ထရီပိုလီ ၊ ဇန်နဝါရီ ၂၄ ရက်(ဆင်ဟွာ) လစ်ဗျားနိုင်ငံ ဝန်ကြီးချုပ် Abdul-Hamid Dbeibah က နိုင်ငံအတွင်း မည်သည့်လက်နက်ကိုင်ပဋိပက္ခကိုမဆို ပယ်ချကြောင်း ဇန်နဝါရီ ၂၃ ရက်တွင် အလေးအနက်ပြောကြားလိုက်သည်။ ယင်းမှတ်ချက်အား ဝန်ကြီးချုပ်က ထရီပိုလီမြို့၌ ပြုလုပ်သည့် စစ်သင်တန်းဆင်းပွဲအခမ်းအနားတစ်ခုတွင် ပြောကြားခဲ့ခြင်း ဖြစ်ကြောင်း အစိုးရ၏ ပြန်ကြားရေးရုံးက...
တိုကျို ၊ ဒီဇင်ဘာ ၇ ရက်(ဆင်ဟွာ) ဂျပန်နိုင်ငံဝန်ကြီးချုပ် ဖူမီယိုကစ်ရှီဒါ(Fumio Kishida) က နိုင်ငံ၏ စီးပွားရေးပြန်လည်နလံထူရေး မြှင့်တင်နေစဉ်အတွင်းမှာပင် COVID-19 ရောဂါ၏ အိုမီခရွန်မျိုးဗီဇပြောင်းဗိုင်းရပ်စ်အားတုံ့ပြန်ခြင်းနှင့်အတူ “ အဆိုးဆုံး အနေအထားအတွက် ကြိုတင်ပြင်ဆင်ထားရန်” သန္နိဌာန်ချထားကြောင်း ဒီဇင်ဘာ ၆ ရက်တွင် ထုတ်ဖော်ပြောကြားခဲ့သည်။ လွှတ်တော်အထူးအစည်းအဝေးတစ်ရပ်တွင် ၎င်း၏...
ဖနွမ်းပင် ၊ ဒီဇင်ဘာ ၂ ရက်(ဆင်ဟွာ) ကမ္ဘောဒီးယားနိုင်ငံ ဝန်ကြီးချုပ်ဆမ်ဒက်တက်ချိုဟွန်ဆန်သည် လာမည့် ၂၀၃၀ ပြည့်နှစ်တွင် ရာထူးမှ အနားယူနိုင်ဖွယ်ရှိနေရာ ၎င်းအား ဆက်ခံမည့် ဝန်ကြီးချုပ်လောင်းများထဲတွင် ၎င်း၏ သားကြီးဖြစ်သူ ဟွန်မနက်(Hun Manet) ကိုထည့်သွင်းလျာထားကြောင်း ဒီဇင်ဘာ ၁ ရက်တွင် ထုတ်ဖော်ပြောကြားလိုက်သည်။
ပဲရစ်၊ ဘရပ်ဆဲလ်၊ နိုဝင်ဘာ ၂၃ ရက် (ဆင်ဟွာ) ပြင်သစ်နိုင်ငံ ဝန်ကြီးချုပ် Jean Castex တွင် ကိုဗစ်-၁၉ (COVID-19) ရောဂါပိုးတွေ့ရှိခဲ့ကြောင်း ပြင်သစ်မီဒီယာက နိုဝင်ဘာ ၂၂ ရက်၌ သတင်းဖော်ပြခဲ့သည်။ Castex သည် နိုဝင်ဘာ ၂၂ ရက် မွန်းလွဲပိုင်းက ဘယ်လ်ဂျီယံ...
ပေကျင်း၊ နိုဝင်ဘာ ၁၆ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ ဝန်ကြီးချုပ် လီခဲ့ချန်သည် ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးခေါင်းဆောင်များနှင့်အတူ ကမ္ဘာ့စီးပွားရေးဖိုရမ် အထူးအွန်လိုင်းဆွေးနွေးပွဲသို့ တက်ရောက်မည်ဖြစ်ပြီး မှတ်ချက်စကားပြောကြားခြင်းနှင့် ဖိုရမ်တက်ရောက်လာသော ကမ္ဘာ့စီးပွားရေးခေါင်းဆောင်များနှင့် ဆွေးနွေးပွဲနှင့် ဖလှယ်ခြင်းများ နိုဝင်ဘာ ၁၆ ရက်၌ ပြုလုပ်မည်ဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန ကျောက်လိကျန်း၏ ပြောကြားချက်အရ သိရသည်။...
