ပေကျင်း၊ မတ် ၁၁ ရက် (ဆင်ဟွာ) လက်ရှိ ရုရှားစစ်တပ်ထိန်းချုပ်ထားသည့် ချာနိုဘိုင်း နျူကလီးယားဓါတ်အားပေးစက်ရုံသည် ဘီလာရုဇ် လျှပ်စစ်အင်ဂျင်နီယာများ၏ အကူအညီဖြင့် ဓါတ်အားပြန်လည် ထုတ်လွှတ်ပေးနေပြီဖြစ်ကြောင်း ရုရှားစွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး Yevgeny Grabchak က မတ် ၁၀ ရက်တွင် ရုရှားမီဒီယာများအား ပြောကြားခဲ့သည်။
ကိဗ်၊ မော်စကို၊ မတ် ၁၁ ရက် (ဆင်ဟွာ) ယူကရိန်းနိုင်ငံ မြောက်ပိုင်းရှိ ချာနိုဘိုင်း (Chernobyl) နျူကလီးယားစွမ်းအင်စက်ရုံသည် ဓာတ်အားလိုင်းမှ ချိတ်ဆက်မှုပြတ်တောက်လျက်ရှိကြောင်း ယူကရိန်း နိုင်ငံပိုင် စွမ်းအင်ကုမ္ပဏီ Ukrenergo က မတ် ၉ ရက်၌ ပြောကြားခဲ့သည်။
မော်စကို၊ မတ် ၁၀ ရက် (ဆင်ဟွာ) ယူကရိန်းနိုင်ငံ ကိဗ်မြို့တွင်ရှိသည့် အမေရိကန်တို့ ငွေကြေးထောက်ပံ့မှုဖြင့် တည်ဆောက်ထားသည့် ဓါတ်ခွဲခန်းများတွင် သေစေနိုင်ပြီး အန္တရာယ်ရှိ ရောဂါပိုးမွှားများအား ဖျက်ဆီးခဲ့ကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာန က မတ်လ ၈ ရက်တွင်အတည်ပြုခဲ့သည်။ “ယူကရိန်း ဇီဝဓာတ်ခွဲခန်းဝန်ထမ်းတွေဆီက ကျွန်မတို့လက်ခံရရှိထားတဲ့ သက်သေ အထောက်အထားစာရွက်စာတမ်းတွေအရ အထူးသဖြင့်...
ပေကျင်း၊ မတ် ၁၀ ရက်(ဆင်ဟွာ) ရုရှားအပေါ်စွမ်းအင်ပိတ်ပင်ကြောင်း အမေရိကန် သမ္မတ ဘိုင်ဒန်က မတ် ၈ ရက်တွင် ကြေညာခဲ့သည်။ ယင်းနေ့တွင်ပင် ဥရောပသမဂ္ဂက ရုရှားမှ ရေနံနှင့်ဓါတ်ငွေ့တင်သွင်းမှုကို များစွာ လျှော့ချရန်ကြိုးပမ်းသွားမည်ဖြစ်ကြောင်း ကြေညာခဲ့သည်။ သုံးသပ်သူအချို့က အမေရိကန်-ဥရောပ နောက်ဆုံးပိတ်ဆို့ကန့်သတ်မှုများသည် ရုရှားအပေါ် တစ်ဆင့်တိုး ဖိအားဖြစ်စေသော်လည်း ကိုယ်တိုင်ကလည်း...
ပေကျင်း၊ မတ် ၁၀ ရက် (ဆင်ဟွာ) အမေရိကန်နှင့် ဥရောပသမဂ္ဂတို့မှ ရုရှားအပေါ် ချမှတ်ထားသည့် စွမ်းအင်ဆိုင်ရာ ပိတ်ဆို့မှုများနှင့် ပတ်သက်၍ တရုတ်နိုင်ငံခြားရေးဌာန ပြောရေးဆိုခွင့်ရှိသူ ကျောက်လိကျန်းက တရုတ်နိုင်ငံသည် နိုင်ငံတကာဥပဒေ အခြေအမြစ်မရှိသည့် တစ်ဖက်သတ် ပိတ်ဆို့အရေးယူမှုများကို ပြတ်ပြတ်သားသား ဆန့်ကျင်ကြောင်းနှင့် တရုတ်-ရုရှားတို့သည် အပြန်အလှန်လေးစားမှု၊ တန်းတူညီမျှမှုနှင့် အပြန်အလှန်အကျိုးဖြစ်ထွန်းမှုစိတ်ဓါတ်ဖြင့်ရေနံနှင့်...
