ဝါရှင်တန် ၊ ဩဂုတ် ၂၀ ရက်(ဆင်ဟွာ) အမေရိကန်နိုင်ငံ ကက်ပီတိုလွှတ်တော်အဆောက်အဦအနီး ဗုံးဖောက်ခွဲမည်ဟု ခြိမ်းခြောက်ခဲ့သော သံသယရှိသူတစ်ဦးသည် အာဏာပိုင်များထံ အေးအေးချမ်းချမ်း လက်မြောက်အဖမ်းခံခဲ့ကြောင်း နှင့် ၎င်းအား ဖမ်းဆီးပြီးနောက် ရဲအချုပ်ခန်းသို့ပို့ဆောင်ထားကြောင်း အမေရိကန်ကက်ပီတိုလွှတ်တော်ရဲတပ်ဖွဲ့(USCP)က ပြောကြားခဲ့သည်။
လော့စ်အိန်ဂျလိစ်၊ ဩဂုတ် ၁၈ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ်တွင် လူဦးရေ ၁,၂၀၀ ခန့်နေထိုင်သော အယ်လ်ဒိုရာဒိုကောင်တီရှိ မြို့တစ်မြို့လုံး တောမီးလောင်ကျွမ်းပြီးနောက် လူနှစ်ဦး အပြင်းအထန်ဒဏ်ရာရရှိကာ ဆေးရုံတက်ရောက်ခဲ့ရကြောင်း သိရသည်။
ဟူစတန်၊ ဩဂုတ် ၁၈ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံ တက္ကဆက်ပြည်နယ် အုပ်ချုပ်ရေးမှူး Greg Abbott သည် ကာကွယ်ဆေး အပြည့်အဝထိုးနှံပြီးဖြစ်သော်လည်း COVID-19 ရောဂါ ကူးစက်ခံခဲ့ရကြောင်း အုပ်ချုပ်ရေးမှူးရုံး၏ ဩဂုတ် ၁၇ ရက် ထုတ်ပြန်ချက်၌ ကြေညာထားသည်။
ဝါရှင်တန်၊ ဩဂုတ် ၁၃ ရက် (ဆင်ဟွာ) အာဖဂန်နစ္စတန်နိုင်ငံတွင် လုံခြုံရေးအခြေအနေ ဆက်လက်ဆိုးဝါးလာသဖြင့် သံရုံးဝန်ထမ်းအရေအတွက် လျှော့ချရာတွင် ကူညီရန် ကဘူးလ်လေဆိပ်သို့ တပ်ဖွဲ့ဝင်များစွာ တပ်ဖြန့်သွားမည်ဖြစ်ကြောင်း အမေရိကန်နိုင်ငံက ဩဂုတ် ၁၂ ရက်၌ ပြောကြားခဲ့သည်။
ဝါရှင်တန်၊ ဩဂုတ် ၁၁ ရက် (ဆင်ဟွာ) အာဖဂန်နစ္စတန်နိုင်ငံရှိ မြို့များစွာမှာ လွန်ခဲ့သည့် ရက်များအတွင်း တာလီဘန်၏လက်အောက်သို့ ကျရောက်သွားပြီ ဖြစ်၍ ယင်းနိုင်ငံရှိ တပ်ဖွဲ့ဝင်များအနေဖြင့် ၎င်းတို့ကိုယ်တိုင် မဖြစ်မနေ တိုက်ခိုက်ရမည်ဖြစ်ကြောင်း အမေရိကန်နိုင်ငံ သမ္မတ ဂျိုးဘိုင်ဒန်က ဩဂုတ် ၁၀ ရက်တွင် ပြောကြားခဲ့သည်။
ဝါရှင်တန်၊ သြဂုတ် ၁၁ ရက် (ဆင်ဟွာ) အမေရိကန်ပြည်ထောင်စု၌ Delta ဗီဇပြောင်း ဗိုင်းရပ်စ် အတားအဆီးမရှိ ပျံ့နှံ့မှုကြောင့် ကူးစက်မှုများတစ်ဟုန်ထိုး ပြန်လည် မြင့်တက်လာခဲ့ရာ သြဂုတ် ၁၀ ရက်အထိ COVID-19 ဖြစ်ပွားမှုပေါင်း ၃၆ သန်းအထိ အမြင့်ဆုံးရောက်ရှိလာခဲ့ကြောင်း သိရသည်။
ချီကာဂို ၊ ဩဂုတ် ၁၁ ရက်(ဆင်ဟွာ) အမေရိကန်နိုင်ငံ ချီကာဂိုမြို့ အနောက်ဘက်အစွန်ဆုံး ဆင်ခြေဖုံးများ၌ ဩဂုတ် ၉ ရက် ညနေ ၄ နာရီခွဲမှ ၆ နာရီ ၄၅ မိနစ်အထိ ၃ နာရီမပြည့်မီ လေဆင်နှာမောင်း ၆ ကြိမ်ထက် မနည်း တိုက်ခတ်ခဲ့ကြောင်း...
