ကယ်အယ်မု (ချင်းဟိုင်)၊ နိုဝင်ဘာလ ၃၀ ရက် (ဆင်ဟွာ) ဆောင်းရာသီအစောပိုင်းတွင် တရုတ်နိုင်ငံ ချင်းဟိုင်ပြည်နယ် ဟိုင်ရှီးမွန်ဂိုလီးယားနှင့် ဇန့်လူမျိုး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြည်နယ်ခွဲ၊ ကယ်အယ်မုမြို့ရှိ ချာအော်ဟန့် ဆားကန်ရေပြင်နှင့် ကောင်းကင်အရောင်မှာ တသားတည်းဖြစ်ပြီး ရှုခင်းမှာ ပန်းချီကားသဖွယ် လှပနေသည်။ ချာအော်ဟန့် ဆားကန်သည် ချင်းဟိုင်ပြည်နယ် ချိုင်အာမု မြေနိမ့်ချိုင့်ဝှမ်းတွင် တည်ရှိပြီး...
ပေကျင်း၊ နိုဝင်ဘာ ၃၀ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ ရှင်းကျန်း (ဝေဂါ) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၏ ဝါဂွမ်းများသည် ကမ္ဘာ့အကောင်းဆုံးဝါဂွမ်းများအနက် တစ်ခုဖြစ်ကြောင်း၊ သက်ဆိုင်ရာကုမ္ပဏီလုပ်ငန်းများအနေဖြင့် ၎င်းတို့၏ ကိုယ်ပိုင် အကျိုးစီးပွားနှင့် ကိုက်ညီသော စီးပွားရေးဆိုင်ရာ ဆုံးဖြတ်ချက်များကို လွတ်လပ်စွာ ကိုယ်တိုင် ချမှတ်နိုင်မည်ဟု မျှော်လင့်ကြောင်း တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ...
တရုတ်နိုင်ငံအနေဖြင့် လွန်ခဲ့သောနှစ်များအတွင်း မိမိတို့၏ ဖွံ့ဖြိုးတိုးတက်မှု အတွေ့အကြုံများကို မျှဝေပေးခဲ့ပြီး အခြားသော ဖွံ့ဖြိုးဆဲနိုင်ငံများ၌ ကျေးလက်ဒေသ လမ်းပန်းဆက်သွယ်ရေး အခြေခံအဆောက်အအုံများ တည်ဆောက်ရာတွင် အကူအညီပေးကာ ဆင်းရဲနွမ်းပါးမှု လျှော့ချရေး၊ ပြည်သူများ၏ လူမှုဘဝဖူလုံရေးနှင့် ရေရှည်တည်တံ့သော ကမ္ဘာလုံးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုတို့ကို ထိထိရောက်ရောက် ပံ့ပိုးပေးခဲ့ကြောင်း နိုဝင်ဘာ ၂၉ ရက်က ထုတ်ပြန်သည့်...
တရုတ်နိုင်ငံနှင့် ရုရှားနိုင်ငံတို့က မဟာဗျူဟာမြောက် ပူးတွဲလေကြောင်းကင်းလှည့်မှုအား ဂျပန်ပင်လယ်၌ ပြုလုပ်ခဲ့သည်ဟု တရုတ်နိုင်ငံ အမျိုးသားကာကွယ်ရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။ ၉ ကြိမ်မြောက်ဖြစ်သည့် အဆိုပါ ကင်းလှည့်မှုအား တပ်မတော်နှစ်ရပ်အကြား နှစ်စဉ်ပြုလုပ်မြဲ ပူးပေါင်းဆောင်ရွက်မှု အစီအစဉ် တစ်စိတ်တစ်ဒေသအဖြစ် ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ (Xinhua) …………………….. (English Version)...
တရုတ်နိုင်ငံထုတ် လျှပ်စစ်မော်တော်ကား (EVs) များအတွက် နှုန်းထားညှိနှိုင်းမှု အစီအစဉ်နှင့် စပ်လျဉ်း၍ တရုတ်နိုင်ငံနှင့် ဥရောပသမဂ္ဂ (အီးယူ) အကြား ဆွေးနွေးညှိနှိုင်းမှုများက တိုးတက်မှုရရှိခဲ့ကာ ဆွေးနွေးမှုများကို ဆက်လက်လုပ်ဆောင်ဆဲဖြစ်ကြောင်း တရုတ်နိုင်ငံ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက နိုဝင်ဘာ ၂၈ ရက်၌ ပြောကြားခဲ့သည်။ (Xinhua) သတင်းအပြည့်အစုံကို ဖော်ပြပါလင့်ခ်တွင်...