ပေကျင်း၊ မတ် ၁၀ ရက်(ဆင်ဟွာ) ရုရှားက ညှိနှိုင်းဆွေးနွေးမှုဆိုင်ရာ သဘောတူညီချက်များကို နောက်ဆုတ်ပေးမည်မဟုတ်ဟု ရုရှားနိုင်ငံ ညှိနှိုင်းရေးကိုယ်စားလှယ်အဖွဲ့ ဝင် Leonid Slutsky က မတ် ၉ ရက်တွင် ပြောကြားခဲ့သည်။ အမေရိကန်သည် နေတိုးအဖွဲ့ဝင်နိုင်ငံများမှ ယူကရိန်းသို့ တိုက်လေယာဉ်များ ထောက်ပံ့ပေးမှုကို ဆန့်ကျင်ကြောင်း အမေရိကန် ကာကွယ်ရေးဌာန...
မော်စကို ၊ မတ် ၁၀ ရက်(ဆင်ဟွာ) ယူကရိန်းနိုင်ငံ၌ အမေရိကန်က ငွေကြေးထောက်ပံ့မှုဖြင့် တည်ဆောက်ထားသော ဇီဝဓာတ်ခွဲခန်းများနှင့်ပတ်သက်သည့် ရည်ရွယ်ချက်များကို နိုင်ငံတကာအသိုင်းအဝိုင်းသို့ ဖြေရှင်းချက်ပေးရမည်ဖြစ်ကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနက မတ် ၉ ရက်တွင် တိုက်တွန်းတောင်းဆိုလိုက်သည်။
ဝါရှင်တန်၊ မတ် ၉ ရက် (ဆင်ဟွာ) မြောက်အန္တလန္တိတ်စာချုပ်ဝင်နိုင်ငံများအဖွဲ့ (NATO) အဖွဲ့ဝင်နိုင်ငံများသည် စစ်ဝါဒီဆန်ဆန် စီမံကိန်းများ ဆက်လက်ဆောင်ရွက်သွားရန် ယူကရိန်းနိုင်ငံ ပဋိပက္ခကို အသုံးချလျက်ရှိကြောင်း အမေရိကန်မီဒီယာ သတင်းအရ သိရသည်။
မော်စကို၊ မတ် ၉ ရက် (ဆင်ဟွာ) ယူကရိန်းနိုင်ငံမှ အာဏာပိုင်များသည် နိုင်ငံအတွင်း အမေရိကန်၏ ရန်ပုံငွေဖြင့်တည်ဆောက်ထားသော ဓာတ်ခွဲခန်းများ၌ ထိန်းသိမ်းထားသည့် လူကိုသေစေနိုင်သော ရောဂါများဖြစ်ပွားစေသည့် အန္တရာယ်ရှိရောဂါကူးစက်ပစ္စည်းများကို ဖျက်ဆီးခဲ့ကြောင်း ရုရှား နိုင်ငံခြားရေးဝန်ကြီးဌာနက မတ် ၈ ရက်၌ အတည်ပြုပြောကြားခဲ့သည်။
နယူးယောက် ၊ မတ် ၉ ရက်(ဆင်ဟွာ) ရုရှားနိုင်ငံမှ လောင်စာစွမ်းအင်တင်သွင်းမှုများကို ပိတ်ပင်တားမြစ်ကြောင်း အမေရိကန်နိုင်ငံက ကြေညာလိုက်ခြင်းကြောင့် မတ် ၈ ရက်တွင် ဆီဈေးနှုန်း ခုန်တက်သွားခဲ့ကြောင်း သိရသည်။