ပေကျင်း ၊ ဒီဇင်ဘာ ၁၆ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန်က “နိုင်ငံစုံဘက်ပေါင်းစုံဝါဒ” နှင့် “စည်းမျဉ်းစည်းကမ်းများ” ၏ ပုံဖျက်မှုအောက်တွင် ဗိုလ်ကျစိုးမိုးသောအပြုအမူများ နှင့် စစ်အေးခေတ် စိတ်နေစိတ်ထားအမူအကျင့်ကို လုံးဝဆန့်ကျင်ကန့်ကွက်ရန် ကြိုးပမ်းအားထုတ်သွားရမည်ဖြစ်ကြောင်း ဒီဇင်ဘာ ၁၅ ရက်တွင် ပြောကြားခဲ့သည်။ ရုရှားနိုင်ငံသမ္မတဗလာတီမာပူနှင့် ဗီဒီယိုလင့်မှတစ်ဆင့်ပြုလုပ်သော အစည်းအဝေးတွင် သမ္မတရှီက အထက်ပါအတိုင်းထည့်သွင်းပြောကြားခဲ့ပြီး...
မော်စကို၊ ဒီဇင်ဘာ ၁၅ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် ရုရှားနိုင်ငံ သမ္မတ ဗလာဒီမာပူတင်နှင့် ဒီဇင်ဘာ ၁၅ ရက်၌ ဗီဒီယိုလင့်ခ်မှတစ်ဆင့် တွေ့ဆုံမည်ဖြစ်ပြီး နောက်ထပ် အွန်လိုင်းကွန်ဖရင့်ကို ဇွန်လတွင် ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။ ယခုနှစ် နှစ်ဆန်းပိုင်းမှစ၍ တရုတ်နိုင်ငံနှင့် ရုရှားနိုင်ငံတို့သည် နှစ်နိုင်ငံကြား...
မော်စကို၊ ဒီဇင်ဘာ ၁၃ ရက်(ဆင်ဟွာ) ရုရှားနိုင်ငံတွင် ကိုဗစ်အတည်ပြုလူနာ စုစုပေါင်း ၁၀ သန်းကျော်ရှိပြီဖြစ်ကြောင်း ရုရှား ကပ်ရောဂါကာကွယ်ထိန်းချုပ်ရေး ညွှန်ကြားမှုဌာနက ဒီဇင်ဘာ ၁၂ ရက်တွင် ထုတ်ပြန်ခဲ့သည်။ ရုရှား”Gamalea” ကူးစက်ရောဂါနှင့်အဏုဇီဝဗေဒဆိုင်ရာ အမျိုးသားသုတေသနစင်တာ ဒါရိုက်တာ Günzburgက Sputnik Vကာကွယ်ဆေး၏ အိုမီခရွန် ဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ်အပေါ်...
ပေကျင်း၊ ဒီဇင်ဘာ ၁၀ ရက် (ဆင်ဟွာ) ယူကရိန်းကို ရုရှား၏ ကျူးကျော်နိုင်ဖွယ်ရှိသည်ကို ကာကွယ်တားဆီးဖို့ အမေရိကန်အနေဖြင့် စစ်တပ် သီးသန့်စေလွှတ်ကူညီမည်မဟုတ်ကြောင်း ၊ သို့သော်လည်း “ယခင်က မရှိခဲ့ဖူးသည့်” ပိတ်ဆို့မှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန်က ဒီဇင်ဘာ ၈ ရက်တွင် ပြောကြားခဲ့သည်။ အမေရိကန်နှင့်...
မော်စကို၊ ဒီဇင်ဘာ ၉ ရက်(ဆင်ဟွာ) အမေရိကန်နှင့် နေတိုးအဖွဲ့ဝင်နိုင်ငံများ၏ ပင်လယ်နက် ဝေဟင်ထက်၌ စစ်ရေးလှုပ်ရှားမှုများ မပြတ် အရှိန်အဟုန် မြှင့်တင်နေခြင်းသည် အရပ်ဘက် လေကြောင်း လုံခြုံရေးကို အန္တရာယ်ဖြစ်စေကြောင်း ဒီဇင်ဘာ ၈ ရက်က ရုရှားမှ အမေရိကန်သို့ အသိပေးခဲ့သည်ဟု ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Maria Zakharovaက...
