ဆန်ဖရန်စစ္စကို ၊ ဖေဖော်ဝါရီ ၂၃ ရက်(ဆင်ဟွာ) နိုဗယ်လ်ကိုရိုနာဗိုင်းရပ်စ်သည် “ တိရစ္ဆာန်မှတစ်ဆင့် လူသားဆီသို့ သဘာဝအတိုင်းကူးစက်ဖြစ်ပေါ်လာခြင်း” ဖြစ်ကြောင်းနှင့် “ အချို့သော ဇီဝလက်နက်သုသေတနပြုလုပ်မှုမှတစ်ဆင့် ဖြစ်ပေါ်လာခြင်း” ဆိုသည့် ပြောဆိုမှုမျိုးကဲ့သို့ မဟုတ်ကြောင်း အမေရိကန်နိုင်ငံ ကူးစက်ရောဂါဗေဒဆိုင်ရာ ဦးဆောင်ပညာရှင်တစ်ဦးက ထုတ်ဖော်ပြောကြားလိုက်ပြီး ယင်းမှာ ဗိုင်းရပ်စ် စတင်ဖြစ်ပေါ်လာပုံမူလအစနှင့်ပတ်သက်၍ အပုတ်ချပြောဆိုမှုယူဆချက်အပေါ်...
ဝါရှင်တန်၊ ဖေဖော်ဝါရီ ၂၃ ရက်(ဆင်ဟွာ) အမေရိကန်နိုင်ငံ၌ ယခုနှစ်တွင် ဖြစ်ပွားသည့် ရာသီတုပ်ကွေးကြောင့် သေဆုံးသူ ကလေးငယ် ၁၀၅ ဦး ရှိပြီဖြစ်ကြောင်း အမေရိကန် ရောဂါ ကာကွယ်ထိန်းချုပ်ရေးစင်တာ (CDC) ၏ ဖေဖော်ဝါရီ ၂၁ ရက်က ထုတ်ပြန်သည့် သတင်းအရ သိရသည်။
နယူးယောက်၊ ဖေဖော်ဝါရီ ၁၃ ရက်(ဆင်ဟွာ) လက်ရှိ တရုတ်နိုင်ငံသည် COVID-19 ရောဂါတိုက်ဖျက်ရေးလုပ်ငန်းများကို အစွမ်းကုန် လုပ်ဆောင်လျက်ရှိသလို အခြားနိုင်ငံများသို့ ကူးစက်ပြန့်ပွားမှုမရှိစေရန် ကြိုးပမ်းကာကွယ် တားဆီးလျက်ရှိရာ နိုင်ငံတကာအသိုက်အဝန်းက အပြည့်အဝ အသိအမှတ်ပြုခဲ့ကြသည်။သို့သော်လည်း အမေရိကန်၌ COVID-19 ကြောင့် အာရှသားများကို ခွဲခြားဆက်ဆံမှုများ ဖြစ်ပွားလျက်ရာ ယခုရက်ပိုင်းများတွင် အမေရိကန် နိုင်ငံရေးနှင့်စီးပွားရေးနယ်ပယ်များမှ...
