ဝူကုန်းတောင်၊ အောက်တိုဘာ ၂၄ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ အရှေ့ပိုင်း ကျန်းရှီးပြည်နယ် ဝူကုန်းတောင် ရှုခင်းသာဧရိယာတွင် သဘာဝပတ်ဝန်းကျင်အား ထိန်းသိမ်းစောင့်ရှောက်ရာတွင် ဝန်ထမ်းများကို အကူအညီပေးရန်အတွက် သန့်ရှင်းရေးစက်ရုပ်များကို မိတ်ဆက်ခဲ့ကြသည်။ သဘာဝရှုမျှော်ခင်းများကို ထိန်းသိမ်းစောင့်ရှောက်ရန် ဆန်းသစ်သော ချဉ်းကပ်မှု၏ အစကနဦးဆောင်ရွက်မှုကို နိုင်ငံခြားသားခရီးသွားဧည့်သည်များက အကျယ်တဝင့် ချီးကျူးပြောဆိုခဲ့ကြသည်။ (Xinhua) …………………………………….....
ကျိန့်ကျိုး၊ ဩဂုတ် ၁၉ ရက် (ဆင်ဟွာ) နွေရာသီကျောင်းပိတ်ရက်ကာလ စတင်ချိန်မှစ၍ တရုတ်နိုင်ငံ ဟဲနန်ပြည်နယ်ရှိ ဝမ့်ရှန်းတောင် ရှုခင်းသာဧရိယာသည် ခရီးသွားဧည့်သည်များဖြင့် စည်းကားသည့် အထွတ်အထိပ်သို့ ရောက်ရှိလာခဲ့သည်။ ထိုက်ဟန်တောင်တန်း တောနက်ပိုင်းတွင် တည်ရှိသော ဟဲနန်ပြည်နယ် ဟွေးရှန့်ခရိုင် ဝမ့်ရှန်းတောင် ရှုခင်းသာဧရိယာသည် အနီရောင်ကျောက်ဆောင်ချောက်ကမ်းပါးများဖြင့် ဖွဲ့စည်းထားသည့် နက်ရှိုင်းသော လျှိုမြောင်ရှုခင်းများသည်...