ရာမာလာ၊ စက်တင်ဘာ ၇ ရက် (ဆင်ဟွာ) အစ္စရေးစစ်တပ်က ဂျော်ဒန်မြစ် အနောက်ဘက်ကမ်းဒေသရှိ ဂျီနင်မြို့တွင် ၁၀ ရက်ကြာ စစ်ဆင်ရေးလုပ်ဆောင်မှုအတွင်း လူ ၂၁ ဦး သေဆုံးခဲ့ပြီးနောက် စက်တင်ဘာ ၆ ရက်တွင် တပ်ဖွဲ့ဝင်များကို ရုပ်သိမ်းခဲ့ကြောင်း ပါလက်စတိုင်းနှင့် အစ္စရေး သတင်းရင်းမြစ်များ၏ ပြောကြားချက်အရ သိရသည်။...
ဂါဇာ၊ စက်တင်ဘာ ၁ ရက် (ဆင်ဟွာ) ဂါဇာကမ်းမြောင်ဒေသနေရာအများအပြားကို အစ္စရေးစစ်တပ်က ဩဂုတ် ၃၁ ရက်တွင် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ပါလက်စတိုင်း ၂၉ ဦး သေဆုံးခဲ့ကြောင်း ပါလက်စတိုင်းသတင်းအေဂျင်စီ၏ ယင်းနေ့ သတင်းဖော်ပြချက်များအရ သိရသည်။
ဂျေရုဆလမ်၊ ဩဂုတ် ၃၁ ရက် (ဆင်ဟွာ) အစ္စရေးသိမ်းပိုက်ခံ အနောက်ဘက်ကမ်းဒေသ၌ လအတန်ကြာအတွင်း အကြီးမားဆုံး စစ်ဆင်ရေးတစ်ရပ်ကို တတိယမြောက်နေ့အဖြစ် လုပ်ဆောင်စဉ်အတွင်း ဂျီနင်မြို့ရှိ ဟားမက်စ်အဖွဲ့၏ တပ်မှူးကို သုတ်သင်ခဲ့ကြောင်း အစ္စရေးနိုင်ငံက ဩဂုတ် ၃၀ ရက်တွင် ကြေညာခဲ့သည်။ ယင်းကဲ့သို့ သုတ်သင်ခဲ့သူမှာ ဝါဆမ်ဟာဇမ်ဟု အမည်ရသော ဟားမက်စ်တပ်မှူးဖြစ်ကြောင်း...
ရာမာလာ၊ ဩဂုတ် ၃၁ ရက် (ဆင်ဟွာ) အစ္စရေးစစ်တပ်က ဩဂုတ် ၂၈ ရက်မှစ၍ ဂျော်ဒန်မြစ် အနောက်ဖက်ကမ်းတွင် စစ်ရေးလှုပ်ရှားမှုများကြောင့် ပါလက်စတိုင်း ၂၀ ဦး သေဆုံးခဲ့ကြောင်း ပါလက်စတိုင်း ကျန်းမာရေးဝန်ကြီးဌာနက ဩဂုတ် ၃၀ ရက်တွင် ကြေညာချက်ထုတ်ပြန်ပြောကြားခဲ့သည်။ အစ္စရေးစစ်တပ်က ဩဂုတ် ၃၀ ရက်တွင်...
ကုလသမဂ္ဂ၊ ဩဂုတ် ၃၀ ရက် (ဆင်ဟွာ) အနောက်ဘက်ကမ်းဒေသ၌ အစ္စရေးနိုင်ငံ၏ စစ်ဆင်ရေးများ ချက်ချင်းရပ်ရန် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်က တိုက်တွန်းခဲ့ကြောင်း ၎င်း၏ပြောခွင့်ရပုဂ္ဂိုလ်က ဩဂုတ် ၂၉ ရက်တွင် ပြောကြားခဲ့သည်။ ဩဂုတ် ၂၈ ရက်တွင် ဂျီနင်၊ တူလ်ကမ်းနှင့် တူဘက်စ် မြို့တို့၌...
