International Organizations5 months ago
လိဒ်စ်အသင်းပရိသတ်များအား တံတွေးထွေးခဲ့ခြင်းအတွက် ဘန်လေကွင်းလယ်လူ မက်ဘရီကို FA စွဲချက်တင်
လန်ဒန်၊ နိုဝင်ဘာ ၁၂ ရက် (ဆင်ဟွာ) ဘန်လေကွင်းလယ်ကစားသမား ဟန်နီဘယ်လ် မက်ဘရီသည် တာ့ဖ်မိုးကွင်း၌ လွန်ခဲ့သည့်လက ပရီးမီးယားလိဂ်ပွဲစဉ်တွင် လိဒ်စ်ယူနိုက်တက်အသင်းပရိသတ်များအား တံတွေးထွေးခဲ့သည်ဟူသော စွပ်စွဲချက်များထွက်ရှိလာခဲ့ပြီးနောက် ၎င်းကစားသမားအား အင်္ဂလန်ဘောလုံးအဖွဲ့ချုပ် (FA) မှ ကျင့်ဝတ်နှင့်မညီသော အပြုအမူပြုမူမှုဖြင့် စွဲချက်တင်လိုက်ပြီဖြစ်သည်။ အသက် ၂၂ နှစ်အရွယ် တူနီးရှားလက်ရွေးစင်ကစားသမား မက်ဘရီသည်...