Environment, Disasters & Accidents5 years ago
ချိုမိုလန်းမားတောင် ပြန်လည်တိုင်းတာရေး ပညာရှင်များ အမြင့် ၆,၅၀၀ မီတာရှိ အခြေစိုက်စခန်းသို့ ရောက်ရှိ
ချိုမိုလန်းမားတောင် အခြေစိုက်စခန်း၊ မေ ၈ ရက် (ဆင်ဟွာ) ကမ္ဘာ့အမြင့်ဆုံးတောင်၏အမြင့်ကို ပြန်လည်တိုင်းတာရေးလုပ်ငန်း ပြီးပြည့်စုံရန် ကြိုးပမ်းအားထုတ်သည့်အနေဖြင့် တရုတ်နိုင်ငံမှ မြေတိုင်းပညာရှင် ၃၀ ဦးကျော်ပါဝင်သော အဖွဲ့သည် အဆိုပါတောင်၏ ပင်လယ်ရေမျက်နှာပြင်အထက် ၆,၅၀၀ မီတာရှိ အခြေစိုက်စခန်းသို့ မေလ ၇ ရက်က ရောက်ရှိခဲ့ကြောင်း သိရသည်။