စိန့်ပီတာစဘာ့ခ်၊ ဒီဇင်ဘာ ၅ ရက် (ဆင်ဟွာ) ထိုင်ဝမ်နှင့်ဆက်နွှယ်ပြီး မကြာသေးမီကပြုလုပ်ခဲ့သော ဂျပန်နိုင်ငံ၏ ပုံမှန်မဟုတ်သည့်မှတ်ချက်စကားများနှင့် စစ်ရေးလှုပ်ရှားမှုများမှာ ဒေသတွင်းတင်းမာမှုကို မြင့်တက်လာစေခဲ့ပြီး ဂျပန်နိုင်ငံအနေဖြင့် ၎င်း၏ ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ပြဋ္ဌန်းထားသော စစ်ဆန့်ကျင်ရေးဝါဒဆိုင်ရာစည်းမျဉ်းများကို ပြန်လည်လိုက်နာကျင့်သုံးသင့်သည်ဟု ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် မာရီယာဇာခါရိုဗာက ဒီဇင်ဘာ ၄ ရက်၌ ပြောကြားလိုက်သည်။ ထိုင်ဝမ်အရေးနှင့်...
မော်စကို၊ ဒီဇင်ဘာ ၃ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံနှင့် ရုရှားနိုင်ငံတို့သည် မဟာဗျူဟာမြောက် လုံခြုံရေးနှင့်ပတ်သက်၍ နှစ်နိုင်ငံခေါင်းဆောင်နှစ်ဦးကြား ရရှိထားသော အရေးကြီးဘုံသဘောတူညီချက်များကို အပြည့်အဝအကောင်အထည်ဖော်ရေး၊ နှစ်နိုင်ငံ မဟာဗျူဟာမြောက် ညှိနှိုင်းဆောင်ရွက်မှုအား ပိုမိုမြင့်မားသောအဆင့်သို့ မြှင့်တင်ရေးအတွက် ဒီဇင်ဘာ ၂ ရက်က သဘောတူညီခဲ့ကြောင်း သိရသည်။
မော်စကို၊ ဒီဇင်ဘာ ၂ ရက် (ဆင်ဟွာ) ရုရှားနိုင်ငံ၏ အသက်အကြီးဆုံးနေထိုင်သူအမျိုးသမီးဖြစ်သူ ကလက်ဗ်ဒီယာ ဂါဒီချီနာသည် အသက် ၁၁၄ နှစ်အရွယ်တွင် ကွယ်လွန်သွားခဲ့ကြောင်း ရုရှားနိုင်ငံအလယ်ပိုင်း Yaroslavl ဒေသ အုပ်ချုပ်ရေးမှူး မီခေးလ်ယီဗရာယက်ဗ်၏ ပြောကြားမှုအရ သိရသည်။ ဂါဒီချီနာကို ၁၉၁၀ ပြည့်နှစ် ဒီဇင်ဘာ ၅ ရက်က...
ပေကျင်း၊ နိုဝင်ဘာ ၂၆ ရက် (ဆင်ဟွာ) ၇ ကြိမ်မြောက် တရုတ်-ရုရှား စွမ်းအင်လုပ်ငန်းဖိုရမ်အား တရုတ်နိုင်ငံ ပေကျင်းမြို့တွင် နိုဝင်ဘာ ၂၅ ရက်က ဖွင့်လှစ်ကျင်းပခဲ့ရာ တရုတ်နိုင်ငံ ဒုတိယဝန်ကြီးချုပ် တင်းရွှဲရှန်က ဖွင့်ပွဲအခမ်းအနား၌ မိန့်ခွန်းပြောကြားခဲ့ပြီး သမ္မတ ရှီကျင့်ဖိန်၏ ဂုဏ်ပြုသဝဏ်လွှာကို ဖတ်ကြားခဲ့ကြောင်း သိရသည်။ နှစ်နိုင်ငံခေါင်းဆောင်များအနေဖြင့်...
