မော်စကို၊ ဒီဇင်ဘာ ၂၃ ရက် (ဆင်ဟွာ) ရုရှားနိုင်ငံ Ural တောင်တန်းများအနီး Perm ဒေသ တွင် မီးလောင်မှုတစ်ခုဖြစ်ပွားခဲ့ပြီးနောက် မိုင်းတွင်းတစ်ခု ၌ မိုင်းလုပ်သား ၉ဦးပိတ်မိနေကြောင်း မိုင်းတွင်းပိုင်ရှင် က ဒီဇင်ဘာ ၂၂ရက်တွင်ပြောကြားခဲ့သည်။
မော်စကို ၊ နိုဝင်ဘာ ၄ ရက်(ဆင်ဟွာ) ရုရှားနိုင်ငံ၏ အကြီးစား နျူကလီးယားဒုံးကျည်တပ် ခရုဇာစစ်သင်္ဘော Peter the Great သည် နိုင်ငံ မြောက်ပိုင်း Barents ပင်လယ်သို့နိုဝင်ဘာ ၃ ရက်က စစ်ရေးလေ့ကျင့်ရေးအစီအစဉ်အတွက်ဝင်ရောက် သွားခဲ့ကြောင်း ရုရှားနိုင်ငံကာကွယ်ရေးဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်တစ်စောင်တွင် ဖော်ပြထားသည်။
မော်စကို ၊ အောက်တိုဘာ၂၄ ရက်(ဆင်ဟွာ) ရုရှားသမ္မတ ပူတင်နှင့် အမေရိကန် သမ္မတ ထရန့်တို့သည် နိုဝင်ဘာလတွင် ပြင်သစ်နိုင်ငံ ပါရီမြို့၌ တွေ့ဆုံ ဆွေးနွေးရန် စီစဉ်ထားကြောင်း ရုရှားသမ္မတ အကြံပေး Yuri Ushakov က အောက်တိုဘာ ၂၃ ရက် တွင် ပြောကြားခဲ့သည်။
မော်စကို ၊ အောက်တိုဘာ ၂၃ ရက်(ဆင်ဟွာ) ရုရှားနိုင်ငံနှင့်ချုပ်ဆိုထားသော သမိုင်းဝင် တာလတ်ပစ်နျူကလီးယားလက်နက်များသဘောတူညီမှုစာချုပ်(INF) မှ နုတ်ထွက်ရန် အမေရိကန်သမ္မတဒေါ်နယ်ထရမ့်၏ လုပ်ရပ်အပေါ် ရုရှားနိုင်ငံက စိုးရိမ်ပူပန်မိကြောင်း ကရင်မလင်နန်းတော်က အောက်တိုဘာ ၂၂ ရက်တွင်ပြောကြားခဲ့သည်။
မော်စကို၊ အောက်တိုဘာ ၂၃ ရက် (ဆင်ဟွာ) ရုရှားနိုင်ငံ သမ္မတ ဗလာဒီမာပူတင်သည် ရုရှားနိုင်ငံအပေါ် အဖျက်သဘောဆောင်သော လုပ်ရပ်များကို ပြုလုပ်နေသည့် ယူကရိန်းနိုင်ငံသားများ နှင့် တရားဝင်လုပ်ငန်းများစာရင်းကို စုဆောင်းရန် အစိုးရအား ညွှန်ကြားသည့် အမိန့်စာတစ်စောင်အား အောက်တိုဘာ ၂၂ရက်တွင် လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။
ဝါရှင်တန် ၊ အောက်တိုဘာ ၂၁ ရက်(ဆင်ဟွာ) အမေရိကန်နိုင်ငံသမ္မတဒေါ်နယ်ထရမ့်က အမေရိကန်နိုင်ငံအနေဖြင့် ရုရှားနိုင်ငံနှင့် ပြုလုပ်ထားသော ဆယ်စုနှစ်များစွာ ရှိခဲ့သည့် မဟာဗျူဟာမြောက်လက်နက်များတပ်ဆင်ခြင်း ကန့်သတ်ရေး တာလတ်ပစ်နျူကလီးယားဒုံးကျည်အစီအစဉ်(INF) သဘောတူညီချက်မှ နုတ်ထွက်မည်ဟု အောက်တိုဘာ ၂ဝ ရက်တွင် ထုတ်ဖော်ပြောကြားလိုက်သည်။
ဒူရှန်းဘီ၊ အောက်တိုဘာ ၁၃ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ ဝန်ကြီးချုပ် လီခဲ့ချန်က စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုတွင် မြင့်မားသည့် အရှိန်အဟုန်နှင့် အသိအမှတ်ပြုလောက်ဖွယ် အောင်မြင်မှုများ ရရှိခဲ့သည့် တရုတ်-ရုရှား နှစ်နိုင်ငံ ဆက်ဆံရေးကို အောက်တိုဘာလ ၁၂ ရက်က ချီးကျူးပြောကြားလိုက်ကြောင်း သိရသည်။
မော်စကို ၊ အောက်တိုဘာ ၆ ရက် (ဆင်ဟွာ) ရုရှား နိုင်ငံ စစ်ဘက်ဆိုင်ရာ နျူကလီးယား ၊ ဓာတု နှင့် ဇီဝ လက်နက် ကာကွယ်ရေး ဌာန တပ်မှူး Igor Kirillov က အမေရိကန် နိုင်ငံ အနေဖြင့် ဂျော်ဂျီယာ နိုင်ငံ...
မော်စကို ၊ စက်တင်ဘာ ၃ ရက်(ဆင်ဟွာ) ရုရှားနိုင်ငံ အနောက်တောင်ပိုင်း Dagestan ဒေသတွင် ပြုလုပ်သော အကြမ်းဖက်မှု တန်ပြန်တိုက်ဖျက်ရေးစစ်ဆင်ရေးတစ်ခုအတွင်း အကြမ်းဖက်အဖွဲ့တစ်ခုမှ ခေါင်းဆောင်ဖြစ်သူကို သုတ်သင်ရှင်းလင်းနိုင်ခဲ့ကြောင်း ရုရှားနိုင်ငံ အမျိုးသားအကြမ်းဖက်မှု တန်ပြန်တိုက်ဖျက်ရေးကော်မတီ(NAC) က စက်တင်ဘာ ၂ ရက်တွင်ပြောကြားခဲ့သည်။
မော်စကို ၊ သြဂုတ် ၁၀ ရက် (ဆင်ဟွာ) ရုရှား နိုင်ငံ နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Zakharova က ရုရှား နိုင်ငံ အနေဖြင့် အမေရိကန် နိုင်ငံ မှ ဆောင်ရွက်မည့် အရေးယူ ပိတ်ဆို့မှု အသစ် နှင့် ညီမျှသည့် တုံ့ပြန်...