ဗီယင်ကျန်း၊ ဇွန် ၅ ရက် (ဆင်ဟွာ) ကိုဗစ်-၁၉ ကပ်ရောဂါ ကာကွယ်ထိန်းချုပ်ရေးကန့်သတ်ချက်အချို့ကို ဖြေလျှော့ပေးမည်ဖြစ်သော်လည်း မြို့တော် ဗီယင်ကျန်း၏ Lockdown ကာလကို ဇွန် ၁၉ ရက် အထိ (၁၅) ရက် ထပ်တိုးသွားမည်ဖြစ်ကြောင်း လာအိုအစိုးရက ဇွန် ၄ ရက်တွင် ကြေညာခဲ့သည်။ အချို့ပြည်နယ်နှင့်မြို့များတွင်...
ဗီယင်ကျန်း ၊ မေ ၁၇ ရက်(ဆင်ဟွာ) တရုတ်-လာအို ရထားလမ်းတစ်လျှောက်ရှိ ဆက်သွယ်ရေး တာဝါတိုင် ၆၇ ခုစလုံး၏ တည်ဆောက်မှုများသည် ပြီးစီးသွားခဲ့ပြီဖြစ်ရာ စီမံကိန်း၏ အဓိကတိုးတက်မှုတစ်ခု ဖြစ်ကြောင်း သိရသည်။
ဗီယင်ကျန်း၊မေ ၅ ရက်(ဆင်ဟွာ) လာအိုနိုင်ငံ၌ COVID-19 ကပ်ရောဂါတိုက်ဖျက်ရေး ကူညီပေးရန်အတွက် တရုတ်နိုင်ငံမှ ဆေးဘက်ကျွမ်းကျင်ပညာရှင်အဖွဲ့တစ်ဖွဲ့သည် ဆေးဝါးပစ္စည်းများနှင့်အတူ မေ ၄ ရက်က လာအိုနိုင်ငံ မြို့တော် ဗီယင်ကျန်းသို့ရောက်ရှိလာခဲ့ကြောင်း သိရသည်။လာအိုနိုင်ငံ ဒုတိယဝန်ကြီးချုပ် Kikeo Khaykhamphithoune နှင့် လာအိုနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံအမတ်ကြီး Jiang Zaidong တို့က...
ဗီယင်ကျန်း၊ မတ် ၁၉ ရက် (ဆင်ဟွာ) မတ်လ ၁၅ ရက်တွင် လာအိုနိုင်ငံတစ်ဝန်းရှိ လူဦးရေ ၄၀,၇၀၀ ကျော်ကို ပထမဆုံးအကြိမ် COVID-19 ကာကွယ်ဆေး ထိုးနှံပေးခဲ့ပြီးဖြစ်ကြောင်း လာအိုသတင်းအေဂျင်စီ (KPL) က မတ် ၁၉ ရက်တွင် ထုတ်ပြန်ခဲ့သည်။
ဗီယင်ကျန်း၊ မတ် ၁၈ (ဆင်ဟွာ) ဥရောပသမဂ္ဂ (EU) နှင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) တို့သည် လာအိုနိုင်ငံ၌ COVID-19 တုံ့ပြန်ရေးအတွက် ပံ့ပိုးရန် စီမံကိန်းတစ်ခုကို ကြေညာခဲ့ကြောင်း သိရသည်။
ဗီယင်ကျန်း၊ မတ် ၃ ရက် (ဆင်ဟွာ) လာအိုနိုင်ငံရှိ ကျန်းမာရေးဝန်ထမ်း ၁၅၀,၀၀၀ ခန့်အား တရုတ်နိုင်ငံမှ လှူဒါန်းထားသော Sinopharm ကာကွယ်ဆေး အသုံးပြုလျက် မတ်လနှင့် ဧပြီလအတွက် COVID-19 တိုက်ဖျက်ရေး ကာကွယ်ဆေးထိုးနှံပေးသွားမည်ဖြစ်ကြောင်း ဒေသတွင်းမီဒီယာက မတ် ၃ ရက်တွင် သတင်းဖော်ပြခဲ့သည်။
ဗီယင်ကျန်း၊ဖေဖော်ဝါရီ၈ ရက်(ဆင်ဟွာ)ဘာသာပြန်/ကိုငယ် တရုတ်နိုင်ငံမှ ပေးအပ်လှူဒါန်းသော Sinopharm COVID-19 ကာကွယ်ဆေးများ ပထမအသုတ်သည် လာအိုနိုင်ငံ ဗီယင်ကျန်းမြို့တော်သို့ ယနေ့ ဖေဖော်ဝါရီ ၈ ရက် နံနက်အစောပိုင်းတွင် ရောက်ရှိလာခဲ့ကြောင်း သိရသည်။
ဗီယင်ကျန်း၊ ဒီဇင်ဘာ ၃၀ ရက်(ဆင်ဟွာ) ဘာသာပြန်/မြတ်မြတ်ဦး တရုတ်-လာအို ရထားလမ်းခင်းမှုကို ဒီဇင်ဘာ ၂၉ ရက်က လာအိုနိုင်ငံ မြောက်ပိုင်း ရှေးဟောင်းမြို့တော် လွမ်ပရာဘွမ်အထိ အဆင်ပြေချောမွေ့စွာ ဖောက်လုပ်ပြီးစီးခဲ့ပြီဖြစ်ရာ ယခုနှစ် နှစ်ဆန်းပိုင်းက သတ်မှတ်ထားသော ရထားလမ်းဆောက်လုပ်ရေး ရည်မှန်းချက်အားလုံးကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခဲ့ကြောင်း သိရသည်။
ဗီယင်ကျန်း၊ ဒီဇင်ဘာ ၂ ရက် (ဆင်ဟွာ) ဘာသာပြန် – ခေါန်ရိန် လာအိုနိုင်ငံတွင် သွေးလွန်တုပ်ကွေးရောဂါ လူပေါင်း ၄၅ ဦးတွင် ထပ်မံဖြစ်ပွားခဲ့သည့်အတွက် စုစုပေါင်း ရောဂါကူးစက်ခံရသူ ၇,၉၇၃ ဦးအထိ ရောက်ရှိလာပြီဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနအရ သိရသည်။
ဗီယင်ကျန်း၊ အောက်တိုဘာ ၃၁ ရက် (ဆင်ဟွာ) တရုတ်-လာအို ရထားလမ်းအတွက် လျှပ်စစ်ဗို့အားမြင့် ဓာတ်အားလိုင်း ပထမပိုင်း အောင်မြင်စွာ တပ်ဆင်ပြီးဖြစ်ကြောင်း သိရသည်။