Social5 years ago
တိုင်းဒေသကြီးများနှင့် ပြည်နယ်များတွင် နွေရာသီ သောက်သုံးရေပြတ်လပ်မှု ဖြစ်ပေါ်ပါက အကူအညီတောင်းခံနိုင်
ရန်ကုန်၊ ဧပြီ ၆ ရက် (ဆင်ဟွာ) တိုင်းဒေသကြီးများနှင့် ပြည်နယ်များတွင် နွေရာသီ သောက်သုံးရေပြတ်လပ်မှုဖြစ်ပေါ်ပါက ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနသို့ ဆက်သွယ်သတင်းပို့ အကူအညီတောင်းခံနိုင်ကြောင်း၊ ၂၀၁၉ ခုနှစ်တွင် ရေရနည်းခဲ့သည့်အတွက် ယခုနှစ်တွင် ရေလိုအပ်မှုပိုမိုများပြားနိုင်ကြောင်း၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ဦးခန့်ဇော်က ယနေ့ ဧပြီ ၆ ရက်တွင် ဆင်ဟွာသတင်းဌာနသို့ ပြောကြားခဲ့သည်။