နန်ချန်းရေယာဉ်၊ အောက်တိုဘာ ၂၅ ရက်(ဆင်ဟွာ) တရုတ်-ရုရှား ပင်လယ်ပြင် ပူးတွဲ ကင်းလှည့်အဖွဲ့သည် အောက်တိုဘာ ၂၃ ရက် ညနေပိုင်းက အရှေ့တရုတ်ပင်လယ်ပြင် အရှေ့ပိုင်းရေပြင် ကင်းလှည့်မှုပြီးဆုံးခြင်း အခမ်းအနား ကျင်းပခဲ့သည်။ နှစ်နိုင်ငံ ရေယာဉ်သင်္ဘောအုပ်စုသည် ၇ ရက်ကြာ ပူးတွဲကင်းလှည့်မှုအပြီး အစီအစဉ်အတိုင်း လမ်းခွဲခဲ့ကြရာ တရုတ်-ရုရှား ပထမဆုံးအကြိမ်...
မော်စကို၊ အောက်တိုဘာ ၂၂ ရက်(ဆင်ဟွာ) နေတိုးဆိုင်ရာ ရုရှားသံတမန်များကို နှင်ထုတ်ပြီးမှ လုံခြုံရေးဆိုင်ရာ တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ရန် ပြင်ဆင်နေသည်ဟူသော နေတိုး၏ ပြောကြားချက်သည် “လုံးဝအဓိပ္ပါယ်မဲ့”ကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Zakharovaက အောက်တိုဘာ ၂၁ ရက်တွင် ပြောကြားခဲ့သည်။
မော်စကို ၊ အောက်တိုဘာ ၂၂ ရက်(ဆင်ဟွာ) ရုရှား-တရုတ် မိတ်ဖက်ဆက်ဆံရေးသည် အခြားမည်သည့်နိုင်ငံကိုမျှ တိုက်ရိုက်ဆန့်ကျင်ရန်မဟုတ်ကြောင်း နှင့် နှစ်နိုင်ငံစလုံး၏ အကျိုးစီးပွားအတွက်သာ ဖြစ်ကြောင်း ရုရှားနိုင်ငံသမ္မတဗလာတီမာပူတင်က ဆိုချီမြို့(Sochi) ၌ အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ဖော် ပြောကြားခဲ့သည်။
မော်စကို၊ အောက်တိုဘာ ၂၁ ရက် (ဆင်ဟွာ) ရုရှားနိုင်ငံ သမ္မတ ဗလာဒီမာပူတင်က ကိုဗစ်-၁၉ ရောဂါကူးစက်မှုများနှင့် ဆက်စပ်သောသေဆုံးမှုများ မြင့်တက်လာခြင်းကို တားဆီးရန် အောက်တိုဘာ ၃၀ ရက်မှ နိုဝင်ဘာ ၇ ရက်အထိ နိုင်ငံတစ်ဝန်း အလုပ်လုပ်ရက်မဟုတ်သောနေ့များတွင် လစာပေးထားခြင်းစတင်ရန် အဆိုပြုချက်ကို ထောက်ခံကြောင်း အောက်တိုဘာ ၂၀...
ဘရပ်ဆဲလ် ၊ အောက်တိုဘာ ၂၁ ရက်(ဆင်ဟွာ) ရုရှားနိုင်ငံက မြောက်အတ္တလန္တိတ်မဟာမိတ်အဖွဲ့(NATO) သို့စေလွှတ်ထားသော ၎င်း၏ သံကိုယ်စားလှယ်အဖွဲ့ကို ဆိုင်းငံ့ရန် နှင့် မော်စကိုမြို့ရှိ နေတိုးမဟာမိတ်ရုံးများအား ပိတ်ပစ်ရန် ဆုံးဖြတ်ထားလင့်ကစား နေတိုးအနေဖြင့် ရုရှားနိုင်ငံနှင့်အတူ စေ့စပ်ညှိနှိုင်းရန် လမ်းကြောင်းများကို ဆက်လက်ရှာဖွေသွားမည်ဖြစ်ကြောင်း နေတိုး(NATO)အတွင်းရေးမှူးချုပ် Jens Stoltenberg က အောက်တိုဘာ...
