ကျိုချွမ်၊ ဇန်နဝါရီ ၁၄ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ ကိုဖီသဲကန္တာရ ရှိ ကျိုချွမ်ဂြိုဟ်တုလွှတ်တင်ရေး စင်တာက ပေကျင်းစံတော်ချိန် ဇန်နဝါရီ ၁၃ ရက် နေ့လည် ၃း၁၀နာရီတွင် မြေအရင်းအမြစ် ရှာဖွေဖော်ထုတ်ရေး ဂြိုဟ်တုတစ်လုံးအား သတ်မှတ်ဂြိုဟ်ပတ်လမ်းကြောင်း အတွင်းသို့ လွှတ်တင်ခဲ့ကြောင်း သိရသည်။
ရန်ကုန် ၊ ဇူလိုင် ၃ ရက်(ဆင်ဟွာ) နိုင်ငံပိုင်ဂြိုဟ်တုစနစ် တည်ထောင်ရေး လျင်မြန်စွာ အကောင်အထည်ဖော် နိုင်ရန် ဝိုင်းဝန်း ကြိုးပမ်း ဆောင်ရွက် သွားကြရမည် ဖြစ်ကြောင်း မြန်မာနိုင်ငံပိုင် ဂြိုဟ်တုစနစ် တည်ထောင်ရေး ဦးဆောင်ကော်မတီ ဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးမြင့်ဆွေက ယနေ့ဇူလိုင် ၃ ရက်တွင် နေပြည်တော်ရှိ...
ကျူချွမ်၊ မတ် ၃ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံသည် ဖေဖော်ဝါရီ ၃ ရက်က “TK-1” အမည်ရှိ စမ်းသပ်ရေး ဂြိုဟ်တုတစ်လုံးအား နိုင်ငံ၏ အနောက်မြောက်ပိုင်းရှိ ကျူချွမ်ဂြိုဟ်တုလွှတ်တင်ရေးစင်တာမှ လွှတ်တင်ခဲ့ကြောင်း သိရသည်။
ရှီးချန်း၊ စီချွမ်၊ သြဂုတ် ၆ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံသည် မိုဘိုင်း ဆက်သွယ်ရေးအတွက် ပထမဆုံး ဆက်သွယ်ရေး ဂြိုဟ်တုအား သြဂုတ်လ ၆ ရက် နံနက် အစောပိုင်း က အောင်မြင်စွာ လွှတ်တင်ခဲ့ကြောင်း သိရသည်။
စီချွမ်၊ ဒီဇင်ဘာ ၁၀ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံသည် နိုင်ငံ အနောက်တောင်ပိုင်း စီချွမ် ဂြိုဟ်တု လွှတ်တင်ရေး စင်တာမှ ဆက်သွယ်ရေး ဂြိုဟ်တုသစ်အား ဂြိုဟ်ပတ်လမ်းကြောင်း အတွင်းသို့ ဒီဇင်ဘာလ ၁၀ ရက် နံနက်ပိုင်းတွင် လွှတ်တင် နိုင်ခဲ့ကြောင်း သိရသည်။
ရှီးချန်း၊ နိုဝင်ဘာလ ၄ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံသည် အနောက်တောင်ပိုင်း ရှီးချန်း ဂြိုဟ်တု လွှတ်တင်ရေး စင်တာမှ ဆက်သွယ်ရေး ဂြိုဟ်တု အသစ် တစ်လုံးအား နိုဝင်ဘာလ ၄ ရက်နေ့ နံနက်တွင် ဂြိုဟ်ပတ်လမ်း အတွင်းသို့လွှတ်တင် နိုင်ခဲ့ကြောင်း သိရသည်။
ကျိုချန်း၊ အောက်တိုဘာလ ၂၇ ရက် (ဆင်ဟွာ) တရုတ်သည် Tianhui-1C မြေပုံကြည့် ဂြိုဟ်တု အား အနောက်မြောက်ပိုင်း ပြည်နယ် ဂန်ဆု ရှိ ကျိုချန်း ဂြိုဟ်တု လွှတ်တင်ရေး စခန်းမှ အောက်တိုဘာလ ၂၆ ရက်နေ့ ၊ နေ့လည် ၃း၁၀ မိနစ်တွင် ဂြိုဟ်ပတ်...
ရှီးချန်း ၊ အောက်တိုဘာ ၁၇ ရက် (ဆင်ဟွာ) တရုတ် နိုင်ငံ ရှီးချန်း ဂြိုဟ်တု လွှတ်တင် စခန်းမှ အောက်တိုဘာ ၁၇ ရက်နေ့ ဒေသ စံတော်ချိန် မနက် ၀ နာရီ ၁၆ မိနစ် တွင် ချန်ကျိမ်း-၃ သယ်ယူ ပို့ဆောင်ရေး...
ပေကျင်း၊ အောက်တိုဘာ ၇ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံသည် ကုဗတုံးပုံ ဂြိုဟ်တု (CubeSats) သုံးခုကို အရပ်ဖက် လေယာဉ်နှင့် သင်္ဘော လမ်းကြောင်းများ ခြေရာခံရန် လွှတ်တင်ခဲ့ပြီး အဆိုပါ လုပ်ဆောင်မှုသည် MH 370 လေယာဉ် ပျောက်ဆုံးမှု ကဲ့သို့သော ကြေကွဲဖွယ် အဖြစ်ဆိုးများမှ ရှောင်လွှဲနိုင်ရန်...