ပေကျင်း၊ စက်တင်ဘာ ၁၇ ရက် (ဆင်ဟွာ) တရုတ်ကာကွယ်ရေးဝန်ကြီး တုန်ကျွင်းနှင့် ကျူးဘားတော်လှန်ရေးတပ်မတော် ဝန်ကြီးဌာနဝန်ကြီး အယ်လ်ဗာရို လိုပက်ဇ် မီအယ်ရာတို့သည် ပေကျင်းမြို့တွင် စက်တင်ဘာ ၁၆ ရက်က တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။
ပေကျင်း၊ စက်တင်ဘာ ၁၈ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ အမျိုးသားရထားလမ်းပိုင်းမှ သယ်ယူပို့ဆောင်ခဲ့သည့် ကုန်စည်စုစုပေါင်းမှာ ၂၀၂၅ ခုနှစ် ပထမရှစ်လအတွင်း တန်ချိန် ၂.၆၈ ဘီလီယံခန့်ရှိခဲ့ပြီး ယမန်နှစ် ကာလတူကထက် ၃.၅ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း အမျိုးသားမီးရထားလုပ်ငန်းက စက်တင်ဘာ ၁၆ ရက်၌ ထုတ်ပြန်သည့်အချက်အလက်များအရ သိရသည်။
ပေကျင်း၊ စက်တင်ဘာ ၁၇ ရက် (ဆင်ဟွာ) ပြီးခဲ့သည့်နှစ်အတွင်း ပျှမ်းမျှ R&D ရင်းနှီးမြှုပ်နှံမှု ရှစ်နှစ်ဆက်တိုက်မြင့်တက်လာခြင်းနှင့်အတူ တရုတ်နိုင်ငံ၏ ထိပ်တန်းစီးပွားရေးလုပ်ငန်း ၅၀၀ မှာ သုတေသနနှင့်ဖွံ့ဖြိုးမှု(R&D)တွင် သုံးစွဲမှု ပုံမှန်တိုးတက်ခဲ့ကြောင်း တရုတ်စီးပွားရေးလုပ်ငန်းအဖွဲ့ (CEC) နှင့် China Enterprise Directors Association တို့က ထုတ်ပြန်ခြင်း...
ဟစ်ကရီအခွံမာသီးများကို ခူးဆွတ်သည့်ရာသီ ရောက်ရှိနေပြီဖြစ်ရာ တရုတ်နိုင်ငံ၏ ဟစ်ကရီသီးမြို့တော်ဖြစ်သည့် ဟန်ကျိုးမြို့ လျင်အန်းခရိုင်တွင် တောင်သူများက ပင်ပင်ပန်းပန်း လုပ်အားအသုံးပြုခြင်းထက် ဒရုန်းများကို အစားထိုးအသုံးပြုလျက်ရှိသည်။ အလေးချိန် ၄၀ ကီလိုဂရမ်ရှိသော အိတ်များကို တောင်အောက်သို့ မိနစ် ၃၀ ကြာ သယ်ယူပို့ဆောင်မည့်အစား ဒရုန်းများအသုံးပြုကာ အချိန် ငါးမိနစ်ခြောက်မိနစ်တည်းဖြင့် တောင်အောက်သို့ ပို့ဆောင်ပေးနိုင်ပြီဖြစ်သည်။...
ကျိုချွမ်၊ စက်တင်ဘာ ၁၆ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံသည် စက်တင်ဘာ ၁၆ ရက် နံနက် ၉ နာရီ ၆ မိနစ်တွင် ကျိုချွမ် ဂြိုဟ်တု လွှတ်တင်ရေးစင်တာ၌ Long March-2C သယ်ဆောင်ရေးဒုံးပျံ၊ Yuanzheng-1S ဒုံးပျံအပေါ်ဘက်အဆင့်ကို အသုံးပြုကာ ဂြိုဟ်တုအင်တာနက်နည်းပညာအတွက် စမ်းသပ်ဂြိုဟ်တုအား ဝေဟင်သို့...
