အမေရိကန်နိုင်ငံ နှင့် မြောက်အတ္တလန္တိတ်စာချုပ်အဖွဲ့ (NATO) တို့သည် ရုရှားနိုင်ငံ၏ ပင်လယ်ရေကြောင်းလုံခြုံရေးအတွက် အဓိကခြိမ်းခြောက်မှုများ ဖြစ်ကြောင်း ရုရှားရေတပ်မူဝါဒသစ်အရ သိရသည်။(Xinhua) xhtxs.cn/x6L ————————— The U.S. and NATO are the main threats to Russia’s national maritime security,...
ရုရှားကာကွယ်ရေးဝန်ကြီး Sergei Shoigu က ဒွန်းဘတ်စ် နှင့် အခြားဒေသများအား ယူကရိန်းတပ်များ၏ ပစ်ခတ်မှု အများအပြားမှ ကာကွယ်ရန် ရုရှားနိုင်ငံ၏ လက်နက်ကိုင် တပ်ဖွဲ့များကို ရည်မှန်းချက်တိုင်းတွင် လုပ်ဆောင်ချက်များအား အရှိန်မြှင့်တင်ရန် ညွှန်ကြားခဲ့ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။ (Xinhua) xhtxs.cn/xvK ——————— (English Version) Russian...
ကိဗ် ၊ ဇွန် ၃၀ ရက် (ဆင်ဟွာ) ယူကရိန်းနိုင်ငံ နှင့် ရုရှားနိုင်ငံတို့သည် ဖေဖော်ဝါရီ ၂၄ ရက် ပဋိပက္ခစတင်ချိန်မှစ၍ အကြီးဆုံး အကျဉ်းသားလဲလှယ်မှု ပြုလုပ်ခဲ့ကြောင်း ယူကရိန်းကာကွယ်ရေးဝန်ကြီးဌာန ပင်မထောက်လှမ်းရေးဦးစီးဌာနက ဇွန် ၂၉ ရက်တွင် တယ်လီဂရမ်ပေါ်တွင် ထုတ်ပြန်သော ကြေညာချက်တွင် ပြောကြားခဲ့သည်။
မော်စကို ၊ ဇွန် ၂၉ ရက်(ဆင်ဟွာ) အမေရိကန်နိုင်ငံက ထပ်ခါတလဲလဲ ချမှတ်ခဲ့သည့် အရေးယူမှုများအား တုံ့ပြန်သည့်အနေဖြင့် နောက်ထပ် အမေရိကန်နိုင်ငံသား ၂၅ ဦးအား ရုရှားနိုင်ငံသို့ ဝင်ရောက်ခြင်းမှ အကန့်အသတ်မရှိပိတ်ပင်လိုက်ကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနက ဇွန် ၂၈ ရက်တွင် ကြေညာခဲ့သည်။ အသစ်သတ်မှတ်လိုက်သော အမည်ပျက်စာရင်းသွင်းခံရသူများထဲတွင် အမေရိကန်နိုင်ငံသမ္မတ ဂျိုးဘိုင်ဒန်၏...
ကုလသမဂ္ဂ ၊ ဇွန် ၇ ရက်(ဆင်ဟွာ) ရုရှားနိုင်ငံအပေါ် ပိတ်ဆို့အရေးယူမှုများ ချမှတ်ခြင်း သို့မဟုတ် ယူကရိန်းနိုင်ငံသို့ လက်နက်များ အဆက်မပြတ် ထောက်ပံ့ပေးခြင်း မပြုကြရန် တရုတ်သံတမန်က ဇွန် ၆ ရက်တွင် သတိပေးပြောကြားခဲ့ကြောင်း သိရသည်။
မော်စကို ၊ ဇွန် ၆ ရက်(ဆင်ဟွာ) အမေရိကန်နိုင်ငံအနေဖြင့် ယူကရိန်းနိုင်ငံသို့ တာဝေးပစ်ဒုံးကျည်များ ပေးပို့မည်ဆိုပါက ရုရှားနိုင်ငံသည် သင့်လျော်သောဆုံးဖြတ်ချက်များ ချမှတ်သွားမည် ဖြစ်ပြီး ပစ်မှတ်အသစ်များကို ပစ်ခတ်သွားမည် ဖြစ်ကြောင်း ရုရှားနိုင်ငံသမ္မတ ဗလာတီမာပူတင်က ဇွန် ၅ ရက် ရုပ်သံတွေ့ဆုံမေးမြန်းမှုတစ်ခုတွင် ပြောကြားခဲ့သည်။
မော်စကို ၊ မေ ၂၆ ရက် (ဆင်ဟွာ) စာချုပ်အရ စစ်တပ်တွင် တာဝန်ထမ်းဆောင်လိုသူများအတွက် အသက်အရွယ်ကန့်သတ်ချက်အား ပယ်ဖျက်ရန် ရုရှားလွှတ်တော်က မေ ၂၅ ရက်တွင် ဥပဒေမူကြမ်းတစ်ရပ်ကို ခွင့်ပြုခဲ့ကြောင်း သိရသည်။ ယခင်က အသက် ၁၈ နှစ်မှ ၄၀ နှစ်အတွင်း ရုရှားနိုင်ငံသားများ နှင့်...
မော်စကို ၊ မေ ၂၅ ရက်(ဆင်ဟွာ) ယူကရိန်းနိုင်ငံသို့ အနောက်နိုင်ငံများ၏ အကူအညီများ တိုးလာပြီး ရုရှားနိုင်ငံအား ပိတ်ဆို့အရေးယူမှုများ ရှိနေသော်လည်း ယူကရိန်းနိုင်ငံတွင် ရုရှားနိုင်ငံ၏ အထူးစစ်ဆင်ရေးများကို ဆက်လက်လုပ်ဆောင်သွားမည် ဖြစ်ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီး Sergei Shoigu က မေ ၂၄ ရက်တွင် ပြောကြားခဲ့သည်။
မော်စကို ၊ မေ ၁၉ ရက်(ဆင်ဟွာ) ရုရှားနိုင်ငံက ဆတူလက်တုံ့ပြန်သည့်အနေဖြင့် ပြင်သစ်သံတမန် ၃၄ ဦးအား “မကြိုဆိုထိုက်သူ” အဖြစ် ကြေညာခဲ့ကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနက မေ ၁၈ ရက်တွင် ထုတ်ပြန်သည့် ကြေညာချက်တွင် ပြောကြားခဲ့သည်။ ရုရှားသံတမန် ၄၁ ဦးအား နှင်ထုတ်ရန် ပြင်သစ်နိုင်ငံ၏ “တမင်တကာ”...
ကိဗ် ၊ မေ ၁၁ ရက်(ဆင်ဟွာ) ယူကရိန်းအစိုးရအဖွဲ့သည် ယူကရိန်းနိုင်ငံအတွင်းရှိ ရုရှားပိုင်ဆိုင်မှုများအား သိမ်းယူရေးကို အတည်ပြုခဲ့ကြောင်း ဝန်ကြီးချုပ် Denys Shmyhal က မေ ၁၀ ရက်တွင် ပြောကြားခဲ့သည်။