Social, Education & Health4 hours ago
စာတတ်မြောက်ရေးဆိုင်ရာ ဆန်းသစ်တီထွင်ထားသော ပညာရေးစီမံကိန်းများအား ယူနက်စကိုကွန်ဖြူးရှပ်ဆု ချီးမြှင့်
ကျိနန်၊ စက်တင်ဘာ ၂၈ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံအရှေ့ပိုင်း၊ ဆန်းတုန်းပြည်နယ်၊ ကျူဖူးမြို့တွင် စက်တင်ဘာ ၂၇ ရက်က ကျင်းပခဲ့သော ၂၀ ကြိမ်မြောက် စာတတ်မြောက်ရေးဆိုင်ရာ ယူနက်စကိုကွန်ဖြူးရှပ်ဆုချီးမြှင့်ပွဲ၌ ဘင်္ဂလားဒေ့ရှ်၊ အိုင်ယာလန်နှင့် မော်ရိုကိုနိုင်ငံများမှ ပညာရေးစီမံကိန်းများအား ပညာရေးဆန်းသစ်တီထွင်မှုတွင် ၎င်းတို့၏ ပါဝင်လုပ်ဆောင်မှုများအတွက် အသိအမှတ်ပြုဆု ချီးမြှင့်ခဲ့ကြောင်း သိရသည်။