ကုလသမဂ္ဂ၊ ဖေဖော်ဝါရီ ၁၅ ရက်(ဆင်ဟွာ) သံတမန်ရေးနည်းလမ်းဖြင့် ရုရှားနှင့်ယူကရိန်း နယ်စပ်ဒေသ အခြေအနေတင်းမာမှုကို ဖြေရှင်းကြရန် ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် ဂူတာရက်စ်က ဖေဖော်ဝါရီ ၁၄ ရက်တွင် တိုက်တွန်းပြောကြားခဲ့သည်။
အမေရိကန်နိုင်ငံက ယူကရိန်းနယ်စပ်တွင် တင်းမာမှုများ အရှိန်မြင့်တက်နေသဖြင့် ၎င်းတို့၏သံရုံးကို မြို့တော် ကိယက်ဗ်မှ နိုင်ငံအနောက်ပိုင်းရှိ Lviv မြို့သို့ ယာယီရွှေ့ပြောင်းထားမည်ဖြစ်ကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကင်က ဖေဖော်ဝါရီ ၁၄ ရက်၌ ကြေညာခဲ့သည်။
ပေကျင်း၊ဖေဖော်ဝါရီ ၁၄ ရက်(ဆင်ဟွာ) ရုရှားနိုင်ငံက ရက်ပိုင်းအတွင်း ယူကရိန်းနိုင်ငံကို ကျူးကျော်နိုင်သည်ဟူသော အမေရိကန်နိုင်ငံအစိုးရ၏ ပြောကြားချက် ထွက်ပေါ်လာပြီးနောက် အမေရိကန်သမ္မတ ဘိုင်ဒန်နှင့် ရုရှား သမ္မတ ပူတင် ဖေဖော်ဝါရီ ၁၂ ရက်တွင် ဖုန်းဖြင့် ဆက်သွယ်ဆွေးနွေးခဲ့သည်။ အချိန်တစ်နာရီခန့်အကြာ ဆွေးနွေးမှုအပြီး ဖုန်းဆက်သွယ်မှုတွင် အပြောင်းအလဲမရှိနိုင်ကြောင်း မီဒီယာများက သုံးသပ်ခဲ့သည်။
ကိယက်ဗ် ၊ ဖေဖော်ဝါရီ ၁၄ ရက် (ဆင်ဟွာ) ယူကရိန်းနိုင်ငံ သမ္မတ Volodymyr Zelensky နှင့် အမေရိကန်နိုင်ငံ သမ္မတ ဂျိုးဘိုင်ဒန်တို့သည် ယူကရိန်းနိုင်ငံတစ်ဝန်း လုံခြုံရေးအခြေအနေများအား ဆွေးနွေးရန် ဖေဖော်ဝါရီ ၁၃ ရက်က တယ်လီဖုန်းဖြင့် ဆက်သွယ်ဆွေးနွေးခဲ့ကြောင်း ယူကရိန်းနိုင်ငံသမ္မတ၏ ပြန်ကြားရေးဌာနက ပြောကြားခဲ့သည်။
ဝါရှင်တန် /မော်စကို၊ ဖေဖော်ဝါရီ ၁၃ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံ သမ္မတ ဂျိုးဘိုင်ဒန်နှင့် ရုရှားနိုင်ငံ သမ္မတ ဗလာဒီမာပူတင်တို့သည် ယူကရိန်းနိုင်ငံအရေးနှင့် ပတ်သက်၍ ဖေဖော်ဝါရီ ၁၂ ရက်က တယ်လီဖုန်းဖြင့် ဆက်သွယ်ပြောကြားခဲ့ကြောင်း သိရသည်။
မော်စကို၊ ဖေဖော်ဝါရီ ၁၀ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန်သည် ပေကျင်းဆောင်းရာသီအိုလံပစ်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားသို့တက်ရောက်ရန် တရုတ်နိုင်ငံသို့ လာရောက်လည်ပတ်သည့် ရုရှားနိုင်ငံသမ္မတ ဗလာဒီမာပူတင်နှင့် ဖေဖော်ဝါရီ ၄ ရက် မွန်းလွဲပိုင်းတွင် ဆွေးနွေပွဲများ ပြုလုပ်ခဲ့ကြောင်း၊ နှစ်နိုင်ငံခေါင်းဆောင်များကြား “ဆောင်းရာသီအိုလံပစ်ချိန်းဆိုမှု” နှင့် “နွေဦးပွဲတော်တွေ့ဆုံပွဲ” တို့သည် တရုတ်-ရုရှား ဆက်ဆံရေးပိုမိုနက်ရှိုင်းရန်...