မော်စကို၊ နိုဝင်ဘာ ၁၉ ရက် (ဆင်ဟွာ) ရုရှားနိုင်ငံနှင့် အပြန်အလှန်အကျိုးဖြစ်ထွန်းသော ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်မည့် တရုတ်နိုင်ငံ၏ သန္နိဋ္ဌာန်နှင့် ရပ်တည်ချက်တို့မှာ အစဉ်သဖြင့် တစ်သမတ်တည်းရှိနေကြောင်း တရုတ်နိုင်ငံ ဝန်ကြီးချုပ် လီချန်က နိုဝင်ဘာ ၁၈ ရက်၌ ပြောကြားခဲ့သည်။ ရုရှားနိုင်ငံ မော်စကိုမြို့ရှိ ကရင်မလင်နန်းတော်၌ ရုရှားသမ္မတ ဗလာတီမာ...
မော်စကို၊ နိုဝင်ဘာ ၁၈ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံအနေဖြင့် ရင်းနှီးမြှုပ်နှံမှု၊ စွမ်းအင်၊ လယ်ယာစိုက်ပျိုးရေးနှင့် အခြားသော ကဏ္ဍများတွင် ရုရှားနိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်မှုများ နက်နက်ရှိုင်းရှိုင်းလုပ်ဆောင်ရန် အသင့်ရှိကြောင်း တရုတ်နိုင်ငံ ဝန်ကြီးချုပ် လီချန်က နိုဝင်ဘာ ၁၇ ရက်၌ ပြောကြားခဲ့သည်။
ပေကျင်း၊ ဇူလိုင် ၃၁ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံနှင့် ရုရှားနိုင်ငံတို့၏ ရေတပ်များက ရုရှားနိုင်ငံ ဗလာဒီဗော့စတော့ခ်မြို့အနီး ပင်လယ်ပြင်နှင့် ဝေဟင်တို့တွင် ဩဂုတ်လအတွင်း ပူးတွဲစစ်ရေးလေ့ကျင့်မှု ပြုလုပ်သွားမည်ဟု တရုတ်နိုင်ငံ အမျိုးသားကာကွယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ကျန်းရှောင်ကန်းက ပြောကြားခဲ့သည်။ ယင်းစစ်ရေးလေ့ကျင့်မှု ပြီးဆုံးပြီးနောက် လေ့ကျင့်မှုတွင် ပါဝင်သည့် နှစ်ဖက်တပ်ဖွဲ့အချို့က ပစိဖိတ်သမုဒ္ဒရာ၌...
တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် ရုရှားနိုင်ငံ မော်စကိုမြို့တွင် မေ ၈ ရက်က ရုရှားနိုင်ငံ သမ္မတ ဗလာတီမာပူတင် ကြီးမှူးကျင်းပသည့် ကြိုဆိုပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ကြောင်း သိရသည်။ (Xinhua) ……………….. (English Version) Xi attends welcome ceremony held by Putin...
မော်စကို၊ မေ ၈ ရက် (ဆင်ဟွာ) ကမ္ဘာကြီးအနေဖြင့် ဗိုလ်ကျလွှမ်းမိုးမှု၊ အင်အားသုံး၍ လွှမ်းမိုးခြယ်လှယ်သော နိုင်ငံရေးစနစ်တို့၏ ခြိမ်းခြောက်မှုအောက်တွင် တစ်ကျော့ပြန် ကျရောက်နေစဉ် ဒုတိယကမ္ဘာစစ် အောင်ပွဲ၏ အမွေအနှစ်ကို ထိန်းသိမ်းကာကွယ်ရေးအတွက် စုပေါင်းအားထုတ်ကြရန် တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က မေ ၇ ရက်၌ တိုက်တွန်းပြောကြားခဲ့သည်။ ရုရှားနိုင်ငံသို့...
ပေကျင်း၊ မေ ၇ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ သမ္မတ ဗလာတီမာပူတင်၏ ဖိတ်ကြားချက်အရ ရုရှားနိုင်ငံသို့ နိုင်ငံတော်ခရီးစဉ်သွားရောက်ရန်နှင့် မော်စကိုမြို့၌ ကျင်းပမည့် ဆိုဗီယက်ပြည်ထောင်စု၏ မဟာမျိုးချစ်စစ်အောင်ပွဲ နှစ် ၈၀ ပြည့် အထိမ်းအမှတ် အခမ်းအနား တက်ရောက်ရန်အတွက် မေ ၇...