ပေကျင်း၊ ဇန်နဝါရီ ၁၆ ရက် (ဆင်ဟွာ) အမေရိကန် အစိုးရက ပိတ်ပင်ဖွယ်ရှိသည့်အပေါ် စိုးရိမ်မှုများကြောင့် TikTok မှ ကူးပြောင်းလာသည်ဟုဆိုသော ပြည်ပမှ သုံးစွဲသူအသစ်များ ယခုသီတင်းပတ်အတွင်း ရုတ်ခြည်းတိုးပွားလာသည်ကို လူကြိုက်များသော လူမှုကွန်ရက် ပလက်ဖောင်းတစ်ခုရှိ တရုတ်အင်တာနက် သုံးစွဲသူများက သတိပြုမိခဲ့ကြသည်။ Instagram နှင့် Pinterest တို့၏...
တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်နှင့် သီရိလင်္ကာနိုင်ငံ သမ္မတ အနူရာ ကူမာရ ဒစ်ဆနာယာကီတို့ ပေကျင်းမြို့တွင် ဇန်နဝါရီ ၁၅ ရက်၌ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။ (Xinhua) ……………………. (English Version) Chinese, Sri Lankan presidents hold talks in Beijing...
နှစ်နိုင်ငံဆက်ဆံရေး တည်ငြိမ်ခိုင်မာစွာ တိုးတက်မှုကို မြှင့်တင်ရေးအတွက် တောင်ကိုရီးယားနှင့် လက်တွဲလုပ်ဆောင်ရန် တရုတ်နိုင်ငံက အသင့်ရှိပါကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် ကောကျားခွန်းက ဇန်နဝါရီ ၁၅ ရက်၌ ပြောကြားခဲ့သည်။ ဇန်နဝါရီ ၁၅ ရက် အစောပိုင်းတွင် တောင်ကိုရီးယား သမ္မတ ယွန်းဆက်ယို ဖမ်းဆီးခံရမှုနှင့် ပတ်သက်၍ ပုံမှန်သတင်းစာရှင်းလင်းပွဲ၌ မေးမြန်းမှုများကို...
တရုတ်သိပ္ပံပညာရှင်များက သန့်စင်၍ ရေရှည်ခံသော စွမ်းအင်ထုတ်ယူရန် စီမံတည်ဆောက်လျက်ရှိသော နျူကလီးယား ပေါင်းစပ်စွမ်းအင်ထုတ်လုပ်မှု ကိရိယာဖြစ်သည့် နေအတုဖန်တီးရန် သုတေသန အထောက်အကူပြုကိရိယာ တီထွင်ခဲ့ကြောင်း သိရသည်။ (Xinhua) သတင်းအပြည့်အစုံကို ဖော်ပြပါလင့်ခ်တွင် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။ xhtxs.cn/0tb ………………….. (English Version) Chinese scientists develop research platform...
ဗီဇာကင်းလွတ်ခွင့်ပြုသော မူဝါဒများကြောင့် ၂၀၂၄ ခုနှစ်အတွင်း တရုတ်နိုင်ငံသို့ ပြည်ပခရီးသွားများ ဝင်ရောက်လာသည့် ခရီးစဉ်အရေအတွက်မှာ ယမန်နှစ်ထက် နှစ်ဆမြင့်တက်လာခဲ့ကြောင်း သိရသည်။ ပြည်ပခရီးသွားများ ဝင်ရောက်သည့် ခရီးစဉ်အရေအတွက်မှာ သန်း ၂၀ ကျော်ရှိခဲ့ကာ ယမန်နှစ်ထက် ၁၁၂.၃ ရာခိုင်နှုန်း မြင့်တက်လာခြင်းဖြစ်သည်။ (Xinhua) သတင်းအပြည့်အစုံကို ဖော်ပြပါလင့်ခ်တွင် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။ xhtxs.cn/0sD...
