မော်စကို၊အောက်တိုဘာ၉ရက်(ဆင်ဟွာ) စစ်လက်နက် အမျိုးပေါင်း ၅၀၀ နှင့်အတူ စစ်သည် ၄,၀၀၀ကျော် ၊ စစ်လေယာဉ် ၁၅ စင်း နှင့် စစ်သင်္ဘောများစွာပါဝင်သည့် ရုရှားနိုင်ငံ၏ ဖစိဖိတ်ရေတပ်အုပ်စု အဓိကစစ်ရေးလေ့ကျင့်မှုကို ရုရှားနိုင်ငံအရှေ့ပိုင်း Kamchatka ရေလက်ကြား၌ အဆုံးသတ်ခဲ့ကြောင်း ရုရှားနိုင်ငံကာကွယ်ရေးဝန်ကြီးဌာနက အောက်တိုဘာ ၈ရက်တွင် ပြောကြားခဲ့သည်။
ပေကျင်း၊ အောက်တိုဘာ ၂ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်နှင့် ရုရှားနိုင်ငံ သမ္မတ ဗလာဒီမာပူတင် (Vladimir Putin) တို့သည် နှစ်နိုင်ငံ သံတမန်ဆက်ဆံရေး တည်ထောင်ခြင်း နှစ် ၇၀ ပြည့် အထိမ်းအမှတ် ဝမ်းမြောက်ကြောင်းသဝဏ်လွှာ ဖလှယ်ခဲ့ကြကြောင်း သိရသည်။
ကုလသမဂ္ဂ၊ စက်တင်ဘာ ၂၈ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံတော် ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိနှင့် ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂျီလက်ဗ်ရော့ဗ် (Sergey Lavrov) တို့သည် နှစ်နိုင်ငံ မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှု ခိုင်မာရေးအတွက် စက်တင်ဘာလ ၂၇ ရက်က သဘောတူခဲ့ကြကြောင်း သိရသည်။
မော်စကို၊ စက်တင်ဘာ ၁၉ ရက်(ဆင်ဟွာ) ရုရှားနိုင်ငံ သမ္မတ ပူတင်သည် စက်တင်ဘာ ၁၈ ရက် ညနေက မော်စကိုမြို့ ကရင်မလင်နန်းတော် တွင် တရုတ်နိုင်ငံ ဝန်ကြီးချုပ် လီခဲ့ချန်နှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။
မော်စကို ၊ စက်တင်ဘာ ၁၈ ရက်(ဆင်ဟွာ) ရုရှား မဟာဗျူဟာမြောက် Tu-160 ဗုံးကြဲလေယာဉ် နှစ်စင်းသည် ဘောလ်တစ် ပင်လယ် အပေါ်တွင် စက်တင်ဘာ ၁၇ ရက်တွင် ခုနှစ်နာရီအကြာ ပျံသန်းမှု တစ်ခုအား ပြုလုပ်ခဲ့ကြောင်း ရုရှား ကာကွယ်ရေး ဝန်ကြီးက ပြောကြားခဲ့သည်။
ပေကျင်း၊ စက်တင်ဘာ ၁၆ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ ဝန်ကြီးချုပ် လီခဲ့ချန်သည် ရုရှားနိုင်ငံ ဝန်ကြီးချုပ် ဒီမီထရီ မက်ဗီဒက်ဗ် (Dmitry Medvedev) ၏ ဖိတ်ကြားချက်ဖြင့် ရုရှားနိုင်ငံသို့ ချစ်ကြည်ရေးခရီးစဉ် သွားရောက်ရန် စက်တင်ဘာလ ၁၆ ရက်က ပေကျင်းမှထွက်ခွာခဲ့ကြောင်း သိရသည်။
မော်စကို ၊ စက်တင်ဘာ ၁၅ ရက်(ဆင်ဟွာ) ရုရှား နိုင်ငံ အနောက်ပိုင်း Yaroslavl ဒေသ၌ စက်တင်ဘာ ၁၄ ရက်တွင် ခရီးသည်တင် ဘတ်စ်ကား တစ်စီး နှင့် ကုန်တင်ကား တစ်စီးတို့ တိုက်မိမှု ဖြစ်ပွားခဲ့ရာ လူခုနှစ်ဦး သေဆုံးခဲ့ကြောင်း ရုရှား အရေးပေါ် ကယ်ဆယ်ရေး...
အန်ကာရာ ၊ စက်တင်ဘာ ၅ ရက် (ဆင်ဟွာ) တူရကီ နိုင်ငံ ကာကွယ်ရေး ဝန်ကြီးဌာန ၏ စက်တင်ဘာ ၄ ရက် ထုတ်ပြန်ကြေညာချက် အရ တူရကီ နိုင်ငံ လေတပ် တပ်ဖွဲ့ဝင် များ က ရုရှား နိုင်ငံ တီထွင်ထုတ်လုပ်သည့် S-400...
ဗလာဒီဗော့စတော့ ၊ ရုရှား ၊ စက်တင်ဘာ ၅ ရက်(ဆင်ဟွာ) ၅ ကြိမ်မြောက် အရှေ့ဖျားဒေသ စီးပွားရေး ဖိုရမ်၏ ဆက်စပ် အစည်းအဝေးတစ်ခုတွင် နှစ်နိုင်ငံခေါင်းဆောင်များ နှင့် နှစ်ဖက်ကိုယ်စားလှယ်များတွေ့ဆုံဆွေးနွေးပြီးနောက် ကုန်သွယ်ရေး နှင့် ရင်းနှီးမြှုပ်နှံရေး ကိစ္စများအပြင် စစ်လက်နက်များ ပူးတွဲ ထုတ်လုပ်ရန်အပါအဝင် နယ်ပယ်ကဏ္ဍပေါင်းစုံ၌ ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရန်...
မော်စကို၊ သြဂုတ် ၂၇ ရက် (ဆင်ဟွာ) လူသားပုံစံပေါက်သောစက်ရုပ်အား သယ်ဆောင်ထားသည့် ရုရှားနိုင်ငံမှ Soyuz အာကာသယာဉ်သည် နိုင်ငံတကာ အာကာသစခန်း (ISS) နှင့် ချိတ်ဆက်ရန် ပထမအကြိမ်အားထုတ်မှုတွင် မအောင်မြင်ခဲ့သော်လည်း သြဂုတ်လ ၂၇ ရက်၌ ISS နှင့် အောင်မြင်စွာ ချိတ်ဆက်သွားခဲ့ကြောင်း သိရသည်။