ဝါရှင်တန်၊ ဩဂုတ် ၁၀ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံ သမ္မတ ဂျိုးဘိုင်ဒန်က ကာကွယ်ရေးဝန်ကြီးဌာန (DOD) အနေဖြင့် အမေရိကန် စစ်တပ် တပ်ဖွဲ့ဝင်များအား စက်တင်ဘာ ၁၅ ရက်မတိုင်မီ COVID-19 ကာကွယ်ဆေး မထိုးမနေရဆောင်ရွက်ရန် ကြိုးပမ်းအားထုတ်မှုအား အခိုင်အမာ ထောက်ခံကြောင်း ဩဂုတ် ၉ ရက်၌...
ဝါရှင်တန်၊ဩဂုတ် ၁၀ ရက်(ဆင်ဟွာ) ပြီးခဲ့သော ရက်သတ္တပတ်အတွင်း မြို့ရွာပေါင်းများစွာကို တာလီဘန်စစ်သွေးကြွများက တိုက်ခိုက်သိမ်းပိုက်ခဲ့ခြင်းကြောင့် အာဖဂန်တပ်ဖွဲ့ဝင်များအား ထောက်ပံ့ကူညီရန် အမေရိကန်စစ်တပ်က ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ပင်တဂွန်စစ်ဌာနချုပ်က ဩဂုတ် ၉ ရက်တွင် ပြောကြားခဲ့သည်။ အာဖဂန်နစ္စတန်နိုင်ငံတွင် လုံခြုံရေးအခြေအနေသည်“ မှန်ကန်တဲ့လမ်းကြောင်းပေါ်မှာ ရှိမနေဘူးဆိုတာ သိပ်ကိုရှင်းပါတယ်” ဟု ပင်တဂွန်စစ်ဌာနချုပ် သတင်းပြန်ကြားရေးမှူး John...
ဝါရှင်တန်၊ သြဂုတ် ၆ ရက် (ဆင်ဟွာ) ၂၀၃၀ ပြည့်နှစ်တွင် အမေရိကန်ပြည်ထောင်စု၌ ရောင်းချမည့် မော်တော်ကားအသစ် အရေအတွက် ထက်ဝက်မှာ ကာဘွန်ထုတ်လွှတ်မှု လုံးဝမရှိသော ကားများဖြစ်စေရန် ညွှန်ကြားသည့် အမိန့်အား အမေရိကန်သမ္မတဂျိုးဘိုင်ဒန်က သြဂုတ် ၅ ရက်တွင် လက်မှတ်ရေးထိုးခဲ့သည်။ “အမေရိကန်ဟာ သန့်စင်ပြီး စွမ်းရည်မြင့်မားတဲ့ မော်တော်ကားတွေနဲ့...