ပေကျင်း၊ နိုဝင်ဘာ ၆ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ သတင်းစာဆရာများအသင်းက နိုင်ငံ၏ဂုဏ်သိက္ခာအရှိဆုံးသတင်းစာပညာဆုတစ်ခုဖြစ်သည့် ၃၅ ကြိမ်မြောက် တရုတ်နိုင်ငံသတင်းစာပညာဆု ရရှိသူများကို နိုဝင်ဘာ ၅ ရက်က ကြေညာခဲ့သည်။
ပေကျင်း၊ နိုဝင်ဘာ ၅ ရက် (ဆင်ဟွာ) တရုတ်ပြည်လုံးဆိုင်ရာ ပြည်သူ့ကွန်ဂရက် (NPC) အမြဲတမ်းကော်မတီ ဥက္ကဋ္ဌ ကျောက်လဲ့ကျိသည် ပစိဖိတ်ကျွန်းနိုင်ငံများမှ ကိုယ်စားလှယ်များ နှီးနှောဖလှယ်ပွဲသို့ တက်ရောက်လာသူများအား ပေကျင်းမြို့တွင် နိုဝင်ဘာ ၄ ရက်က လက်ခံတွေ့ဆုံခဲ့ကြောင်း သိရသည်။
ပေကျင်း၊ နိုဝင်ဘာ ၅ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ၏ ထိပ်တန်းနိုင်ငံရေးအတိုင်ပင်ခံအဖွဲ့က ကြီးမြတ်သောအမျိုးသားခေါင်းဆောင်ဖြစ်သူ တရုတ်နိုင်ငံ ဒီမိုကရက်တစ်တော်လှန်ရေး၏ရှေ့ဆောင်လမ်းဖောက်သူ မျိုးချစ်ပုဂ္ဂိုလ်ကြီး ဆွန်ယက်ဆင်၏ နှစ် ၁၆၀ ပြည့် မွေးနေ့အထိမ်းအမှတ်ပွဲကျင်းပရန် အတည်ပြုခဲ့ကြသည်။
တရုတ်နိုင်ငံက မုန့်ကျိုး-၁ လူလိုက်ပါသော မျိုးဆက်သစ် အာကာသယာဉ်အား ၂၀၂၆ ခုနှစ်တွင် လွှတ်တင်မည်ဖြစ်ကြောင်း တရုတ်နိုင်ငံ လူလိုက်ပါသောအာကာသအေဂျင်စီ (CMSA) ၏ ပြောကြားချက်အရ သိရသည်။ (Xinhua) ……………… (English Version) China to launch new-generation crewed spaceship in 2026...
တရုတ်နိုင်ငံနှင့် အရှေ့တောင်အာရှဒေသကြား ရွှေရောင်တံခါးပေါက်ကြီးတစ်ချပ်မှာ ယခင်ကထက်ပင် တိုးတက်အောင်မြင်မှုများ ဖြစ်ထွန်းနေပြီဖြစ်သည်။ တရုတ်-လာအို ရထားလမ်းမှာ ယခုအခါ ကုန်စည်တန်ချိန် သန်း ၇၀ ကျော်ကို သယ်ယူပို့ဆောင်ပေးခဲ့ပြီးဖြစ်ရာ ဒေသတွင်း ကုန်သွယ်ရေးနှင့် စီးပွားရေးဖွံ့ဖြိုးမှုအတွက် အလွန်အားကောင်းသော မောင်းနှင်အားအဖြစ် ယင်း၏အခန်းကဏ္ဍကို ပီပြင်ခိုင်မာစေခဲ့သည်။ (Xinhua) …………………………………. (English Version) China-Laos...
ပေကျင်း၊ နိုဝင်ဘာ ၃ ရက် (ဆင်ဟွာ) ၁၄ ကြိမ်မြောက် တရုတ်ပြည်သူ့နိုင်ငံရေးအတိုင်ပင်ခံကွန်ဖရင့် (CPPCC) ပြည်လုံးဆိုင်ရာကော်မတီ၏ ၁၄ ကြိမ်မြောက်အစည်းအဝေး နိုဝင်ဘာ ၁ ရက်ညနေက ကျင်းပပြီးစီးခဲ့ကြောင်း သိရသည်။ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရို အမြဲတမ်းကော်မတီအဖွဲ့ဝင်နှင့် CPPCC ပြည်လုံးဆိုင်ရာ ကော်မတီ ဥက္ကဋ္ဌ ဝမ်ဟုနင်က...
