ဝါရှင်တန်၊ မတ် ၉ ရက် (ဆင်ဟွာ) မြောက်အန္တလန္တိတ်စာချုပ်ဝင်နိုင်ငံများအဖွဲ့ (NATO) အဖွဲ့ဝင်နိုင်ငံများသည် စစ်ဝါဒီဆန်ဆန် စီမံကိန်းများ ဆက်လက်ဆောင်ရွက်သွားရန် ယူကရိန်းနိုင်ငံ ပဋိပက္ခကို အသုံးချလျက်ရှိကြောင်း အမေရိကန်မီဒီယာ သတင်းအရ သိရသည်။
မော်စကို၊ မတ် ၉ ရက် (ဆင်ဟွာ) ယူကရိန်းနိုင်ငံမှ အာဏာပိုင်များသည် နိုင်ငံအတွင်း အမေရိကန်၏ ရန်ပုံငွေဖြင့်တည်ဆောက်ထားသော ဓာတ်ခွဲခန်းများ၌ ထိန်းသိမ်းထားသည့် လူကိုသေစေနိုင်သော ရောဂါများဖြစ်ပွားစေသည့် အန္တရာယ်ရှိရောဂါကူးစက်ပစ္စည်းများကို ဖျက်ဆီးခဲ့ကြောင်း ရုရှား နိုင်ငံခြားရေးဝန်ကြီးဌာနက မတ် ၈ ရက်၌ အတည်ပြုပြောကြားခဲ့သည်။
နယူးယောက် ၊ မတ် ၉ ရက်(ဆင်ဟွာ) ရုရှားနိုင်ငံမှ လောင်စာစွမ်းအင်တင်သွင်းမှုများကို ပိတ်ပင်တားမြစ်ကြောင်း အမေရိကန်နိုင်ငံက ကြေညာလိုက်ခြင်းကြောင့် မတ် ၈ ရက်တွင် ဆီဈေးနှုန်း ခုန်တက်သွားခဲ့ကြောင်း သိရသည်။
ဘရပ်ဆဲလ်၊ မတ် ၈ ရက် (ဆင်ဟွာ) ဥရောပသမဂ္ဂ (EU) အနေဖြင့် ဓာတ်ငွေ့၊ ရေနံနှင့် ကျောက်မီးသွေးများကို ရုရှားနိုင်ငံအပေါ် အမှီပြုနေခြင်းကို လျှော့ချမည့် နည်းလမ်းများ ရှာဖွေလျက်ရှိကြောင်း ဥရောပကော်မရှင် ဥက္ကဋ္ဌ Ursula von der Leyen က မတ် ၇ ရက်၌...
မော်စကို ၊ မင့်ခ် ၊ မတ် ၈ ရက်(ဆင်ဟွာ) ဘီလာရုဇ်နိုင်ငံ၌ မတ် ၇ ရက်တွင် ပြုလုပ်ခဲ့သည့် ရုရှားနိုင်ငံ နှင့် ယူကရိန်းနိုင်ငံ ကိုယ်စားလှယ်များအကြား တတိယအကြိမ် ငြိမ်းချမ်းရေးဆွေးနွေးပွဲသည် အရေးပါသော အောင်မြင်မှုရလဒ်များ မရရှိဘဲ ပြီးဆုံးသွားခဲ့ရကြောင်း သိရသည်။ “ နိုင်ငံရေး နဲ့...
ကိဗ်၊ မတ် ၇ ရက် (ဆင်ဟွာ) နေတိုးအဖွဲ့ဝင်နိုင်ငံများက အဖွဲ့အတွင်း ယူကရိန်းပါဝင်ရေး ဆွေးနွေးရန် မပြင်ဆင်ထားကြောင်းနှင့် ကိဗ်က “နေတိုးပုံစံ မဟုတ်သော”ဆွေးနွေးမှုအတွက် အသင့်ပြင်ထားကြောင်း Fox Newsက မတ် ၆ ရက်(တနင်္ဂနွေနေ့)တွင် ဖော်ပြခဲ့သည်။ “နေတိုးအဖွဲ့ဝင်နိုင်ငံတွေရဲ့တုန့်ပြန်မှုက နေတိုးအဖွဲ့ထဲ ကျွန်တော်တို့ ပါဝင်မှုကို ဆွေးနွေးဖို့ သူ့တို့...
