Science & Technology2 months ago
တရုတ်နိုင်ငံ၏ generative AI နည်းပညာအသုံးပြုသူအရေအတွက် နှစ်ဆမြင့်တက်ပြီး ၅၁၅ သန်းအထိ ရှိလာ
ပေကျင်း၊ အောက်တိုဘာ ၁၉ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံတွင် အကြောင်းအရာများ ထုတ်လုပ်ဖန်တီးပေးနိုင်သော ဉာဏ်ရည်တုနည်းပညာ (generative AI) အသုံးပြုသူ အရေအတွက်မှာ ၆ လအတွင်း နှစ်ဆနီးပါးမြင့်တက်လာမှုနှင့်အတူ ၂၀၂၅ ခုနှစ် ဇွန်လကုန်တွင် ၅၁၅ သန်းအထိရှိလာကြောင်း အောက်တိုဘာ ၁၈ ရက်ကထုတ်ပြန်ခဲ့သော အစီရင်ခံစာတစ်ရပ်အရသိရသည်။