ရန်ကုန်၊ ဩဂုတ် ၂၈ ရက် (ဆင်ဟွာ) ၂၀၂၄ ခုနှစ် ဩဂုတ် ၂၈ ရက်အတွက် စိတ်ဝင်စားဖွယ်ရာ ဆင်ဟွာ နိုင်ငံတကာသတင်းတချို့ကို စုစည်းဖော်ပြအပ်ပါသည်။ -တရုတ်-အာဖရိက ပူးပေါင်းဆောင်ရွက်မှုက အာဖရိက၏ ဆင်းရဲနွမ်းပါးမှုတိုက်ဖျက်ရေးကို လမ်းကြောင်းသစ်ဖွင့်လှစ်ပေး – အစ္စရေးစစ်တပ်က West Bank မြောက်ပိုင်းတွင် စစ်ဆင်ရေးအကြီးအကျယ်စတင် –...
ဂျေရုဆလမ်၊ ဩဂုတ် ၂၇ ရက် (ဆင်ဟွာ) ဂါဇာဒေသတွင် စစ်ဆင်ရေးများ စတင်ခဲ့ပြီးနောက်ပိုင်း အစ္စရေးနိုင်ငံအနေဖြင့် စစ်လက်နက်ပစ္စည်းနှင့် ခဲယမ်းကျည် တန်ချိန် ၅၀,၀၀၀ ကျော် လက်ခံရရှိခဲ့ကြောင်း အစ္စရေး ကာကွယ်ရေးဝန်ကြီးဌာနက ဩဂုတ် ၂၆ ရက်တွင် ပြောကြားခဲ့သည်။ “ဝယ်ယူလက်ခံရရှိထားတဲ့ စစ်လက်နက်ပစ္စည်းတွေထဲမှာ သံချပ်ကာယာဉ်တွေ၊ စစ်လက်နက်ပစ္စည်းတွေ၊ ခဲယမ်းကျည်တွေ၊...
ဂျေရုဆလမ်/ဘေရွတ်၊ ဩဂုတ် ၂၆ ရက် (ဆင်ဟွာ) အစ္စရေးနိုင်ငံ မြောက်ပိုင်းနှင့် အလယ်ပိုင်းတို့ကို ပစ်ခတ်မည့် ဟစ်ဇ်ဘိုလာအဖွဲ့၏ ထောင်နှင့်ချီသည့် ဒုံးလက်နက်နှင့် ဒုံးပစ်လောင်ချာများကို အစ္စရေးစစ်လေယာဉ် ၁၀၀ ခန့်က တိုက်ခိုက်ဖျက်ဆီးခဲ့ကြောင်း အစ္စရေး ကာကွယ်ရေးတပ် (IDF) က ဩဂုတ် ၂၅ ရက်တွင် ကြေညာချက်ထုတ်ပြန်ခဲ့သည်။ နံနက်အရုဏ်မတက်မီတွင်...
ကုလသမဂ္ဂ၊ ဩဂုတ် ၂၃ ရက် (ဆင်ဟွာ) အစ္စရေးက ဂါဇာကမ်းမြောင်ဒေသအား ၁၀ လကျော်ကြာ ဝန်းရံပိတ်ဆို့ကာ ဗုံးကြဲတိုက်ခိုက်မှုများကြောင့် လူပေါင်း ၄၀,၀၀၀ ကျော် သေဆုံးခဲ့ပြီး လူ ၁.၉ သန်း အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရပြီးနောက် ယင်းဒေသ၌ စစ်ဆင်ရေး လုပ်ဆောင်မှုအားလုံးကို ချက်ချင်းရပ်တန့်ရန် အစ္စရေးနိုင်ငံအား ကုလသမဂ္ဂဆိုင်ရာ...
ဂျေရုဆလမ်၊ ဩဂုတ် ၂၂ ရက် (ဆင်ဟွာ) လက်ဘနွန်နိုင်ငံရှိ နေရာအချို့အား အစ္စရေးစစ်လေယာဉ်များက ညပိုင်းနှင့် နံနက်ပိုင်းတို့တွင် တိုက်ခိုက်ခဲ့သဖြင့် လူသုံးဦးထက်မနည်း သေဆုံးခဲ့ပြီးနောက် လက်ဘနွန်နိုင်ငံရှိ ဟစ်ဇ်ဘိုလာအဖွဲ့က ဩဂုတ် ၂၁ ရက် နံနက်ပိုင်းတွင် အစ္စရေးနိုင်ငံ မြောက်ပိုင်းသို့ အနည်းဆုံး ရော့ကတ်ဒုံးကျည် အစင်း ၅၀ ဖြင့်...