မော်စကို၊ နိုဝင်ဘာ ၂၁ ရက် (ဆင်ဟွာ) ဂျပန်နိုင်ငံ ဝန်ကြီးချုပ် ဆာနာအဲ တာကာအိချိ၏ ထိုင်ဝမ်နှင့်ဆက်နွှယ်သည့် မှတ်ချက်များကို ရုရှားနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူတစ်ဦးက နိုဝင်ဘာ ၂၀ ရက်တွင် ထပ်မံဝေဖန်ခဲ့သည်။ ဒုတိယကမ္ဘာစစ်ပြီးနောက် နှစ် ၈၀ ကြာသည့်တိုင် ဂျပန်နိုင်ငံအနေဖြင့် ၎င်း၏အမှားများကို မသိရှိသေးကြောင်း ပြောကြားခဲ့ခြင်းဖြင့်...
ပေကျင်း၊ နိုဝင်ဘာ ၂၁ ရက် (ဆင်ဟွာ) ဂျပန်ကျူးကျော်သူက ထိုင်ဝမ်၌ ဖော်ပြ၍မကုန်ဆုံးနိုင်သော ပြစ်မှုများကို ကျူးလွန်ခဲ့ကြရာ ထိုင်ဝမ်သမိုင်းတွင် အမှောင်မိုက်ဆုံးစာမျက်နှာအား ရေးသားခဲ့ကြောင်း၊ ထိုင်ဝမ်သည် တရုတ်နိုင်ငံ၏ ထိုင်ဝမ်ဖြစ်သည်ကို ဂျပန်အနေဖြင့် မှတ်သားထားသင့်ကြောင်း၊ ထိုင်ဝမ်တွင် အရေးကိစ္စရှိခြင်းသည် ဂျပန်၏ကိစ္စ လုံးဝမဟုတ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် မော်နင်က နိုဝင်ဘာ...
ချိန်တူး၊ နိုဝင်ဘာ ၂၀ ရက် (ဆင်ဟွာ) တရုတ်ပြည်မကြီးအနေဖြင့် “ထိုင်ဝမ်ခွဲထွက်ရေး” အတွက် ရည်ရွယ်သော ခွဲထွက်ရေးအင်အားစုများကို ပြတ်ပြတ်သားသားဖြိုခွင်းရန်၊ ပြင်ပမှ ကြားဝင်စွက်ဖက်မှုများကို ဆန့်ကျင်ရန်၊ ထိုင်ဝမ်ရေလက်ကြားဒေသ တည်ငြိမ်အေးချမ်းမှုကို ကာကွယ်စောင့်ရှောက်ရန် သန္နိဋ္ဌာန်ချထားကြောင်း တရုတ်နိုင်ငံ၏ ထိပ်တန်းနိုင်ငံရေးအတိုင်ပင်ခံပုဂ္ဂိုလ် ဝမ်ဟုနင်က နိုဝင်ဘာ ၂၀ ရက်၌ ထပ်လောင်းပြောကြားခဲ့သည်။ တရုတ်ကွန်မြူနစ်ပါတီ...
ပေကျင်း၊ နိုဝင်ဘာ ၂၀ ရက် (ဆင်ဟွာ) လတ်တလောရက်ပိုင်းတွင် ဂျပန်နိုင်ငံ ဝန်ကြီးချုပ် ဆာနာအဲ တာကအာချိသည် ထိုင်ဝမ်နှင့်စပ်လျဉ်းသော ဆိုးရွားစွာမှားယွင်းသည့် ပြောဆိုချက်များ ထုတ်ဖော်ပြောဆိုခဲ့ရာ တရုတ်နိုင်ငံဘက်က အလေးအနက် အရေးဆိုမှုနှင့် ပြင်းပြင်းထန်ထန် ကန့်ကွက်မှုများ လုပ်ဆောင်ခဲ့သည်။ ရေလက်ကြားနှစ်ဖက်ဒေသ တရုတ်လူမျိုးများက ဂျပန်နိုင်ငံ၏ ပြောင်ပြောင်တင်းတင်းရန်စမှုကို တစ်ပြိုင်တည်း ပြင်းပြင်းထန်ထန်...
ပေကျင်း၊ နိုဝင်ဘာ ၂၀ ရက် (ဆင်ဟွာ) “သေရေးရှင်ရေးအကျပ်အတည်း” နှင့် “ကိုယ့်ကိုယ်ကိုယ် ကာကွယ်ခြင်း” ဆိုသည့် အမည်ခံဖြင့် ပြင်ပကျူးကျော်မှု စတင်ခြင်းသည် ဂျပန်စစ်ဝါဒ၏ သုံးနေကျလှည့်ကွက်တစ်ခုဖြစ်ကြောင်း၊ နိုင်ငံတကာအသိုင်းအဝိုင်းအနေဖြင့် စစ်ဝါဒ ပြန်လည်ရှင်သန်စေသည့် မည်သည့်ကြံစည်ကြိုးပမ်းမှုကိုမဆို အထူးသတိရှိ၍ ပြတ်ပြတ်သားသား တားဆီးဆန့်ကျင်ကာ စစ်ပွဲအလွန် နိုင်ငံတကာစည်းစနစ်ကို အတူတကွ ထိန်းသိမ်းစောင့်ရှောက်ရမည်ဖြစ်ပြီး...