မနီလာ ၊ ဖေဖော်ဝါရီ ၁၁ ရက်(ဆင်ဟွာ) ဖိလစ်ပိုင်နိုင်ငံ နှင့် အမေရိကန်နိုင်ငံအကြား ချုပ်ဆိုထားသည့် ဧည့်တပ်ဖွဲ့ဝင်များ ထားရှိရေးသဘောတူညီချက်(VFA) ကို ဖျက်သိမ်းရန် ဖိလစ်ပိုင်နိုင်ငံက အမေရိကန်နိုင်ငံအား တရားဝင် အသိပေးလိုက်ပြီးဖြစ်ကြောင်း ဖိလစ်ပိုင်နိုင်ငံထိပ်တန်းသံတမန်တစ်ဦးက ယနေ့ ဖေဖော်ဝါရီ ၁၁ ရက်တွင် ထုတ်ဖော်ပြောကြားလိုက်သည်။
ဝါရှင်တန် ၊ ဖေဖော်ဝါရီ ၁၁ ရက်(ဆင်ဟွာ) အမေရိကန်နိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာနက လာမည့် ၂၀၂၁ ဘဏ္ဍာနှစ်အတွက် ဘတ်ဂျက်ငွေ စုစုပေါင်း အမေရိကန်ဒေါ်လာ ၇၀၅ ဒသမ ၄ ဘီလီယံ တောင်းခံထားကြောင်း ဖေဖော်ဝါရီ ၁၁ ရက်တွင် ထုတ်ပြန်သည့် လွှတ်တော်သို့ပေးပို့သော အမေရိကန်သမ္မတအိမ်ဖြူတော်၏ အဆိုပြုချက်တစ်စောင်အရ သိရသည်။
ပေကျင်း၊ ဖေဖော်ဝါရီ ၇ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ သမ္မတ ရှှီကျင့်ဖိန်သည် အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်နှင့် ဖေဖော်ဝါရီ ၇ ရက် နံနက်ပိုင်းတွင် တယ်လီဖုန်းမှတစ်ဆင့် ဆက်သွယ်ပြောကြားခဲ့ကြရာ အမေရိကန်အနေဖြင့် နိုဗယ် ကိုရိုနာဗိုင်းရပ်စ် ဖြစ်ပွားမှုနှင့်ပတ်သက်၍ ကျိုးကြောင်းလျော်ညီစွာ တုံ့ပြန်ဆောင်ရွက်ရန် ပြောကြားခဲ့ကြောင်း သိရသည်။ (Xinhua)
ပေကျင်း၊ ဖေဖော်ဝါရီ ၂ ရက်(ဆင်ဟွာ) ကိုရိုနာ အဆုတ်ရောင်ရောဂါကို တရုတ်နိုင်ငံက ဘက်စုံတွန်းလှန်တိုက်ဖျက်နေချိန်တွင် အမေရိကန် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဝန်ကြီး Wilbur Ross က ရောဂါဖြစ်ပွားမှုသည် ကုန်ထုတ်လုပ်ရေးလုပ်ငန်းများ အမေရိကန်သို့ ပြန်လာရန် အထောက်အပံ့အခွင့်အလမ်းဖြစ်သည်ဟု ဆိုလိုက်သည်။ အဆိုပါစကားရပ်သည် သွေးအေးအေးနှင့်ယုတ္တိကင်းမဲ့လွန်းလှသည့် စကားပင် ဖြစ်သည်။
ဝါရှင်တန်၊ ဇန်နဝါရီ ၂၂ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံ အစိုးရက ဗင်နီဇွဲလားနိုင်ငံ သမ္မတ နီကိုးလပ်စ် မာဒူရို (Nicolas Maduro) အစိုးရအား ဖိအားပေးရန် လုပ်ဆောင်မှုအဖြစ် ဗင်နီဇွဲလားအစိုးရပိုင် Petroleos de Venezuela ရေနံကုမ္ပဏီ၏ လေယာဉ် ၁၅ စင်းကို ဇန်နဝါရီ ၂၁...
ဝါရှင်တန်၊ ဇန်နဝါရီ ၁၆ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံနှင့် အမေရိကန်နိုင်ငံတို့အကြား စီးပွားရေးနှင့် ကုန်သွယ်ရေး သဘောတူညီချက် ပထမအဆင့်ကို ဇန်နဝါရီ ၁၅ ရက်က အိမ်ဖြူတော်တွင် လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။
ပေကျင်း၊ ဇန်နဝါရီ ၉ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံသည် အမေရိကန်နိုင်ငံနှင့် စီးပွားရေးနှင့် ကုန်သွယ်ရေးသဘောတူညီချက် ပထမအဆင့်ကို ဝါရှင်တန်တွင် လက်မှတ်ရေးထိုးမည်ဖြစ်ကြောင်း တရုတ် စီးပွားရေးဝန်ကြီးဌာန (MOC) က ဇန်နဝါရီ ၉ ရက်၌ ပြောကြားလိုက်သည်။