ပေကျင်း၊ နိုဝင်ဘာ ၃ ရက် (ဆင်ဟွာ) ကနေဒါနိုင်ငံသို့ ခရီးသွားလုပ်ငန်းများမှတစ်ဆင့် တရုတ်နိုင်ငံသားများ ခရီးသွားလာနိုင်ရေးအတွက် အဖွဲ့လိုက်ခရီးစဥ်များ ပြန်လည်စတင်ရန် တရုတ်နိုင်ငံက ဆုံးဖြတ်လိုက်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရသူက နိုဝင်ဘာ ၃ ရက်၌ ပြောကြားခဲ့သည်။ တရုတ်နိုင်ငံသားများ၏ ပြည်ပခရီးသွားရောက်မှုများနှင့် ဆက်စပ်နေသည့် ခရီးစဥ်နေရာဒေသများ၏ ခရီးသွားလာရေးပတ်ဝန်းကျင်တို့ကို ပြည့်စုံစွာစဥ်းစားခြင်းရလဒ်ဖြစ်ကြောင်း ပြောရေးဆိုခွင့်ရှိသူ...
ဟားအယ်ပင်း၊ နိုဝင်ဘာ ၃ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံလေကြောင်းပျံသန်းမှုကဏ္ဍ၏ ဝေဟင်နိမ့်ပျံသန်းရေးယာဥ်ခေတ်ဆီသို့ ဦးတည်သော အဓိကခြေလှမ်းတစ်ရပ်ဟု မှတ်ယူရမည့် တန်ချီသယ်ဆောင်နိုင်သည့်အမျိုးအစား(tonne-class) မောင်းသူမဲ့ ရဟတ်ယာဥ်အသစ် T1400 သည် ၎င်း၏ပထမဆုံးပျံသန်းမှုကိုအောင်မြင်စွာလုပ်ဆောင်နိုင်ခဲ့ကြောင်း သိရသည်။ United Aircraft ဂရု(ပ်) လက်အောက်ခံ Harbin United Aircraft Technology ကုမ္ပဏီလီမိတက်...
နန်းဟိုင် (ဝန်ချန်း)၊ နိုဝင်ဘာ ၃ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံက နိုဝင်ဘာ ၃ ရက် နံနက် ၁၁ နာရီ ၄၇ မိနစ်တွင် ဝန်ချန်း အာကာသယာဉ် လွှတ်တင်ရေးစခန်း၌ Long March-7 ပြုပြင်ထားသော ပို့ဆောင်ရေးဒုံးပျံကိုအသုံးပြု၍ Yaogan-46 ဂြိုဟ်တုအား အောင်မြင်စွာ လွှတ်တင်ခဲ့ရာ...
နန်းနင်၊ နိုဝင်ဘာ ၂ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ ကွမ်ရှီး(ကျွမ့်)ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသရှိ ကျေးလက်ဒေသများသည် တောင်တန်းများထူထပ်ပေါများပြီး မြေပြန့်နည်းပါးရာ ကျေးရွာအများစုသည် တောင်များကိုမှီခို၍ တည်ဆောက်ထားကြသည်။ မြင့်မားထည်ဝါသောတောင်တန်းများသည် ရေအရင်းအမြစ်များကို ကာလရှည်ကြာစွာ ထိန်းသိမ်းပေးခဲ့ပြီး စမ်းချောင်းများ၊ သစ်ပင်သစ်တောများကို ပျိုးထောင်ပေးကာ ဤဒေသရှိလူများအား ပြုစုပျိုးထောင်ပေး၍ ထူးခြားသောယဉ်ကျေးမှုကို အားဖြည့်တင်းပေးခဲ့သည်။ လူတို့သည်...