ပေကျင်း၊ နိုဝင်ဘာ ၁၈ ရက် (ဆင်ဟွာ) ဂျပန်ဝန်ကြီးချုပ် ဆာနာအဲ တာကာအိချိသည် ယခုရက်ပိုင်းများတွင် ထိုင်ဝမ်နှင့်သက်ဆိုင်သော ပြောင်ပြောင်တင်းတင်း ရန်စသည့် ပြောဆိုချက်များကို လူသိရှင်ကြား ဖော်ပြခဲ့ရာ တရုတ်ပြည်မကြီးက ထိုင်ဝမ်ဒေသအပေါ် အင်အားသုံးခြင်းက ဂျပန်နိုင်ငံ၏ “ရပ်တည်ရှင်သန်မှုအပေါ် ခြိမ်းခြောက်မှု ဖြစ်စေသည့် အခြေအနေ” ဖြစ်နိုင်ကြောင်း ကြေညာပြောကြားခဲ့သည်။
ပေကျင်း၊ နိုဝင်ဘာ ၁၈ ရက် (ဆင်ဟွာ) ထိုင်ဝမ်ကို အမေရိကန်လက်နက်ရောင်းချမှုနှင့်စပ်လျဉ်း၍ တရုတ်နိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် ကျန်းရှောင်ကန်းသည် နိုဝင်ဘာ ၁၇ ရက်တွင် သတင်းထောက်မေးမြန်းမှုအား ဖြေကြားခဲ့သည်။
တိုကျို၊ နိုဝင်ဘာ ၁၆ ရက် (ဆင်ဟွာ) ဂျပန်နိုင်ငံ၏ ဒိုင်းယက်လွှတ်တော်၌ မကြာမီကပြုလုပ်သည့် ကြားနာမှုတစ်ခု၌ ဝန်ကြီးချုပ် ဆာနာအဲ တာကာအိချိက တရုတ်နိုင်ငံ ထိုင်ဝမ်ဒေသနှင့် ပတ်သက်၍ မှားယွင်းသော မှတ်ချက်စကားကို ပြောကြားခဲ့ပြီးနောက် ထိုမှတ်ချက်စကားများကို ပြန်လည်ရုပ်သိမ်းရန် ဂျပန်လွှတ်တော်အမတ်များက ၎င်းအား တိုက်တွန်းခဲ့ကြောင်း သိရသည်။
ပေကျင်း၊ အောက်တိုဘာ ၂၄ ရက် (ဆင်ဟွာ) ရေလက်ကြားနှစ်ဖက်ဒေသ ဆက်ဆံရေး အခြေအနေအသစ် ပညာရပ်ဆိုင်ရာဆွေးနွေးပွဲနှင့် ချင်းဟွာတက္ကသိုလ်၏ ရေလက်ကြားနှစ်ဖက်ဒေသဖိုရမ်ကို တရုတ်နိုင်ငံ ပေကျင်းမြို့၌ အောက်တိုဘာ ၂၃ ရက်တွင် ကျင်းပခဲ့သည်။ အခမ်းအနားတက်ရောက်လာကြသော ပညာရှင်များက လက်ရှိ ရေလက်ကြားနှစ်ဖက်ဒေသတွင် ပေါင်းစည်းဖွံ့ဖြိုးတိုးတက်မှု အရှိန်အဟုန်မြင့်တက်လာပြီး လူပုဂ္ဂိုလ်များ ကူးလူးသွားလာမှု ပိုမိုနီးကပ်လာကာ...
ပေကျင်း၊ စက်တင်ဘာ ၁၁ ရက် (ဆင်ဟွာ) တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိနှင့် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယိုတို့ စက်တင်ဘာ ၁၀ ရက်က ဖုန်းဖြင့် ဆက်သွယ်ဆွေးနွေးခဲ့သည်။ ထိုသို့ ဆက်သွယ်ဆွေးနွေးရာတွင် ဝမ်ရိက တရုတ်-အမေရိကန် ဧရာမသင်္ဘောကြီးနှစ်စင်းသည် အတူတကွ ရှေ့ဆက်၍ လမ်းကြောင်းမှန်မှ မသွေဖည်၊...