ဝါရှင်တန် ၊ အောက်တိုဘာ ၈ ရက်(ဆင်ဟွာ) အမေရိကန်ရေတပ်မှ ၁၄ စင်းမြောက် Virginia-class အမျိုးအစား တိုက်ခိုက်ရေးရေငုပ်သင်္ဘော ယူအက်စ်အက်စ်ဝါရှင်တန်( U.S.S ) ကို အောက်တိုဘာလ ၇ ရက်တွင် ဗာဂျီးနီးယားပြည်နယ်ရှိ ရေတပ်စခန်း၌ စတင်ရေချခဲ့ကြောင်း သိရသည်။
ဝါရှင်တန်၊ အောက်တိုဘာ ၇ ရက် (ဆင်ဟွာ) ဆော်ဒီအာရေဗျနိုင်ငံသို့ အမေရိကန်ဒေါ်လာ ၁၅ဘီလီယံတန်ဖိုးရှိသည့် THAAD ဒုံးကျည်ကာကွယ်ရေး လက်နက်များ ရောင်းချမည့်အစီအစဉ်ကို အမေရိကန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဋ္ဌာနက အောက်တိုဘာ ၆ရက်တွင် အတည်ပြုပေးခဲ့ကြောင်း ပင်တဂွန်စစ်ဋ္ဌာနချုပ်၏ ထုတ်ပြန်ချက်အရ သိရသည်။
ဝါရှင်တန်၊ အောက်တိုဘာ ၇ ရက် (ဆင်ဟွာ) အကြမ်းဖက်မှု တိုက်ဖျက်ရေး နှင့် လူသားချင်းစာနာထောက်ထားမှုလုပ်ငန်းစဉ်များတွင် အပြုသဘောတိုးတက်လာသော ဆူဒန်နိုင်ငံ၏ ဆောင်ရွက်ချက်များကို အသိအမှတ်ပြုသည့်အနေဖြင့် အမေရိကန်အစိုးရ က ဆူဒန်နိုင်ငံအပေါ် ဆယ်စုနှစ် ၂ခုကြာ ပိတ်ဆို့တားမြစ်မှုများကို အောက်တိုဘာ ၆ရက် က ပြန်လည်ဖြေလျှော့ပေးခဲ့ကြောင်း သိရသည်။
ဝါရှင်တန် ၊ အောက်တိုဘာ ၁ ရက်(ဆင်ဟွာ) အမေရိကန်နိုင်ငံ လူဝင်မှုကြီးကြပ်ရေး နှင့် အကောက်အခွန် စိစစ်ရေး ဌာန(ICE) သည် ၄ရက်ကြာပြုလုပ်သော တရားမဝင် ဝင်ရောက်လာသူများအား ဖမ်းဆီးနှိမ်နင်းရေး စီမံချက်အတွင်း နိုင်ငံခြားသား ၄၉၈ ဦးကို ဖမ်းဆီးထိန်းသိမ်းခဲ့ကြောင်း အမေရိကန်သတင်းမီဒီယာများက စက်တင်ဘာလ ၃ဝရက်တွင် ဖော်ပြခဲ့သည်။
ဝါရှင်တန်၊ အောက်တိုဘာ ၁ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံ ကန်းဆက်ပြည်နယ်၌ စက်တင်ဘာလ ၃၀ ရက်တွင် အမျိုးသား တစ်ဦးက အမျိုးသမီး တစ်ဦးအား မီးရှို့ခဲ့ရာ အဆိုပါ အမျိုးသမီး သေဆုံးသွားခဲ့ပြီး ရဲအရာရှိ သုံးဦး ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံ မီဒီယာက သတင်းတင်ပြထားသည်။
ဝါရှင်တန် ၊ စက်တင်ဘာ ၂၅ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံ တန်နက်ဆီပြည်နယ်ရှိ ခရစ်ယာန်ဘုရားရှိခိုးကျောင်းဝင်း တစ်ခုအတွင်း စက်တင်ဘာလ ၂၄ ရက်က သေနတ်ပစ်ခတ်မှုဖြစ်ပွားရာ အနည်းဆုံး လူ ၁ ဦးသေဆုံးပြီး အများအပြားထိခိုက်ဒဏ်ရာရခဲ့ကြောင်း သိရသည်။
ဆိုးလ် ၊ စက်တင်ဘာ ၁၈ ရက်(ဆင်ဟွာ) အမေရိကန်နိုင်ငံမှ လေယာဉ်တင်သင်္ဘောတစ်စင်း နှင့် တိုက်ခိုက်ရေး ရေယာဉ်အုပ်စု တစ်ခုသည် တောင်ကိုရီးယားနိုင်ငံ တပ်ဖွဲ့ဝင်များနှင့်အတူ လာမည့် အောက်တိုဘာလတွင် ပူးတွဲ စစ်ရေးလေ့ကျင့်မှု တစ်ခု ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
လော့စ်အန်ဂျလိစ်၊ စက်တင်ဘာ ၁၇ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံ အရှေ့အလယ်ပိုင်း ကော်လိုရာဒိုပြည်နယ် တွင် ကိုယ်ပိုင်လေယာဉ်တစ်စီးပျက်ကျရာ မိသားစုဝင် လေးဦးသေဆုံးသွားကြောင်း အာဏာပိုင်များက စက်တင်ဘာ ၁၆ ရက်တွင်ပြောကြားခဲ့သည်။
ဝါရှင်တန် ၊ စက်တင်ဘာ ၁၁ ရက်(ဆင်ဟွာ) အမေရိကန်နိုင်ငံ ဘော့စတွန်မြို့၌ စက်တင်ဘာလ ၁ဝ ရက် ညနေပိုင်းက ကိမ်းဘရစ်ကာနီဗယ်ပွဲအတွင်း လူနှစ်ဦး သေနတ်ပစ်ခံရပြီး ၎င်း သေနတ်သမားကို လက်ရ ဖမ်းမိထားကြောင်း မက်ဆာချူးဆက် နည်းပညာသိပ္ပံ (MIT) ရဲတပ်ဖွဲ့က ဆိုသည်။
ဝါရှင်တန်၊ သြဂုတ် ၁၄ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံ ဝစ်ကွန်စင်ပြည်နယ်တွင် ကျင်းပနေသည့် Great Lakes Dragway ကားပြိုင်ပွဲ တစ်ခု၌ အမျိုးသား သုံးဦး သေနတ်ပစ်ခံရကာ သေဆုံးခဲ့ကြောင်း၊ သေနတ်ပစ်ခတ်သူအား မသိရသေးကြောင်းနှင့် မည်သည့် ရည်ရွယ်ချက်ဖြင့် လုပ်ဆောင်သည်ကို မသိရသေးကြောင်း ဒေသခံ မီဒီယာက ဖော်ပြထားသည်။