၊ မတ် ၁၇ ရက် (ဆင်ဟွာ) အနောက်နိုင်ငံများက ရုရှားအပေါ် ချမှတ်ထားသော ပိတ်ဆို့အရေးယူမှုများသည် ကမ္ဘာ့စီးပွားရေးကို ဆိုးရွားစွာ ထိခိုက်စေကြောင်း ရုရှားသမ္မတ ဗလာတီမာပူတင်က မတ် ၁၆ ရက်တွင် ပြောကြားခဲ့သည်။ ယူကရိန်းနှင့် ရုရှားခေါင်းဆောင်များက လာမည့်ရက်များတွင် အပစ်ခတ်ရပ်ဆိုင်းရေးစာချုပ်နှင့် ပတ်သက်၍ တိုက်ရိုက်ဆွေးနွေးနိုင်ဖွယ်ရှိကြောင်း ယူကရိန်းညှိနှိုင်းရေးကိုယ်စားလှယ်နှင့် သမ္မတအကြံပေး...
ကိဗ် ၊ မတ် ၁၇ ရက်(ဆင်ဟွာ) ယူကရိန်းနိုင်ငံသမ္မတဇယ်လန်းစကီး နှင့် ရုရှားနိုင်ငံသမ္မတဗလာတီမာပူတင်တို့ သည် လာမည့်ရက်များတွင် ဆွေးနွေးဖွယ်ရှိကြောင်း ယူကရိန်းသမ္မတအကြံပေး Mykhailo Podolyak ၏ ပြောကြားချက်ကို ကိုးကား၍ ယူကရိန်းနိုင်ငံပိုင် Ukrinform သတင်းအေဂျင်စီက မတ် ၁၆ ရက်၌ သတင်းဖော်ပြခဲ့သည်။
ပေကျင်း ၊ မတ် ၁၆ ရက် (ဆင်ဟွာ) ယူကရိန်းနှင့် ရုရှားအကြား ဆွေးနွေးမှုများကို မတ် ၁၆ ရက်တွင် ဆက်လက် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ယူကရိန်း ညှိနှိုင်းရေးကိုယ်စားလှယ် Podoljak က မတ် ၁၅ ရက်တွင် ပြောကြားခဲ့သည်။
မော်စကို ၊ မတ် ၁၆ ရက်(ဆင်ဟွာ) အမေရိကန်နိုင်ငံသမ္မတဂျိုးဘိုင်ဒန် ၊ နိုင်ငံခြားရေးဝန်ကြီးအန်တိုနီဘလင်ကန် နှင့် ကာကွယ်ရေးဝန်ကြီးလွိုင်အော်စတင်း တို့အပါအဝင် အမေရိကန်အဆင့်မြင့်အရာရှိကြီးများကို ပစ်မှတ်ထား၍ ဒဏ်ခတ်ပိတ်ဆို့မှုများ ပြုလုပ်လိုက်ကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနက မတ် ၁၅ ရက်တွင် ထုတ်ပြန်ကြေညာခဲ့သည်။
မော်စကို၊ မတ် ၁၅ ရက် (ဆင်ဟွာ) ရုရှားနှင့် ယူကရိန်းအကြား စေ့စပ်ညှိနှိုင်းမှုများကို နေ့စဉ်ပြုလုပ်လျက်ရှိကြောင်း ရုရှားကိုယ်စားလှယ်အဖွဲ့၏ အကြီးအကဲနှင့် ရုရှားသမ္မတ၏ လက်ထောက်ဖြစ်သူ ဗလာတီမာမင်စကီးက မတ် ၁၄ ရက်တွင် ပြောကြားခဲ့သည်။