အန်ကာရာ၊ သြဂုတ် ၁၃ ရက် (ဆင်ဟွာ) ဆီးရီးယားကြားနေဇုန် တည်ထောင်ရေးဆိုင်ရာ ပူးတွဲလုပ်ဆောင်မှုစင်တာအတွက် ပြင်ဆင်ရန် အမေရိကန် ကိုယ်စားလှယ်အဖွဲ့တစ်ဖွဲ့ သြဂုတ်လ ၁၂ ရက်တွင် တူရကီနိုင်ငံသို့ ရောက်ရှိလာခဲ့ကြောင်း တူရကီနိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။
ဝါရှင်တန်၊ သြဂုတ် ၁၂ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံ ပန်ဆဲလ်ဗေးနီးယားပြည်နယ်ရှိ နေ့ကလေးထိန်းစင်တာတစ်ခုတွင် သြဂုတ်လ ၁၁ ရက်က မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ရာ အနည်းဆုံး ကလေးငယ် ၅ ဦး သေဆုံးခဲ့ကြောင်း ဒေသခံအာဏာပိုင်များ ပြောကြားချက်အရ သိရသည်။
ဝါရှင်တန်၊သြဂုတ် ၁၀ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံ သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump) က မြောက်ကိုရီးယားနိုင်ငံ ခေါင်းဆောင် ကင်ဂျုံအန် (Kim Jong Un) ထံမှ “စိတ်ကျေနပ်ဖွယ်ကောင်းသော” စာတစ်စောင် သြဂုတ်လ လက်ခံရရှိခဲ့ကြောင်း သိရသည်။
ဒမတ်စကက်စ်၊ သြဂုတ် ၈ ရက် (ဆင်ဟွာ) ဆီးရီးယားနိုင်ငံ မြောက်ပိုင်းတွင် ကြားနေဇုန်တည်ထောင်ရန် အမေရိကန်-တူရကီသဘောတူညီချက်အား ဆီးရီးယား အစိုးရက ပယ်ချလိုက်သည်ဟု ဆီးရီးယားနိုင်ငံခြားရေးဝန်ကြီးဌာနက သြဂုတ်လ ၈ ရက်တွင် ပြောကြားလိုက်ကြောင်း နိုင်ငံပိုင် SANA သတင်းအေဂျင်စီအရ သိရသည်။
ချီကာဂို၊ သြဂုတ် ၅ ရက်(ဆင်ဟွာ) အမေရိကန်နိုင်ငံ ချီကာဂိုမြို့တွင် သြဂုတ် ၄ ရက်က သေနတ်ပစ်ခတ်မှု ၂ ခု ဆက်တိုက်ဖြစ်ပွားရာ လူ ၉ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ဒိုဟာ ၊ သြဂုတ် ၅ ရက်(ဆင်ဟွာ) အမေရိကန်နိုင်ငံ နှင့် အာဖဂန်နစ္စတန်တာလီဘန် အုပ်စုတို့အကြား ၈ ကြိမ်မြောက် ဆွေးနွေးပွဲကို ကာတာနိုင်ငံ ဒိုဟာမြို့၌ သြဂုတ် ၄ ရက်တွင် ကျင်းပခဲ့ပြီး ၁၈ နှစ်ကြာ ဖြစ်ပွားခဲ့သော နှစ်ဖက်တိုက်ခိုက်မှုများကို အဆုံးသတ်ရန် မျှော်လင့်ကြောင်း ကာတာနိုင်ငံပိုင်သတင်းဌာနက ဖော်ပြခဲ့သည်။
ဝါရှင်တန် ၊ သြဂုတ် ၄ ရက်(ဆင်ဟွာ) အမေရိကန်နိုင်ငံ အိုဟိုင်းအိုးပြည်နယ်(Ohio) ၌ ယနေ့သြဂုတ် ၄ ရက် နံနက်အစောပိုင်းတွင် သေနတ်ပစ်ခတ်မှုတစ်ခုဖြစ်ပွားခဲ့ရာ အနည်းဆုံး လူ ၉ ဦးသေဆုံးပြီး အခြားလူ ၁၆ ဦးထိခိုက်ဒဏ်ရာရခဲ့ကြောင်း ဒေသခံရဲတပ်ဖွဲ့ဆိုသည်။
ဝါရှင်တန်၊ သြဂုတ် ၁ ရက်(ဆင်ဟွာ) အီရန် နိုင်ငံခြားရေးဝန်ကြီး မိုဟာမက် ဂျာဗက်ဇာရစ်ဖ် (Mohammad Javad Zarif) ကို ပိတ်ဆို့မှုများ ပြုလုပ်မည်ဟု အမေရိကန် အစိုးရက ဇူလိုင် ၃၁ ရက်တွင် ကြေညာခဲ့ကြောင်း သိရသည်။
ဝါရှင်တန်၊ ဇူလိုင် ၃၁ ရက် (ဆင်ဟွာ) အမေရိကန်အထက်လွှတ်တော်က David Norquist အား ကာကွယ်ရေးဒုတိယဝန်ကြီး အဖြစ် ဇူလိုင် ၃၀ ရက် ညပိုင်းတွင် အတည်ပြုခဲ့သည်။ (Xinhua)
ဝါရှင်တန် ၊ ဇူလိုင် ၃၁ ရက်(ဆင်ဟွာ) အမေရိကန် နိုင်ငံ မစ္စစ္စပီ ပြည်နယ်၌ ဇူလိုင် ၃၀ ရက်က ဖြစ်ပွားခဲ့သော ပစ်ခတ်မှု တစ်ခု အတွင်း လူ နှစ်ဦး သေဆုံးခဲ့ကာ ရဲအရာရှိ တစ်ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။