ပေကျင်း၊ မတ် ၅ ရက် (ဆင်ဟွာ) ယူကရိန်းနိုင်ငံနှင့် ရုရှားနိုင်ငံ ကိုယ်စားလှယ်အဖွဲ့များအကြား တတိယအကြိမ် ဆွေးနွေးပွဲကို မတ် ၅ ရက် သို့မဟုတ် ၆ ရက်တွင် ကျင်းပသွားမည်ဖြစ်ကြောင်း ယူကရိန်း သမ္မတရုံး အကြံပေး Mykhailo Podolyak က မတ် ၄ ရက်တွင်...
ဝါရှင်တန်၊ မတ် ၄ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံနှင့် ရုရှားနိုင်ငံတို့သည် လက်ရှိဖြစ်ပွားနေသော ရုရှား-ယူကရိန်း စစ်ရေးပဋိပက္ခအတွင်း မှားယွင်းတွက်ချက်မှုမဖြစ်စေရန် ရည်ရွယ်၍ စစ်ဘက်ဆိုင်ရာ အရေးပေါ်လိုင်းတစ်ခု ထူထောင်လိုက်ကြောင်း အမေရိကန် မီဒီယာက မတ် ၃ ရက်၌ သတင်းဖော်ပြထားသည်။
ပေကျင်း၊ မတ် ၄ ရက် (ဆင်ဟွာ) ယူကရိန်းနိုင်ငံ အရေးကိစ္စနှင့် ပတ်သက်၍ အနောက်တိုင်းမီဒီယာမှ တရုတ်နိုင်ငံနှင့် ဆက်စပ်ရေးသားဖော်ပြထားသည့် သတင်းအချက်အလက်များသည် အတုအယောင်ချည်းသာဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဝမ်းဝန်ပင်းက မတ် ၃ ရက်တွင် ပြောကြားခဲ့သည်။ ယူကရိန်း အကျပ်အတည်းကို အစပြုသူများအနေဖြင့် ယူကရိန်းအကျပ်အတည်းအတွင်း မည်သည့်အခန်းကဏ္ဍမှ ပါဝင်နေသည်ကို...
မော်စကို၊ မတ် ၄ ရက် (ဆင်ဟွာ) ရုရှားနိုင်ငံအနေဖြင့် နိုင်ငံပေါင်းစုံနှင့်အတူ အရပ်သားများကို ယူကရိန်းမှထွက်ခွာရန် ကူညီသွားလိုကြောင်း ရုရှား အမျိုးသားကာကွယ်ရေး စီမံခန့်ခွဲမှုစင်တာ တာဝန်ရှိသူ Mikhail Minzintsev က မတ် ၂ ရက်တွင် ပြောကြားခဲ့သည်။
ကိဗ်၊ မော်စကို၊ မတ် ၄ ရက် (ဆင်ဟွာ) ရုရှားနိုင်ငံနှင့် ယူကရိန်းနိုင်ငံတို့က ဘီလာရုစ်နိုင်ငံတွင် မတ် ၃ ရက်က ဒုတိယအကြိမ်ဆွေးနွေးမှုများအတွင်း အရပ်သားများအား ဘေးလွတ်ရာသို့ ရွှေ့ပြောင်းရေး လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ စင်္ကြံများ စီစဉ်ရန် သဘောတူခဲ့ကြကြောင်း ယူကရိန်း သမ္မတ အကြံပေး Mykhailo Podoliak က...
ကုလသမဂ္ဂ၊ မတ် ၃ ရက် (ဆင်ဟွာ) ရုရှား-ယူကရိန်း ပဋိပက္ခကြောင့် ယူကရိန်းပြည်သူများစွာ ရွှေ့ပြောင်းနေရပြီး မြေစာပင်ဖြစ်ခဲ့ရသည့် ပြည်သူများနှင့် အဖွဲ့အစည်းများအားလုံးကို တားဆီးမှုမရှိသော အကူအညီများပေးနိုင်ရန် ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတားရက်စ်က ပြီးခဲ့သည့် အင်္ဂါနေ့ (မတ်လ ၂ ရက်တွင်) တောင်းဆိုလိုက်သည်။ ဆင်ဟွာသတင်းထောက်များက မြေပြင်မှ သတင်းပေးပို့မှုများနှင့်...
ကိဗ်၊ မတ် ၃ ရက် (ဆင်ဟွာ) ယူကရိန်းနိုင်ငံခြားရေးဝန်ကြီး Dmytro Kuleba နှင့် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken တို့သည် ရုရှားနိုင်ငံအပေါ် ပိတ်ဆို့အရေးယူမှုအသစ်များကို ဖုန်းဖြင့်ပြောဆိုဆွေးနွေးခဲ့ကြကြောင်း ယူကရိန်းနိုင်ငံခြားရေးဝန်ကြီးဌာန Facebook တွင် မတ် ၂ ရက်က သတင်းထုတ်ပြန်ခဲ့သည်။ . Kuleba နှင့်...
ဂျီနီဗာ ၊ မတ် ၃ ရက်(ဆင်ဟွာ) လက်ရှိဖြစ်ပွားနေသော ရုရှား-ယူကရိန်းပဋိပက္ခကြောင့် COVID-19 ရောဂါကူးစက်မှုသည် အလွန်မြင့်တက်လာနိုင်ကြောင်း နှင့် အရေအတွက်များစွာသော ပြည်သူများအတွက် ပြင်းထန်သောရောဂါကူးစက်မှု အန္တရာယ်ကို မြင့်တက်စေကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO) က မတ် ၂ ရက်တွင် သတိပေးပြောကြားခဲ့သည်။ “ ယူကရိန်းနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ လူသားချင်းစာနာထောက်ထားမှုအရေးပေါ်အခြေအနေအပေါ်...
မော်စကို၊ မတ် ၃ ရက် (ဆင်ဟွာ) အထူးစစ်ဆင်ရေးအတွင်း ရုရှားတပ်ဖွဲ့ဝင် ၄၉၈ ဦးကျဆုံးခဲ့ကြောင်းနှင့် ယူကရိန်းစစ်တပ်တွင် ကျဆုံးသူ ၂၈၇၀ ကျော်ရှိကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Konashenkov က မတ် ၂ ရက်ညပိုင်းတွင် ကြေညာချက်ထုတ်ပြန်ခဲ့သည်။ ရုရှားကာကွယ်ရေးဝန်ကြီးဌာန ဝက်ဘ်ဆိုဒ်မှ ထုတ်ပြန်သော သတင်းအရ အထူးစစ်ဆင်ရေးအတွင်း...
မော်စကို၊ ကိဗ်၊ မတ် ၂ ရက် (ဆင်ဟွာ) ယူကရိန်းနိုင်ငံတွင် ရုရှားနိုင်ငံ၏ အထူးစစ်ရေး စစ်ဆင်ရေးပြုလုပ်နေသည်မှာ သတ္တမမြောက်နေ့သို့ ဝင်ရောက်လာကာ ငြိမ်းချမ်းရေး ဆွေးနွေးပွဲများ ထပ်မံကျင်းပရန် ရှိနေသည့်ကြားမှပင် တိုက်ခိုက်မှုများ ဆက်လက် ဖြစ်ပွားနေကြောင်း သိရသည်။