ဝါရှင်တန်၊ အောက်တိုဘာ ၁၉ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံ အနေဖြင့် ယခုသီတင်းပတ်တွင် ရုရှားနိုင်ငံက ဦးစီးကျင်းပသည့် အာဖဂန်နစ္စတန်နိုင်ငံဆိုင်ရာ ဆွေးနွေးပွဲများ၌ ပါဝင်မည်မဟုတ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက အောက်တိုဘာ ၁၈ ရက်က ပြောကြားခဲ့သည်။ “ကျွန်တော်တို့ မော်စကိုဆွေးနွေးပွဲမှာ ပါဝင်မှာမဟုတ်ပါဘူး။ Troika-plus က ထိရောက်မှုရှိပြီး အပြုသဘောဆောင်တဲ့ ဖိုရမ်တစ်ခုဖြစ်ပါတယ်။...
မော်စကို၊ အောက်တိုဘာ ၁၉ ရက် (ဆင်ဟွာ) စစ်ဘက်ဆိုင်ရာကိုယ်စားလှယ်အကြီးအကဲ၏လုပ်ငန်းများအပါအဝင် နေတိုး (NATO) အခြေစိုက် ရုရှားကိုယ်စားလှယ်ရုံး၏ လုပ်ငန်းများကို နိုဝင်ဘာ ၁ ရက်နေ့မှစပြီး ခေတ္တရပ်နားမည်ဖြစ်ကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီး Sergey Lavrov က အောက်တိုဘာ ၁၈ ရက်တွင် ကြေညာခဲ့သည်။ တစ်ချိန်တည်းမှာပင် မော်စကိုရှိ နေတိုးစစ်ဘက်ဆက်ဆံရေးရုံး၏...
အန်ကာရာ၊ အောက်တိုဘာ ၁၄ ရက် (ဆင်ဟွာ) ရုရှားနှင့် အမေရိကန်တို့သည် ကာ့ဒ်ပြည်သူကာကွယ်ရေးတပ် (YPG) စစ်သွေးကြွများအား ထိန်းချုပ်၍ ဆီးရီးယားမြောက်ပိုင်း နယ်စပ်နှင့်ဝေးရာသို့ ပို့ဆောင်မည်ပေးမည်ဟူသော ၎င်းတို့၏ ကတိအား ပျက်ကွက်ခဲ့ကြောင်း တူရကီနိုင်ငံခြားရေးဝန်ကြီးက အောက်တိုဘာ ၁၃ ရက်တွင် စွပ်စွဲလိုက်သည်။
မော်စကို၊ အောက်တိုဘာ ၁၂ ရက် (ဆင်ဟွာ) ရုရှားနိုင်ငံသမ္မတ ဗလာဒီမာပူတင် (Vladimir Putin)၊ ဂျာမနီနိုင်ငံဝန်ကြီးချုပ် အိန်ဂျလာမာကဲလ် (Angela Merkel) နှင့် ပြင်သစ်နိုင်ငံသမ္မတ အီမန်နျူရယ် မက်ခရွန် (Emmanuel Macron) တို့ သည် ယူကရိန်းအရေးနှင့် ပတ်သက်၍ တယ်လီဖုန်းဖြင့် ဆွေးနွေးခဲ့ကြကြောင်း ကရင်မလင်နန်းတော်က...
မော်စကို ၊ အောက်တိုဘာ ၁၁ ရက်(ဆင်ဟွာ) ရုရှားနိုင်ငံ Orenburg ဒေသတွင် ပြီးခဲ့သောရက်သတ္တပတ်အစောပိုင်းအတွင်း အရက်တုသောက်သုံးမိရာမှ စုစုပေါင်း လူ ၆၄ ဦး အဆိပ်သင့်ခဲ့ကြောင်း နှင့် ၎င်းတို့အနက် ၃၂ ဦးသေဆုံးသွားကြောင်း TASS သတင်းဌာနက တနင်္ဂနွေနေ့တွင် ဖော်ပြခဲ့သည်။ အရက်အဆိပ်သင့်ခဲ့သူများထဲမှ ၂၅ ဦးကို...