ကုလသမဂ္ဂ ၊ ဒီဇင်ဘာ ၁၆ ရက်(ဆင်ဟွာ) အမေရိကန်နိုင်ငံနိုင်ငံခြားရေးဝန်ကြီးဌာနဝန်ကြီး တီလာဆန်က ဒီဇင်ဘာ ၁၅ ရက်တွင် ကုလသမဂ္ဂလုံခြုံရေးကောင်စီ၌ မိန့်ခွန်းပြောကြားရာတွင် ကိုရီးယားကျွန်းဆွယ်အကျပ်အတည်းကို ဖြေရှင်းရန် နောက်ဆုံးပိတ်ရည်မှန်းချက်ပန်းတိုင်မှာ “ မြောက်ကိုရီးယားနိုင်ငံအနေဖြင့် ၎င်းတို့၏ နျူကလီးယားလက်နက်များ အစီအစဉ်ကို အလုံးစုံ ကတိကဝတ်ပြု၍ အပြောင်းအလဲမရှိ စွန့်လွှတ်ရန်သာဖြစ်ကြောင်း ” ထည့်သွင်းပြောကြားခဲ့သည်။
ဟူစတန် ၊ ဒီဇင်ဘာ ၈ ရက်(ဆင်ဟွာ) အမေရိကန်နိုင်ငံ အနောက်တောင်ပိုင်း နယူးမက္ကဆီကိုပြည်နယ်ရှိ အထက်တန်းကျောင်းတစ်ခု၌ ဒီဇင်ဘာလ ၇ ရက်တွင် သေနတ်ပစ်ခတ်မှုတစ်ခုဖြစ်ပွားရာ သေနတ်သမားအပါအဝင် လူ ၃ ဦးသေဆုံးသွားကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။
ဝါရှင်တန်၊ ဒီဇင်ဘာ ၆ ရက် (ဆင်ဟွာ) အမေရိကန်အကြီးတန်းအရာရှိများက အမေရိကန်နိုင်ငံ သမ္မတ ဒေါ်နယ်ထရမ့်သည် ဂျေရုဆလင်မြို့အား အစ္စရေးနိုင်ငံ၏ မြို့တော်အဖြစ် ဒီဇင်ဘာ ၆ ရက်တွင် အသိအမှတ်ပြုမည်ဖြစ်ပြီး တယ်လ်အဗစ် (Tel Aviv) မြို့မှ အမေရိကန်သံရုံးအား ဂျေရုဆလင်မြို့သို့ ပြောင်းရွှေ့သွားမည်ဖြစ်ကြောင်း ဒီဇင်ဘာ ၅ ရက်တွင်...
ချီကာဂို၊ ဒီဇင်ဘာ ၆ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံ အလယ်ပိုင်း Illinois ပြည်နယ် တွင် သဘာဝဓါတ်ငွေ့ ပိုက်လိုင်းတစ်ခုပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ လူ ၂ဦးသေဆုံးပြီး အခြားလူ ၂ဦးပြင်းထန်စွာဒဏ်ရာရရှိခဲ့ကြောင်း အာဏာပိုင်များက ဒီဇင်ဘာ ၅ ရက်တွင် ပြောကြားခဲ့သည်။
ဝါရှင်တန် ၊ ဒီဇင်ဘာ ၃ ရက်(ဆင်ဟွာ) မြောက်ကိုရီးယားနိုင်ငံက နောက်ဆုံးအကြိမ် ဒုံးကျည်စမ်းသတ်ပစ်လွှတ်ခဲ့ပြီးနောက် မြောက်ကိုရီးယားနိုင်ငံနှင့် စစ်ပွဲဆင်နွှဲသွားရန် ဖြစ်နိုင်ခြေ “ နေ့စဉ် ပိုမိုတိုးမြင့်လာနေကြောင်း” အမေရိကန်နိုင်ငံသမ္မတအိမ်ဖြူတော် အမျိုးသားလုံခြုံရေးအကြံပေး H.R. McMaster က ဒီဇင်ဘာ ၂ ရက်တွင် ပြောကြားလိုက်သည်။
ဆန်ဖရန်စစ္စကို၊ နိုဝင်ဘာ ၂၆ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံ အနောက်ပိုင်း ကယ်လီဖိုးနီးယားပြည်နယ်ရှိ အဝေးပြေးလမ်းမကြီး တစ်ခုပေါ်တွင် ယာဉ် ငါးစီးဆင့်တိုက်မှု ဖြစ်ပွားခဲ့ပြီး အနည်းဆုံး လူ ၄ ဦး သေဆုံးခဲ့ကြောင်း ပြည်နယ်ဆိုင်ရာ အဝေးပြေးလမ်း လှည့်ကင်း တာဝန်ရှိသူများက နိုဝင်ဘာလ ၂၆ ရက်က ပြောကြားခဲ့သည်။
မော်စကို၊ နိုဝင်ဘာ ၁၈ ရက် (ဆင်ဟွာ) ရုရှားနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဋ္ဌာနက ဥရောပ နှင့် အမေရိကန်နိုင်ငံ၌ လာမည့် နှစ်သစ်ကူးအားလပ်ရက်များအတွင်း အကြမ်းဖက်တိုက်ခိုက်မှု အန္တရာယ် ပိုမိုမြင့်တက်လာနိုင်ခြေရှိကြောင်း နိုဝင်ဘာ ၁၇ရက်ကပြောကြားခဲ့သည်။
ပေကျင်း၊ နိုဝင်ဘာ ၉ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် တရုတ်နှင့် အမေရိကန် ဆက်ဆံရေးအကြောင်း ပြောကြားရာတွင် ပူးပေါင်းဆောင်ရွက်ခြင်း နည်းလမ်း တစ်ခုတည်းကသာ မှန်ကန်သော ရွေးချယ်မှု ဖြစ်သည်ဟု ပြောကြားခဲ့သည်။
ပေကျင်း၊ နိုဝင်ဘာ ၈ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်နှင့် ဇနီး ဖုန်းလိယွမ်တို့သည် တရုတ်နိုင်ငံသို့ အလည်အပတ် ရောက်ရှိနေသော အမေရိကန်နိုင်ငံ သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump) အား ယနေ့ (နိုဝင်ဘာလ ၈ ရက်) နေ့လည်ပိုင်းတွင် နန်းတော်ပြတိုက်၌ ကြိုဆိုကာ...
ပေကျင်း ၊ နိုဝင်ဘာ ၇ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန်က အမေရိကန်နိုင်ငံတက္ကဆက်ပြည်နယ်၌ ဖြစ်ပွားခဲ့သော လူပေါင်း ၂၇ ဦးသေဆုံးပြီး အနည်းဆုံး ၂ဝ ဦးထိခိုက်ဒဏ်ရာရခဲ့သည့် ပစ်ခတ်မှုဖြစ်စဉ်အပေါ် ဝမ်းနည်းကြောင်း သဝဏ်လွှာတစ်စောင်အား အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ထံ နိုဝင်ဘာလ ၆ ရက်က ပေးပို့ခဲ့ကြောင်း သိရသည်။