China10 hours ago
ဟူးလွန်ပေ့အယ်မြက်ခင်းပြင်ကြီး၏ ပန်းချီကားသဖွယ် ဆောင်းဦးအလှမြင်ကွင်း
ဟူးလွန်ပေ့အယ် (အတွင်းမွန်ဂိုးလီးယား)၊ ဩဂုတ် ၂၈ ရက် (ဆင်ဟွာ) ဆောင်းဦးအစကာလတွင် တရုတ်နိုင်ငံ အတွင်းမွန်ဂိုလီးယားကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ ဟူးလွန်ပေ့အယ်မြက်ခင်းပြင်ကြီး၏ မြက်ခင်းအရောင်မှာ တဖြည်းဖြည်း အဝါရောင်သန်းလာကြသည်။ ကျယ်ပြန့်လှသော မြက်ခင်းပြင်ကြီးပေါ်၌ ရွှေ့ပြောင်းမွေးမြူရေးလူမျိုးစုများသည် ရိတ်သိမ်းထားသော စားကျက်မြက်များကို ချည်လိပ်များကဲ့သို့ ထုပ်ပိုးထားပြီး အုပ်စုလိုက်ကျက်စားနေသော နွား၊ သိုးနှင့် မြင်းများသည် ယင်းတို့အကြားတွင် အေးချမ်းစွာလျှောက်သွားလျက်ရှိရာ...