မော်စကို၊ ဒီဇင်ဘာ ၈ ရက် (ဆင်ဟွာ) ရုရှားနိုင်ငံ သမ္မတ ဗလာဒီမာပူတင်က တရုတ်နိုင်ငံ ရထားလမ်းဖောက်လုပ်ရေးကော်ပိုရေးရှင်းလီမိတက် (CRCC) မှ တည်ဆောက်မှု၏ တစ်စိတ်တစ်ပိုင်းဖြစ်သော မော်စကို မြေအောက်ရထားလမ်း အပိုင်းသစ်အား ဒီဇင်လဘာ ၇ ရက်က ဗီဒီယိုလင့်ခ်မှတစ်ဆင့် ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
ဝါရှင်တန်၊ ဒီဇင်ဘာ ၈ ရက် (ဆင်ဟွာ) အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်နှင့် ရုရှားသမ္မတ ဗလာဒီမာပူတင်တို့သည် ဒီဇင်ဘာ ၇ ရက်တွင် ဗီဒီယိုလင့်ခ်မှတစ်ဆင့် တွေ့ဆုံ၍ ယူကရိန်းနိုင်ငံအခြေအနေနှင့် နှစ်နိုင်ငံဆက်ဆံရေးပြဿနာများကို အဓိကထား ဆွေးနွေးခဲ့ကြောင်း သိရသည်။
နယူးဒေလီ၊ ဒီဇင်ဘာ ၇ ရက်(ဆင်ဟွာ) အိန္ဒိယဝန်ကြီးချုပ် မိုဒီနှင့် ရုရှားသမ္မတ ပူတင်တို့သည် အိန္ဒိယနိုင်ငံ မြို့တော် နယူးဒေလီတွင် ဒီဇင်ဘာ ၆ ရက် ညပိုင်းက တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။ ထိုသို့ တွေ့ဆုံရာတွင် ကုန်သွယ်စီးပွား၊ စွမ်းအင်နှင့်ကာကွယ်ရေး ကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုများအား အားဖြည့်ဆောင်ရွက်ရန် နှစ်နိုင်ငံခေါင်းဆောင်များက သဘောတူညီခဲ့ကြသည်။...
ဟေးလုံကျန်း၊ ဒီဇင်ဘာ ၃ ရက် (ဆင်ဟွာ) လွန်ခဲ့သည့် ၂ နှစ်မှ စတင်ကာ သဘာဝ ဓါတ်ငွေ့များတင်သွင်းခဲ့ချိန်မှစ၍ တရုတ်နိုင်ငံနှင့် ရုရှားနိုင်ငံ အရှေ့ပိုင်း သဘာဝဓါတ်ငွေ့သွယ်တန်းရေးစီမံကိန်းသည် ရုရှားနိုင်ငံမှတင်သွင်းသော သဘာဝဓာတ်ငွေ့ ကုဗမီတာပေါင်း ၁၃.၆ ဘီလီယံကို ပို့လွှတ်နိုင်ခဲ့ကြောင်း သိရသည်။( Xinhua) ……………………. (English Version)...
မော်စကို ၊ ဒီဇင်ဘာ ၂ ရက်(ဆင်ဟွာ) ရုရှားသံတမန်များကို နှင်ထုတ်ရန် အမေရိကန်နိုင်ငံက ဆုံးဖြတ်ခဲ့ခြင်းအပေါ် လက်တုံ့ပြန်သည့်အနေဖြင့် မော်စကိုမြို့ရှိ အမေရိကန်သံရုံးမှ ဝန်ထမ်းများအား နှစ်လ အတွင်း ရုရှားနိုင်ငံမှ အပြီးထွက်ခွာသွားရန် ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနက ဒီဇင်ဘာ ၁ ရက်တွင် ပြောကြားလိုက်သည်။