အော့တဝါ ၊ ဇန်နဝါရီ ၁၀ ရက်(ဆင်ဟွာ) ခရီးသည် ၁၇၆ ဦးသေဆုံးခဲ့ရသည့် တီဟီရန်မြို့အနီး၌ ပျက်ကျသွားခဲ့သော ယူကရိန်းအပြည်ပြည်ဆိုင်ရာလေကြောင်းလိုင်းပိုင် ခရီးသည်တင်လေယာဉ်ပျက်ကျမှုသည် အီရန်နိုင်ငံ၏ မြေပြင်မှ ဝေဟင်ပစ်ဒုံးကျည်တစ်စင်း ထိမှန်ခဲ့ခြင်းဖြစ်သည်ကို ၎င်း၏အစိုးရအဖွဲ့က ရှာဖွေဖော်ထုတ်ခဲ့ကြောင်း ကနေဒါနိုင်ငံဝန်ကြီးချုပ် မစ္စတာဂျက်စတင် ထရူးဒို က ဇန်နဝါရီ ၉ ရက်တွင် ပြောကြားခဲ့သည်။
ဝါရှင်တန် ၊ ဇန်နဝါရီ ၉ ရက်(ဆင်ဟွာ) ဇန်နဝါရီ ၇ ရက်က အီရတ်နိုင်ငံရှိ အမေရိကန်စစ်အခြေစိုက်စခန်းများအား ဦးတည်ပစ်လွှတ်ခဲ့သည့် အီရန်၏ ဒုံးကျည်တိုက်ခိုက်မှုများအတွင်း အမေရိကန်ဘက်က အထိအခိုက် အသေအပျောက် မရှိကြောင်း နှင့် အမေရိကန်အနေဖြင့် အီရန်နိုင်ငံအပေါ် ပိတ်ဆို့မှုများ ထပ်မံတိုးမြှင့်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သမ္မတဒေါ်နယ်ထရမ့်က ဇန်နဝါရီ ၈ ရက်တွင်...
တီဟီရန်၊ ဇန်နဝါရီ ၈ ရက် (ဆင်ဟွာ) အီရန်နိုင်ငံ ထိပ်တန်းခေါင်းဆောင် အယာတိုလာ အလီ ခါမေနီ (Ayatollah Ali Khamenei) က အီရတ်နိုင်ငံရှိ အမေရိကန် အခြေစိုက်စခန်းနှစ်ခုကို ဒုံးကျည်များဖြင့်တိုက်ခိုက်ခဲ့ပြီးနောက် ဒေသတွင်းမှ အမေရိကန် တပ်ဖွဲ့များထွက်သွားရန် ဇန်နဝါရီ ၈ ရက်တွင် တောင်းဆိုလိုက်သည်။
ဘဂ္ဂဒက်၊ ဇန်နဝါရီ ၈ ရက်(ဆင်ဟွာ) အီရန်က အခြေအနေပိုတင်းမာလာအောင် ၊ စစ်မက်ဖြစ်ပွားအောင် လုပ်ဆောင်နေခြင်း မဟုတ်သော်လည်း ကျူးကျော်မှုမှန်သမျှကို ကာကွယ်သွားမည်ဟု အီရန်နိုင်ငံခြားရေးဝန်ကြီး မိုဟာမက် ဂျာဗက်ဇာရစ်ဖ် (Mohammad Javad Zarif)က ဇန်နဝါရီ ၈ ရက်တွင် ပြောကြားခဲ့သည်။
တီဟီရန်၊ ဇန်နဝါရီ ၈ ရက် (ဆင်ဟွာ) အီရန်နိုင်ငံ အရှေ့တောင်ပိုင်း ကာမန်မြို့တွင် ပြုလုပ်သည့် ဗိုလ်ချုပ်ကြီး ကာဆမ် ဆိုလီမန်နီ (Qassem Soleimani) ၏ ဈာပနအခမ်းအနား၌ လူအုပ်ပိမှုကြောင့် သေဆုံးသူ ၅၆ ဦးထက်မနည်းရှိလာပြီဖြစ်ကြောင်း အီရန် အရေးပေါ်အခြေအနေစင်တာ အကြီးအကဲက ပြောကြားခဲ့သည်။
တီဟီရန်၊ ဇန်နဝါရီ ၈ ရက် (ဆင်ဟွာ)
ဝါရှင်တန် ၊ ဇန်နဝါရီ ၈ ရက်(ဆင်ဟွာ) အီရတ်နိုင်ငံအတွင်းရှိ အမေရိကန်စစ်တပ် နှင့် မဟာမိတ်တပ်ဖွဲ့ဝင်များအား အီရန်နိုင်ငံက ပဲ့ထိန်းဒုံးကျည် တစ်ဒါဇင်ကျော်ဖြင့် ပစ်ခတ်တိုက်ခိုက်ကြောင်း အမေရိကန်နိုင်ငံ ပင်တဂွန်စစ်ဌာနချုပ်က ဇန်နဝါရီ ၇ ရက်တွင် အတည်ပြုပြောကြားခဲ့သည်။
တီဟီရန်၊ဇန်နဝါရီ ၇ ရက်(ဆင်ဟွာ) လုပ်ကြံသတ်ဖြတ်ခံရသော အီရန်နိုင်ငံ၏ ထိပ်တန်းစစ်ဘက်ခေါင်းဆောင်တစ်ဦးဖြစ်သူ ဗိုလ်ချုပ်ကြီးဆိုလီမန်နီ (Qassem Soleimani) ၏ အသုဘအခမ်းအနားကို ဇန်နဝါရီ ၆ ရက်တွင်ပြုလုပ်ခဲ့ပြီး အီရန်ပြည်သူထောင်ပေါင်းများစွာ လိုက်ပါပို့ဆောင်ခဲ့ကြောင်း သိရသည်။
တီဟီရန် ၊ ဇန်နဝါရီ ၅ ရက်(ဆင်ဟွာ) ဇန်နဝါရီ ၃ ရက်က အီရတ်နိုင်ငံ ဘဂ္ဂဒတ်လေဆိပ်အနီး၌ အမေရိကန်၏ လေကြောင်းတိုက်ခိုက်မှုတစ်ခုအတွင်း သေဆုံးသွားသည့် အီရန်နိုင်ငံ၏ ထိပ်တန်းစစ်ဘက်ခေါင်းဆောင် ဗိုလ်ချုပ်ကြီး Qasem Soleimani အတွက် အီရန်ပြည်သူများက ဝမ်းနည်းပူဆွေးခဲ့ကြပြီး နိုင်ငံမြို့တော် တီဟီရန်မြို့၌ ဖယောင်တိုင်းမီးများ ထွန်းညှိကာ ဆုတောင်းမေတ္တာပို့သခဲ့ကြသည်။
ဘဂ္ဂဒတ် ၊ ဇန်နဝါရီ ၃ ရက်(ဆင်ဟွာ) အီရန်နိုင်ငံထိပ်တန်းတပ်မှူး ဗိုလ်ချုပ် Qasem Soleimani သည် ယနေ့(ဇန်နဝါရီ ၃ ရက်) နံနက်အစောပိုင်းတွင် အီရတ်နိုင်ငံ ဘဂ္ဂဒတ်လေဆိပ်၌ အမေရိကန်၏ တိုက်ခိုက်မှုတစ်ခုအတွင်း သေဆုံးသွားကြောင်း အီရတ်နိုင်ငံပိုင် ရုပ်သံက သတင်းဖော်ပြခဲ့သည်။