ပေကျင်း၊ သြဂုတ် ၂၃ ရက် (ဆင်ဟွာ) တကယ်လို့ ဘဝက ဘာမှ ဖြစ်မလာဘူးဆိုပြီး စာဖတ်သူတို့တွေးနေတယ်ဆိုရင် ဒါကိုတစ်ချက်တွေးကြည့်လိုက်ပါ။ အမေရိကန်သမ္မတ ၄ ယောက် နှစ်ပေါင်း ၂၀ ၂ ထရီလီယံဒေါ်လာ စစ်သားပေါင်း ၂,၄၀၀ ရဲ့ အသက် တွေပေးဆပ်ပြီး အာဖဂန်ရဲ့ အုပ်ချုပ်မှုဟာ တာလီဘန်ကနေ...
ဝါရှင်တန်၊ သြဂုတ် ၂၃ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံတောင်ပိုင်း တင်နက်ဆီပြည်နယ်၊ Humphreys ကောင်တီ၌ သြဂုတ် ၂၁ ရက်တွင် ရေကြီးမှုဖြစ်ပွားပြီးနောက် လူ ၃၀ခန့် ပျောက်ဆုံးနေပြီး သေဆုံးသူစုစုပေါင်း ၁၅ ဦးအထိ မြင့်တက်လာခဲ့ကြောင်း အာဏာပိုင်များက သြဂုတ် ၂၂ ရက်တွင်ပြောသည်။ ငါးဦးထက်မနည်း ပျောက်ဆုံးနေသူများမှာ...
လန်ဒန်၊ ဩဂုတ် ၂၃ ရက် (ဆင်ဟွာ) အာဖဂန်နစ္စတန်နိုင်ငံအား တာလီဘန်များ သိမ်းပိုက်ပြီးနောက် ကယ်ဆယ်ရေးလေယာဉ်များဖြင့် ထွက်ခွာနိုင်ရေး မျှော်လင့်ချက်များဖြင့် ကဘူးလ်လေဆိပ်အနီးတွင် ပြည်သူများ စုပြုံနေကြစဉ် အာဖဂန် အရပ်သား ၇ ဦး သေဆုံးခဲ့ကြောင်း ဗြိတိန်နိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာနက ဩဂုတ်၂၂ ရက်၌ ပြောကြားခဲ့သည်။ “မြေပြင်အခြေအနေတွေကတော့ တော်တော်လေးစိန်ခေါ်မှုရှိနေဆဲပါပဲ။...
ဝါရှင်တန် ၊ ဩဂုတ် ၂၃ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံသမ္မတဂျိုးဘိုင်ဒန်က အာဖဂန်မှထွက်ခွာရေး နောက်ဆုံးသတ်မှတ်ရက်ဖြစ်သော ဩဂုတ် ၃၁ ရက် နောက်ပိုင်းတွင် အာဖဂန်နစ္စတန်နိုင်ငံ၌ ကယ်ဆယ်ရေးအစီအစဉ်အတွက် အမေရိကန်တပ်ဖွဲ့ဝင်များ ဆက်လက်ချထားရေးနှင့်ပတ်သက်၍ ဆွေးနွေးနေဆဲဖြစ်ကြောင်း ဩဂုတ် ၂၂ ရက်တွင် ထုတ်ဖော်ပြောကြားခဲ့သည်။ လက်ရှိအာဖဂန်တွင် ဆောင်ရွက်နေသော ကယ်ဆယ်ရေး အစီအစဉ်နှင့်ပတ်သက်၍...
ဆိုးလ်၊ ဩဂုတ် ၂၀ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံ နျူကလီးယားဆိုင်ရာ အထူးသံတမန်သည် တောင်ကိုရီးယားနိုင်ငံ တာဝန်ရှိသူနှင့် ကိုရီးယားကျွန်းနျူးကလီးယားအရေးဆွေးနွေးရန် ဩဂုတ် ၂၁ ရက်၌ တောင်ကိုရီးယားနိုင်ငံသို့ လာရောက်လည်ပတ်မည် ဖြစ်ကြောင်း တောင်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီးဌာနက ဩဂုတ် ၂၀ ရက်တွင် ပြောကြားခဲ့သည်။
ဝါရှင်တန် ၊ ဩဂုတ် ၂၀ ရက်(ဆင်ဟွာ) အမေရိကန်နိုင်ငံ ကက်ပီတိုလွှတ်တော်အဆောက်အဦအနီး ဗုံးဖောက်ခွဲမည်ဟု ခြိမ်းခြောက်ခဲ့သော သံသယရှိသူတစ်ဦးသည် အာဏာပိုင်များထံ အေးအေးချမ်းချမ်း လက်မြောက်အဖမ်းခံခဲ့ကြောင်း နှင့် ၎င်းအား ဖမ်းဆီးပြီးနောက် ရဲအချုပ်ခန်းသို့ပို့ဆောင်ထားကြောင်း အမေရိကန်ကက်ပီတိုလွှတ်တော်ရဲတပ်ဖွဲ့(USCP)က ပြောကြားခဲ့သည်။
လော့စ်အိန်ဂျလိစ်၊ ဩဂုတ် ၁၈ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ်တွင် လူဦးရေ ၁,၂၀၀ ခန့်နေထိုင်သော အယ်လ်ဒိုရာဒိုကောင်တီရှိ မြို့တစ်မြို့လုံး တောမီးလောင်ကျွမ်းပြီးနောက် လူနှစ်ဦး အပြင်းအထန်ဒဏ်ရာရရှိကာ ဆေးရုံတက်ရောက်ခဲ့ရကြောင်း သိရသည်။
ဟူစတန်၊ ဩဂုတ် ၁၈ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံ တက္ကဆက်ပြည်နယ် အုပ်ချုပ်ရေးမှူး Greg Abbott သည် ကာကွယ်ဆေး အပြည့်အဝထိုးနှံပြီးဖြစ်သော်လည်း COVID-19 ရောဂါ ကူးစက်ခံခဲ့ရကြောင်း အုပ်ချုပ်ရေးမှူးရုံး၏ ဩဂုတ် ၁၇ ရက် ထုတ်ပြန်ချက်၌ ကြေညာထားသည်။
ဝါရှင်တန်၊ ဩဂုတ် ၁၃ ရက် (ဆင်ဟွာ) အာဖဂန်နစ္စတန်နိုင်ငံတွင် လုံခြုံရေးအခြေအနေ ဆက်လက်ဆိုးဝါးလာသဖြင့် သံရုံးဝန်ထမ်းအရေအတွက် လျှော့ချရာတွင် ကူညီရန် ကဘူးလ်လေဆိပ်သို့ တပ်ဖွဲ့ဝင်များစွာ တပ်ဖြန့်သွားမည်ဖြစ်ကြောင်း အမေရိကန်နိုင်ငံက ဩဂုတ် ၁၂ ရက်၌ ပြောကြားခဲ့သည်။