ပေကျင်း၊ အောက်တိုဘာ ၁ ရက် (ဆင်ဟွာ) ရုရှားနိုင်ငံ တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုရန်ပုံငွေအဖွဲ့(RDIF)သည် အီဂျစ်နိုင်ငံ ဧရာမဆေးကုမ္ပဏီကြီးနှင့် စက်တင်ဘာ ၃၀ ရက်က သဘောတူလက်မှတ်ရေးထိုးခဲ့ရာ ယင်းသဘောတူညီချက်အရအီဂျစ်သို့ “Sputnik V” ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေး ၂၅ သန်း ပံ့ပိုးမည်ဖြစ်ပြီး အီဂျစ်လူဦးရေ၏ လေးပုံတစ်ပုံကို လွှမ်းခြုံနိုင်မည်ဟု မျှော်လင့်ရကြောင်းသိရသည်။
မော်စကို၊ ဩဂုတ် ၁၂ ရက်(ဆင်ဟွာ) ရုရှားနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာနက နိုင်ငံအတွင်း သုတေသနပြုထုတ်လုပ်သည့် ပထမဆုံး ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးကို မှတ်ပုံတင်ပေးလိုက်ပြီဖြစ်ကြောင်း ရုရှားနိုင်ငံ သမ္မတ ပူတင်က ဩဂုတ် ၁၁ ရက်တွင် ပြောကြားခဲ့သည်။