ဘဂ္ဂဒက် ၊ နိုဝင်ဘာ ၇ ရက်(ဆင်ဟွာ) အီရတ်နိုင်ငံဝန်ကြီးချုပ် Mustafa al-Kadhimi ၏ နေအိမ်အား ပစ်မှတ်ထားသည့် ဒရုန်းတစ်စင်းဖြင့် လုပ်ကြံရန် ကြိုးပမ်းမှုတစ်ခုအတွင်း ဝန်ကြီးချုပ်သည် ထိခိုက်ဒဏ်ရာရရှိခဲ့ခြင်း မရှိကြောင်း ဝန်ကြီးချုပ်ရုံးက ကြေညာချက်တွင် ဖော်ပြထားသည်။
ပေကျင်း၊ အောက်တိုဘာ ၂၈ ရက် (ဆင်ဟွာ) အရှေ့အာရှ၏ ဒေသတွင်း စီးပွားရေးပေါင်းစည်းမှု အဆင့်မြှင့်တင်ခြင်းနှင့် ပြည်သူ့ကျန်းမာရေး၊ စွမ်းအင်၊ အစားအသောက်နှင့် ငွေကြေးမျက်နှာစာများ ဖွံ့ဖြိုးတိုးတက်မှု မြှင့်တင်ပြီး စိန်ခေါ်မှုများကို ပူးတွဲတုန့်ပြန်ရန်အတွက် တရုတ်နိုင်ငံ ဝန်ကြီးချုပ် လီခဲ့ချန်က အောက်တိုဘာ ၂၇ ရက်၌ တိုက်တွန်းပြောကြားခဲ့သည်။
ခါတွန် ၊ အောက်တိုဘာ ၂၇ ရက်(ဆင်ဟွာ) ဆူဒန်နိုင်ငံဝန်ကြီးချုပ် Abdalla Hamdok နှင့် ၎င်း၏ ဇနီးတို့သည် လုံခြုံရေးတင်းကြပ်စွာဖြင့် နေအိမ်သို့ ပြန်လည်ရောက်ရှိလာကြောင်း ဝန်ကြီးချုပ်၏ရုံးက အောက်တိုဘာ ၂၆ ရက်တွင် ဖေ့ဘွတ်ခ်အကောင့်၌ ရေးသားဖော်ပြခဲ့သည်။
အော့တဝါ ၊ အောက်တိုဘာ ၂၇ ရက်(ဆင်ဟွာ) ကနေဒါနိုင်ငံဝန်ကြီးချုပ်ဂျက်စတင်းထရူးဒေါ့(Justin Trudeau) က နိုင်ငံခြားရေး ၊ ကာကွယ်ရေး ၊ ကျန်းမာရေး နှင့် သဘာဝပတ်ဝန်းကျင်ရေးရာ ကဲ့သို့သော ဝန်ကြီးဌာနများတွင် အစိုးရအဖွဲ့ဝန်ကြီးများ အပြောင်းအလဲပြုလုပ်ခြင်း အပါအဝင် ၎င်း၏ အစိုးရအဖွဲ့သစ်ကို အောက်တိုဘာ ၂၆ ရက်က ထုတ်ပြန်ကြေညာခဲ့သည်။
ခါတွန် ၊ အောက်တိုဘာ ၂၅ ရက်(ဆင်ဟွာ) ဆူဒန်နိုင်ငံ ဝန်ကြီးချုပ် Abdalla Hamdok နှင့် အသွင်ကူးပြောင်းရေးအချုပ်အခြာအာဏာကောင်စီ၏ အရပ်သားကိုယ်စားပြုအဖွဲ့ဝင်များ နှင့် ဝန်ကြီးများစွာကို စစ်တပ်ပူးပေါင်းတပ်ဖွဲ့က ဖမ်းဆီးထားပြီဖြစ်ကြောင်း ဆူဒန်နိုင်ငံ သတင်းအချက်အလက် နှင့် ဆက်သွယ်ရေးဝန်ကြီးဌာနက ယနေ့ အောက်တိုဘာ ၂၅ ရက်တွင် ပြောကြားခဲ့သည်။ ဆူဒန်နိုင်ငံဝန်ကြီးချုပ်...