ဟူးလွန်ပေ့အယ်၊ စက်တင်ဘာ ၁၆ ရက် (ဆင်ဟွာ) ယခုအချိန်တွင် တရုတ်နိုင်ငံ အတွင်းမွန်ဂိုလီးယားကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အဲအယ်ကူနာ့ စိမ့်မြေအရပ်သည် ဆောင်းဦးရာသီ၏ အလှပဆုံးအချိန်ကို ရောက်ရှိလာပြီဖြစ်သည်။ အရောင်အသွေးစုံလင်သော ချုံနွယ်ပင်များဖြင့် ဝေဆာနေပြီး ကွေ့ကွေ့ကောက်ကောက်မြစ်ကြောင်းများသည် အပြာရောင်ဖဲကြိုးကဲ့သို့ ညင်သာစွာစီးဆင်းလျက်ရှိရာ သဘာဝကြီးက အရောင်ခြယ်ဆေးဆိုးလိုက်သည့် ဆေးရောင်စုံဗန်းကဲ့သို့ လှပစွာတည်ရှိနေပေသည်။ (Xinhua) ……………………. (Chinese...
ပေကျင်း၊ စက်တင်ဘာ ၁၆ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ၏ အကြီးစားနှင့် အလတ်စား မြို့ပေါင်း ၇၀ ရှိ လူနေအိမ်ရာစျေးနှုန်းများ လစဥ်စျေးနှုန်းလျော့ကျ လျက်ရှိရာတွင် သြဂုတ်လ၌ ယမန်နှစ်ကထက် စျေးကျဆင်းမှုဆက်လက်သက်သာလာကြောင်း တရားဝင်အချက်အလက်များက စက်တင်ဘာ ၁၅ ရက်၌ ဖော်ပြခဲ့သည်။ တရုတ်နိုင်ငံ၏ ထိပ်တန်းမြို့ကြီးလေးခုဖြစ်သည့် ပေကျင်း ၊...
ဝမ့်နင်၊ စက်တင်ဘာ ၁၆ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ ဟိုင်နန်ပြည်နယ်၊ ဝမ့်နင်မြို့၌ သောင်တင်နေ၍ ကယ်ဆယ်ခဲ့သော လင်းပိုင် “ဝမ့်ဝမ့်” အား စက်တင်ဘာ ၁၄ ရက်တွင် ပင်လယ်ထဲသို့ အောင်မြင်စွာ ပြန်လွှတ်ပေးခဲ့သည်။ “ဝမ့်ဝမ့်” သည် လင်းပိုင်ပြောက် အထီးလေးဖြစ်ပြီး ဇွန် ၁၈ ရက်က...
ဆောင်တူမေး၊ စက်တင်ဘာ ၁၆ ရက် (ဆင်ဟွာ) တရုတ်ပြည်သူများ၏ ဖက်ဆစ်ဂျပန်ခုခံတော်လှန်ရေးစစ်ပွဲက အာဖရိကနိုင်ငံများ၏ လွတ်လပ်ရေးနှင့် အမျိုးသားလွတ်မြောက်ရေး ကြိုးပမ်းလှုပ်ရှားမှုများအတွက် ကြီးကြီးမားမား ခွန်အားဖြစ်စေခဲ့ကြောင်း ဆောင်တူမေးနှင့် ပရင်စီပီနိုင်ငံ (Sao Tome and Principe) သမ္မတဟောင်းဖြစ်သူ အသက် ၈၈ နှစ်အရွယ် မန်နျူရယ် ပင်တို ဒါကော်စတာက...
တရုတ်နိုင်ငံ အလယ်ပိုင်း ကျိန့်ကျိုးမြို့တွင် စက်တင်ဘာ ၁၂ ရက်က ပြုလုပ်သည့် အခမ်းအနားတစ်ခု၌ မော်ရိုကိုနိုင်ငံသို့ ပထမအသုတ် ပို့ဆောင်မည့် Yutong ဘတ်စ်ကား ၇၂၃ စီးအား လွှဲပြောင်းပေးခဲ့ရာ မော်ရိုကိုဈေးကွက်ထဲသို့ Yutong ဘတ်စ်ကားများ ပထမဆုံးအကြိမ် ဝင်ရောက်လာခြင်းဖြစ်သည်။ (Xinhua) ……………….. (English Version) Chinese...