ပေကျင်း၊ ဖေဖော်ဝါရီ ၅ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံနှင့် ရုရှားနိုင်ငံတို့သည် တစ်နိုင်ငံချင်းစီ၏ အဓိကအကျိုးစီးပွား၊ နိုင်ငံ၏ အချုပ်အခြာအာဏာနှင့် နယ်မြေတည်တံ့ခိုင်မြဲမှုအတွက် အခိုင်အမာထောက်ခံကြောင်း ထပ်လောင်းပြောကြားခဲ့ပြီး ပြည်တွင်းရေးရာများ၌ ပြင်ပမှဝင်ရောက်စွက်ဖက်မှုကိုလည်း ကန့်ကွက်ကြောင်း နှစ်နိုင်ငံ သမ္မတများ တွေ့ဆုံပြီးနောက် ဖေဖော်ဝါရီ ၄ ရက်၌ ထုတ်ပြန်သည့် ပူးတွဲကြေညာချက်အရ သိရသည်။...
ဝါရှင်တန်၊ ဖေဖော်ဝါရီ ၃ ရက် (ဆင်ဟွာ) ရုရှားနှင်ယူကရိန်း နယ်စပ်ဒေသ တင်းမာမှုအခြေအနေကို ဖြေရှင်းရန်အတွက် ဥရောပသို့ တပ်ဖွဲ့ဝင်အင်အား ထပ်တိုးစေလွှတ်သွားမည် ဖြစ်ကြောင်း အမေရိကန် ကာကွယ်ရေးဝန်ကြီးဌာနက ဖေဖော်ဝါရီ ၂ ရက်တွင် ကြေညာခဲ့သည်။ ထို့အပေါ် ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးAlexander Grushkoက အမေရိကန်၏ ဆုံးဖြတ်ချက်သည် “အဖျက်သဘောဆောင်သည့်...
မော်စကို ၊ ဖေဖော်ဝါရီ ၃ ရက်(ဆင်ဟွာ) ရုရှားနိုင်ငံသည် ဖြစ်ပေါ်လာနိုင်သော ဘေးအန္တရာယ်များ၏ အကျိုးဆက်များကို လျှော့ချနိုင်ရန် လုပ်ဆောင်နေချိန်အတွင်းမှာပင် အရေးယူပိတ်ဆို့ခြင်းနှင့်ပတ်သက်၍ အမေရိကန်၏ အမူအကျင့်အပေါ် “ ကြိုတင်မှန်းဆမရနိုင်”သဖြင့် လွန်စွာစိုးရိမ်မကင်းဖြစ်ရကြောင်း ကရင်မလင်နန်းတော်က ဖေဖော်ဝါရီ ၂ ရက်တွင် ပြောကြားခဲ့သည်။ ရုရှားကရင်မလင်နန်းတော် ပြောရေးဆိုခွင့်ရှိသူ Dmitry Peskov...
ကုလသဂ္ဂ ၊ ဖေဖော်ဝါရီ ၁ ရက် (ဆင်ဟွာ) ကုလသမဂ္ဂဆိုင်ရာ ရုရှားနိုင်ငံသံအမတ်ကြီး Vassily Nebenzia က ၎င်းနိုင်ငံအနေဖြင့် ယူကရိန်းနိုင်ငံအား ကျူးကျော်ဝင်ရောက်ရန် အစီအစဉ်မရှိကြောင်း ဇန်နဝါရီ ၃၁ ရက်တွင် ပြောကြားခဲ့သည်။ “ ဒီလို ကျွန်တော်တို့ရဲ့ အချုပ်အခြာပိုင်နက်နယ်မြေထဲမှာ ရုရှားတပ်တွေကို ကိုယ့်ဟာကိုယ်ချထားတာဟာ အဲဒီနေရာမှာ...