တရုတ်နိုင်ငံက ရင်းနှီးမြှုပ်နှံထားသည့် ဖနွမ်းပင်မြို့ နှင့် Preah Sihanouk ပြည်နယ်တို့အား ဆက်သွယ်ထားသော အမြန်လမ်းသည် ခရီးသွားလာမှုအား အရှိန်မြှင့်တင်ပေးပြီး ကမ္ဘောဒီးယားနိုင်ငံအတွက် အရည်အချင်းများ ဖွံ့ဖြိုးတိုးတက်ရေး ကူညီပေးကြောင်း သိရသည်။(Xinhua) xhtxs.cn/xxt ———————— (English Version) Chinese-invested expressway connecting Phnom Penh and...
တရုတ်နိုင်ငံက အဆိုပြုသည့် ကမ္ဘာလုံးဆိုင်ရာဖွံ့ဖြိုးတိုးတက်မှုအဆိုပြုချက်(GDI)သည် ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံများအား COVID-19 ကပ်ရောဂါမှ နာလန်ထူရေး နှင့် ဆင်းရဲနွမ်းပါးမှုလျော့ချရေးအတွက် ပံ့ပိုးရာတွင် အရေးပါကြောင်း ကမ္ဘာဒီးယား ဒုတိယဝန်ကြီးချုပ် နှင့် နိုင်ငံခြားရေးဝန်ကြီး ပရက်ဆော့ခွန်းက ပြောကြားခဲ့သည်။ (Xinhua) xhtxs.cn/xvU ——————— (English Version) China-proposed Global Development Initiative...
စီချွမ်း၊ ဇူလိုင် ၁၅ ရက် (ဆင်ဟွာ) နေရာင်ခြည်စွမ်းအင်လုံလောက်စွာရရှိသည့် စီချွမ်းပြည်နယ်တွင် နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓါတ်အားပေးစက်ရုံသစ်တစ်ခု တည်ဆောက်ထားလျက်ရှိရာ ၎င်းမှာတရုတ်နိုင်ငံက ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် ကို အသုံးပြုပြီး ကာဘွန်ထုတ်လွှတ်မှုများ လျှော့ချရန်နှင့် ကာဘွန် ကင်းစင်ရေးမျှော်မှန်းချက်များကိုပြည့်မီရန် အားထုတ်နေသော အရေးပါသည့် ကြိုးပမ်းအားထုတ်မှု ၏ တစ်စိတ်တစ်ပိုင်းဖြစ်လာခဲ့သည်။ (Xinhua) https://fb.watch/egDpj5mWUy/ ………………….....
တရုတ်နိုင်ငံ၏ ရပ်ဝန်းနှင့်ပိုးလမ်းမအဆိုပြုချက်(BRI)က အာဆီယံတွင် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအား ပံ့ပိုးပေးရာတွင် အရေးပါသောအခန်းကဏ္ဍမှ ပါဝင်ကြောင်း ပညာရှင်များက ပြောကြားခဲ့သည်။ (Xinhua) xhtxs.cn/xpb ………………………. (English Version) China’s Belt and Road Initiative (BRI) plays a vital role in supporting...
တရုတ်နိုင်ငံ နှင့် ဗီယက်နမ်နိုင်ငံတို့သည် တရုတ်နိုင်ငံတောင်ပိုင်း ကွမ်ရှီး(ကျွမ့်လူမျိုး)ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နန်နင်းမြို့၌ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ အစည်းအဝေးအား ပြုလုပ်ခဲ့သည်။ နှစ်ဘက်လုံးက မဟာဗျူဟာမြောက်အရေးပါမှုဖြင့် ကံကြမ္မာအကျိုးတူအသိုက်အဝန်းတစ်ခု တည်ဆောက်ရေး ဦးတည်လုပ်ဆောင်ရန် သဘောတူခဲ့ကြောင်း သိရသည်။ (Xinhua) xhtxs.cn/xoh ………………………………….. (English Version) China, Vietnam hold meeting on...
တရုတ်နိုင်ငံက ယခုနှစ်မကုန်မီ ကမ္ဘာ့ထိပ်တန်း ကုန်သေတ္တာဆိပ်ကမ်း ၂၀ ခုတွင် ၉ ခု ရှိလာရန် မျှော်မှန်းထားကြောင်း တရုတ်သိပ္ပံအကယ်ဒမီ(CAS)က ထုတ်ပြန်သည့် ခန့်မှန်းချက်အစီရင်ခံစာအရ သိရသည်။ (Xinhua) xhtxs.cn/xok …………………………………….. (English Version) China is expected to have nine of...
ဇီဝမျိုးစုံမျိုးကွဲများ ပေါကြွယ်ဝခြင်းကြောင့် နာမည်ကြီးသော တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ယူနန်ပြည်နယ်ရှိ ရှုခင်းသာနေရာများသည် COVID-19 ရောဂါဖြစ်ပွားမှုများအား ထိရောက်စွာ ထိန်းချုပ်ခြင်း နှင့် အားကောင်းသော မူဝါဒလှုံ့ဆော်မှုများကြောင့် ခရီးသွားများဖြင့် ပျားပန်းခပ်မျှ ပြန်လည်စည်ကားနေပြီ ဖြစ်ကြောင်း သိရသည်။ (Xinhua) xhtxs.cn/xnf ———————— (English Versiion) Scenic sites...
တရုတ်နိုင်ငံ၏ ပြည်ပ ကုန်စည်ကုန်သွယ်မှုသည် ယခုနှစ်၏ ပထမနှစ်ဝက်တွင် ၉.၄ ရာခိုင်နှုန်း မြင့်တက်လာခဲ့သည်။ သွင်းကုန်များမှာ ယမန်နှစ်ကထက် ၄.၈ ရာခိုင်နှုန်းဖြင့် ယွမ် ၈.၆၆ ထရီလီယံ မြင့်တက်ခဲ့သလို ပို့ကုန်အနေဖြင့်လည်း ယမန်နှစ်ကထက် ၁၃.၂ ရာခိုင်နှုန်းဖြင့် ယွမ် ၁၁.၁၄ ထရီလီယံ မြင့်တက်ခဲ့သည်။ (Xinhua) xhtxs.cn/xmV...
တရုတ်နိုင်ငံက အချက်အလက်ထပ်ဆင့်လွှင့်ဂြိုဟ်တုသစ်တစ်စင်းအား နိုင်ငံအနောက်တောင်ပိုင်း စီချွမ်းပြည်နယ် ရှီးချန်း ဂြိုဟ်တုလွှတ်တင်ရေးစင်တာမှ ဂြိုဟ်ပတ်လမ်းအတွင်းသို့ လွှတ်တင်ခဲ့ကြောင်း သိရသည်။(Xinhua) ——————— (English Version) China sent a new data relay satellite into orbit from the Xichang Satellite Launch...
ဟောင်ကောင်အရေး အပါအဝင် တရုတ်နိုင်ငံ၏ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်ခြင်း၊ တရုတ်နိုင်ငံ၏ အမျိုးသားလုံခြုံရေးနှင့် ဟောင်ကောင်၏ ချမ်းသာကြွယ်ဝခြင်း နှင့် တည်ငြိမ်မှု လျော့ပါးစေခြင်း စသည်တို့အား ရည်ရွယ်သည့် မည်သည့် လုပ်ဆောင်ချက်နှင့် လှုပ်ရှားမှုမှန်သမျှအား ခွင့်ပြုမည် မဟုတ်ကြောင်း နှင့် ပျက်စီးဆုံးရှုံးရမည်သာ ဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့သည်။ (Xinhua)...