Culture & Entertainment4 years ago
တနင်္သာရီတိုင်းဒေသကြီး၏ ဒေသထွက်ကုန်တစ်ခုဖြစ်သော ကမ်းဇော်ဆီအား ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်အဖြစ်ယူနက်စကိုသို့ တင်သွင်းရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိ
ရန်ကုန်၊ ဒီဇင်ဘာ ၁၉ ရက် (ဆင်ဟွာ) ရေးသားသူ/အေးလပြည့် တနင်္သာရီတိုင်းဒေသကြီး၏ ဒေသထွက်ကုန်တစ်ခုဖြစ်သော ကမ်းဇော်ဆီ အား ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်အဖြစ်ယူနက်စကိုသို့ တင်သွင်းရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း တနင်္သာရီတိုင်းဒေသကြီး၊ သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန၊လက်ထောက်ညွှန်ကြားရေးမှူး ဦးခင်မောင်စိုးက ဆင်ဟွာသို့ ဒီဇင်ဘာ ၁၉ ရက်တွင်ပြောသည်။