မြန်မာ-ENG2 minutes ago
အရှေ့အလယ်ပိုင်းဒေသစစ်ပွဲနှင့် ပတ်သက်၍ ဆွေးနွေးညှိနှိုင်းမှုသို့ ပြန်လှည့်ရန် တရုတ်နိုင်ငံက တိုက်တွန်းကြောင်း ပြောရေးဆိုခွင့်ရှိသူ ပြောကြား
ပေကျင်း၊ မတ် ၂၄ ရက် (ဆင်ဟွာ) အရှေ့အလယ်ပိုင်းဒေသရှိ ပဋိပက္ခတွင် ပါဝင်ပတ်သက်နေသူများအနေဖြင့် စစ်ဆင်ရေးများကို ချက်ချင်းရပ်တန့်ရန်၊ ဆွေးနွေးညှိနှိုင်းမှုဘက်သို့ ပြန်လှည့်ရန်နှင့် အစကတည်းက မဖြစ်သင့်သော စစ်ပွဲကို ဆက်လက်မဆင်နွှဲရန် တရုတ်နိုင်ငံက ပြင်းပြင်းထန်ထန် တိုက်တွန်းကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက ပေကျင်းတွင် မတ် ၂၃ ရက်၌ ပြောကြားခဲ့သည်။