တရုတ်နိုင်ငံ အရှေ့ပိုင်း၊ ဆန်းတုန်းပြည်နယ်မှ Smart Dragon-3 ဒုံးပျံတစ်စင်းကို လွှတ်တင်ခဲ့ကာ ၎င်းဒုံးပျံမှာ CentiSpace 01 ဂြိုဟ်တုအစုအဝေးအား သတ်မှတ်ဂြိုဟ်ပတ်လမ်းထဲသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။ အဆိုပါ ဒုံးပျံအား ဟိုင်ရန်မြို့အနီးရှိ ပင်လယ်ပြင်မှ ပေကျင်းစံတော်ချိန် နံနက် ၁၁ နာရီ၌ လွှတ်တင်ခဲ့ခြင်းဖြစ်ကာ ထိုက်ယွမ် ဂြိုဟ်တုလွှတ်တင်ရေးစင်တာက ကမ်းလွန်၌...
လွန်ခဲ့သော သီတင်းပတ်က တရုတ်နိုင်ငံ အနောက်တောင်ပိုင်း၊ ရှီးဇန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ တိန့်ရစ်ခရိုင်၌ ပြင်းအား ၆.၈ မဂ္ဂနီကျုရှိ ငလျင်လှုပ်ခတ်မှုကြောင့် ကွယ်လွန်ခဲ့သူများအတွက် အောက်မေ့ဖွယ် ဆုတောင်းပွဲကို ဇန်နဝါရီ ၁၃ ရက်၌ ပြုလုပ်ခဲ့သည်။ ငလျင်ဒဏ်ကို အဆိုးရွားဆုံး ကြုံခဲ့ရသည့် ဒေသဖြစ်သော Chamco မြို့နယ်၌ ဒေသစံတော်ချိန် နံနက် ၉...
တရုတ်နိုင်ငံနှင့် ဗြိတိန်နိုင်ငံတို့သည် ၁၁ ကြိမ်မြောက် တရုတ်-ဗြိတိန် စီးပွားရေးနှင့် ဘဏ္ဍာရေးဆိုင်ရာ ဆွေးနွေးပွဲကို ပေကျင်းမြို့တွင် ဇန်နဝါရီ ၁၁ ရက်၌ ကျင်းပခဲ့ကာ နှစ်နိုင်ငံ စီးပွားရေးနှင့် ဘဏ္ဍာရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများကို တစ်ဆင့်တိုး၍ မြှင့်တင်ရန် နှစ်ဖက် သဘောတူညီခဲ့ကြသည်။ ယင်းဆွေးနွေးပွဲ၌ တရုတ်နိုင်ငံ ဒုတိယဝန်ကြီးချုပ် ဟယ်လိဖုန်းနှင့် ဗြိတိန်နိုင်ငံ...
ယူနန်၊ ဇန်နဝါရီ ၁၂ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ ယူနန်ပြည်နယ် တက်ဟုန်းဒေသမှာ မကြာသေးမီရက်ပိုင်းက ကျေးငှက် စောင့်ကြည့်သူတစ်ဦးသည် နိုင်ငံတော် ပထမအဆင့် ကာကွယ်ထားသော တောရိုင်း တိရစ္ဆာန်ဖြစ်သည့် မီးခိုးရောင် ဒေါင်းငှက်တစ်ကောင်၏ ချစ်ရေးဆိုပုံ ဗီဒီယိုကို ရိုက်ကူးခဲ့ပါသည်။
တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ယူနန်ပြည်နယ် လိကျန်းမြို့ရှိ ယွိလုန်နှင်းတောင်သည် ၂၀၂၅ ခုနှစ် ဇန်န၀ါရီလ ၉ ရက်တွင် ပထမဆုံး နွေဦးနှင်းကျခြင်းကို တွေ့ကြုံခဲ့ရာ ဆီးနှင်းများဖြင့် ဖုံးလွှမ်းနေပြီး တောင်စောင်းပေါ်တွင် တိမ်များနှင့် မြူများဝန်းရံလျက် ရှိသည်။ နေထွက်ချိန်တွင် ဆီးနှင်းများဖုံးလွှမ်းနေသော နှင်းတောင်နှင့် လိကျန်းရှေးဟောင်းမြို့ကြီး၏ နံနက်နေရောင်အောက်က အလှမြင်ကွင်းသည် လူအများအား...