MYANMAR5 years ago
COVID-19ရောဂါကာကွယ်ထိန်းချုပ်နိုင်ရန် မြန်မာ တစ်နိုင်ငံလုံးရှိ စက်ရုံ၊ အလုပ်ရုံများ သတ်မှတ်ချက်နှင့် ကိုက်ညီမှ ပြန်လည်ဖွင့်လှစ်ခွင့်ပြုမည်
ရန်ကုန်၊ ဧပြီ ၁၉ ရက် (ဆင်ဟွာ) COVID-19ရောဂါကာကွယ်ထိန်းချုပ်နိုင်ရန် မြန်မာ တစ်နိုင်ငံလုံးရှိ စက်ရုံ၊ အလုပ်ရုံများ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ အကြံပြုချက်၊ သတ်မှတ်ချက်များနှင့်အညီ လိုက်နာဆောင်ရွက်ပြီးမှသာ ပြန်လည်ဖွင့်လှစ်ခွင့်ပြုမည် ဖြစ်ကြောင်း အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။