ပေကျင်း၊ မတ် ၇ ရက် (ဆင်ဟွာ) ယူကရိန်းဘက်က တိုက်ခိုက်မှုများ ရပ်တန့်ပြီး ရုရှား၏တောင်းဆိုချက်ကို ဖြည့်ဆည်းမှသာ အထူးစစ်ဆင်ရေးလှုပ်ရှားမှု ယာယီရပ်တန့်နိုင်မည် ဖြစ်ကြောင်း ရုရှား သမ္မတ ပူတင်က မတ် ၆ ရက်တွင် ပြောကြားခဲ့သည်။ အမေရိကန်အစိုးရက ယူကရိန်း လုံခြုံရေး၊ လူသားချင်းစာနာထောက်ထားမှုနှင့်စီးပွားရေးအကူအညီများကို အားဖြည့်ဆောင်ရွက်နေကြောင်း အမေရိကန်...
ပြုံယမ်း ၊ မတ် ၆ ရက်(ဆင်ဟွာ) မြောက်ကိုရီးယားနိုင်ငံ(DPRK) က မတ် ၅ ရက်တွင် ” စစ်ဘက်ဆိုင်ရာထောက်လှမ်းရေးဂြိုဟ်တု” တစ်စင်းကို စမ်းသပ်လွှတ်တင်ခဲ့ကြောင်း မြောက်ကိုရီးယားနိုင်ငံပိုင် (KCNA) သတင်းဌာနက ယနေ့ မတ် ၆ ရက်တွင် သတင်းထုတ်ပြန်ခဲ့သည်။ အဆိုပါစမ်းသပ်မှုကို အမျိုးသားအာကာသဖွံ့ဖြိုးတိုးတက်ရေးစီမံခန့်ခွဲမှုဌာန(NADA) နှင့် ကာကွယ်ရေးသိပ္ပံအကယ်ဒမီက...
မော်စကို ၊ မတ် ၆ ရက်(ဆင်ဟွာ) ယူကရိန်းနိုင်ငံ၏ စစ်လက်နက်သိုလှောင်ရုံများ ၊ ခဲယမ်းမီးကျောက်များ ၊ လေကြောင်းပို့ဆောင်ရေး နှင့် လေကြောင်းရန်ကာကွယ်ရေးစနစ်များအပါအဝင် ၎င်းတို့၏ စစ်ဘက်ဆိုင်ရာအခြေခံအဆောက်အဦများအား ချေမှုန်းဖျက်ဆီးသည့် ရုရှားနိုင်ငံကပြုလုပ်လျက်ရှိသော စစ်ဆင်ရေးလုပ်ငန်းစဉ်မှာ “ လုံးဝပြီးစီးလုနီးပါး” ဖြစ်ပြီဟု သမ္မတပူတင်က မတ် ၅ ရက်တွင်ပြောကြားလိုက်သည်။
မော်စကို၊ မတ် ၅ ရက် (ဆင်ဟွာ) ရုရှားနိုင်ငံ တပ်ဖွဲ့များက ယူကရိန်းနိုင်ငံတွင် လူသားချင်းစာနာထောက်ထားမှု စင်္ကြံများမှတစ်ဆင့် အရပ်သားများအား ဘေးလွတ်ရာရွှေ့ပြောင်းရေး အဆင်ပြေချောမွေ့စေရန် မတ် ၅ ရက် မော်စကိုစံတော်ချိန် နံနက် ၁၀:၀၀ နာရီမှစတင်၍ အပစ်အခတ်ရပ်စဲရေးကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရုရှား ကာကွယ်ရေးဝန်ကြီးဌာနက ကြေညာခဲ့သည်။