မော်စကို ၊ ဒီဇင်ဘာ ၂၉ ရက်(ဆင်ဟွာ) ရုရှားနိုင်ငံကာကွယ်ရေးဝန်ကြီးဌာနသည် စစ်လက်နက်များ နှင့် နိုင်ငံတော် ကာကွယ်ရေး အစီအစဉ်များအတွက် ယခုနှစ်တွင် ရူဗယ် ၁ဒသမ၅ ထရီလီယံ (အမေရိကန်ဒေါ်လာ ၂၄ ဒသမ၂ ဘီလီယံ) သုံးစွဲခဲ့ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး Aleksey Krivoruchko ၏ ပြောကြားချက်ကို...
မော်စကို ၊ ဒီဇင်ဘာ ၂၂ ရက်(ဆင်ဟွာ) ရုရှားနိုင်ငံသင်္ဘောတည်ဆောက်ရေးလုပ်ငန်းက လာမည့် ၂၀၂၀ ပြည့်နှစ်တွင် ရုရှားရေတပ်သို့ နျူကလီးယားစွမ်းအင်သုံး ရေငုပ်သင်္ဘော ၅ စင်း ပေးပို့သွားမည်ဖြစ်ကြောင်း အဆိုပါ သင်္ဘောတည်ဆောက်ရေးလုပ်ငန်း အမှုဆောင်အရာရှိချုပ် Mikhail Budnichenko က ဒီဇင်ဘာ ၂၀ ရက်တွင် TASS သတင်းဌာနနှင့်ပြုလုပ်သော...
မော်စကို၊နိုဝင်ဘာ ၂၃ ရက်(ဆင်ဟွာ) ၂၀၂၅ ခုနှစ်မတိုင်မီ ရုရှားက တိုက်ခိုက်ရေးတွင်အသုံးပြုနိုင်မည့် စက်ရုပ်လူသားတပ်ဖွဲ့ကို ဖွဲ့စည်းနိုင်ရန် ပြင်ဆင်နေကြောင်း နိုဝင်ဘာ ၂၃ ရက် ရုရှားမီဒီယာ သတင်းများအရ သိရသည်။
မော်စကို ၊ နိုဝင်ဘာ ၁၆ ရက်(ဆင်ဟွာ) ရုရှားနိုင်ငံ၏ project 636.3 ဒီဇယ်-လျှပ်စစ် စွမ်းအင်သုံး ကိုယ်ပျောက်ရေငုပ်သင်္ဘော Novorossiysk သည် ပင်လယ်နက်တွင် လေ့ကျင့်မောင်းနှင်ရေး ပြုလုပ်ခဲ့ကြောင်း TASS သတင်းအေဂျင်စီက နိုဝင်ဘာ ၁၅ ရက်တွင် ဖော်ပြခဲ့သည်။
မော်စကို၊ အောက်တိုဘာ ၂၅ ရက် (ဆင်ဟွာ) ရုရှားနိုင်ငံ စစ်တပ်က တာဝေးပစ် ဒုံးကျည်သယ်ဆောင်သော Tu-160 မဟာဗျူဟာမြောက် ဗုံးကြဲလေယာဉ် နှစ်စင်းကို တောင်အာဖရိကနိုင်ငံ စစ်တပ် အဆင့်မြင့်အရာရှိကြီးများအား ခင်းကျင်းပြသခဲ့ကြောင်း ရုရှား ကာကွယ်ရေးဝန်ကြီးဌာနက အောက်တိုဘာ ၂၄ ရက်တွင် ပြောကြားခဲ့သည်။
မော်စကို၊အောက်တိုဘာ၉ရက်(ဆင်ဟွာ) စစ်လက်နက် အမျိုးပေါင်း ၅၀၀ နှင့်အတူ စစ်သည် ၄,၀၀၀ကျော် ၊ စစ်လေယာဉ် ၁၅ စင်း နှင့် စစ်သင်္ဘောများစွာပါဝင်သည့် ရုရှားနိုင်ငံ၏ ဖစိဖိတ်ရေတပ်အုပ်စု အဓိကစစ်ရေးလေ့ကျင့်မှုကို ရုရှားနိုင်ငံအရှေ့ပိုင်း Kamchatka ရေလက်ကြား၌ အဆုံးသတ်ခဲ့ကြောင်း ရုရှားနိုင်ငံကာကွယ်ရေးဝန်ကြီးဌာနက အောက်တိုဘာ ၈ရက်တွင် ပြောကြားခဲ့သည်။
ပေကျင်း၊ အောက်တိုဘာ ၂ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်နှင့် ရုရှားနိုင်ငံ သမ္မတ ဗလာဒီမာပူတင် (Vladimir Putin) တို့သည် နှစ်နိုင်ငံ သံတမန်ဆက်ဆံရေး တည်ထောင်ခြင်း နှစ် ၇၀ ပြည့် အထိမ်းအမှတ် ဝမ်းမြောက်ကြောင်းသဝဏ်လွှာ ဖလှယ်ခဲ့ကြကြောင်း သိရသည်။
ကုလသမဂ္ဂ၊ စက်တင်ဘာ ၂၈ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံတော် ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိနှင့် ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂျီလက်ဗ်ရော့ဗ် (Sergey Lavrov) တို့သည် နှစ်နိုင်ငံ မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှု ခိုင်မာရေးအတွက် စက်တင်ဘာလ ၂၇ ရက်က သဘောတူခဲ့ကြကြောင်း သိရသည်။
မော်စကို၊ စက်တင်ဘာ ၁၉ ရက်(ဆင်ဟွာ) ရုရှားနိုင်ငံ သမ္မတ ပူတင်သည် စက်တင်ဘာ ၁၈ ရက် ညနေက မော်စကိုမြို့ ကရင်မလင်နန်းတော် တွင် တရုတ်နိုင်ငံ ဝန်ကြီးချုပ် လီခဲ့ချန်နှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။
မော်စကို ၊ စက်တင်ဘာ ၁၈ ရက်(ဆင်ဟွာ) ရုရှား မဟာဗျူဟာမြောက် Tu-160 ဗုံးကြဲလေယာဉ် နှစ်စင်းသည် ဘောလ်တစ် ပင်လယ် အပေါ်တွင် စက်တင်ဘာ ၁၇ ရက်တွင် ခုနှစ်နာရီအကြာ ပျံသန်းမှု တစ်ခုအား ပြုလုပ်ခဲ့ကြောင်း ရုရှား ကာကွယ်ရေး ဝန်ကြီးက ပြောကြားခဲ့သည်။