ထျန်းကျင်း၊ နိုဝင်ဘာ ၂၉ ရက် (ဆင်ဟွာ) Bozhong 26-6 ရေနံမြေအတွက် ရေပေါ်စခန်း တည်ဆောက်မှု ပြီးစီးခဲ့ပြီ ဖြစ်ကြောင်း တရုတ်နိုင်ငံ အမျိုးသားကမ်းလွန်ရေနံကော်ပိုရေးရှင်း (CNOOC) က နိုဝင်ဘာ ၂၈ ရက်တွင် ကြေညာခဲ့သည်။ ရေပေါ်စခန်းတည်ဆောက်မှုက စီမံကိန်း ဗဟိုပလက်ဖောင်း အဆင့် ၁ ၏...
တရုတ်နိုင်ငံအနေဖြင့် ထိုင်ဝမ် အာဏာပိုင်အဖွဲ့ ခေါင်းဆောင် အမေရိကန်နိုင်ငံသို့ မည်သည့်ပုံစံ၊ မည်သည့်အကြောင်းပြချက်ဖြင့်မဆို သွားရောက်ခြင်းကို ဆန့်ကျင်ကန့်ကွက်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် မော်နင်က နိုဝင်ဘာ ၂၈ ရက်၌ ပြောကြားခဲ့သည်။ (Xinhua) သတင်းအပြည့်အစုံကို ဖော်ပြပါလင့်ခ်တွင် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။ xhtxs.cn/ZbO ……………………………………………………… (English Version) China opposes...
တရုတ်နှင့် အင်ဒိုနီးရှား စစ်တပ်တို့က လူသားချင်းစာနာမှု အကူအညီပေးရေးနှင့် သဘာဝဘေးအန္တရာယ် ကယ်ဆယ်ရေး (HADR) ပူးတွဲလေ့ကျင့်မှုကို အင်ဒိုနီးရှားနိုင်ငံ၌ နိုဝင်ဘာလနှောင်းပိုင်းမှ ဒီဇင်ဘာလအစောပိုင်းအထိ ပြုလုပ်မည်ဖြစ်ကြောင်း တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် ပြောခွင့်ရပုဂ္ဂိုလ်က နိုဝင်ဘာ ၂၈ ရက်၌ ပြောကြားခဲ့သည်။ (Xinhua) သတင်းအပြည့်အစုံကို ဖော်ပြပါလင့်ခ်တွင် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။ xhtxs.cn/Zbn ……………………… (English...
တရုတ်နိုင်ငံအနေဖြင့် ၂၀၃၁ ခုနှစ် ဝန်းကျင်၌ အင်္ဂါဂြိုဟ်မှ နမူနာများကို စုဆောင်းရယူ၍ ကမ္ဘာမြေဆီသို့ ပြန်လည်ပို့ဆောင်ရန် ပြင်ဆင်လျက်ရှိကာ ယင်း၏ အဓိကအကျဆုံး သိပ္ပံပညာရပ်ဆိုင်ရာ ရည်မှန်းချက်မှာ ဂြိုဟ်နီ (အင်္ဂါဂြိုဟ်) ၌ သက်ရှိများ ဖြစ်တည်ရှင်သန်မှု လက္ခဏာများကို ရှာဖွေရန်ပင်ဖြစ်ကြောင်း အာကာသတွင်း နက်နက်ရှိုင်းရှိုင်း စူးစမ်းလေ့လာရေး ဓာတ်ခွဲခန်းက နိုဝင်ဘာ...
ရုန်ချိန် (ဆန်းတုန်း)၊ နိုဝင်ဘာ ၂၈ ရက် (ဆင်ဟွာ) နိုဝင်ဘာ ၂၈ ရက်တွင် ဆီးနှင်းများကျပြီးနောက် တရုတ်နိုင်ငံ ဆန်းတုန်းပြည်နယ် ရုန်ချိန်မြို့ရှိ အဏ္ဏဝါမွေးမြူရေးခြံကြီး အသီးသီး၏ ကမ်းလွန်စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ ပုံမှန်ပြန်ဖြစ်ခဲ့သည်။ တံငါသည်များသည် ငါးဖမ်းလှေများနှင့် သမ္ဗန်များကို မောင်းနှင်ကာ ပင်လယ်ပြင်တွင် သွားလာလှုပ်ရှားနေကြပြီး ပင်လယ်ရေမှော်မျိုးစေ့များ ဖြန့်ကြဲစိုက်ပျိုးခြင်း၊ မွေးမြူရေးဖောင်များ...