Politics, Law & Military4 years ago
ပဲခူးတိုင်းဒေသကြီးတွင် တရားမဝင် ကျွန်းသစ်များသယ်ဆောင်သူများထံမှ ငွေကျပ်၂၄၅သိန်း လာဘ်ယူသော အုပ်ချုပ်ရေးမှူးဟောင်းတစ်ဦးကို အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေဖြင့် အမှုဖွင့်လှစ်
ရန်ကုန်၊ ဇူလိုင် ၁၈ ရက် (ဆင်ဟွာ) ပဲခူးတိုင်းဒေသကြီး၊ ကဝမြို့နယ်၊ ဝါးတောကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး(ဟောင်း) ဦးဇော်မိုးကို တရားမဝင်ကျွန်းသစ်များသယ်ဆောင်သူများထံမှ ငွေကျပ်၂၄၅သိန်း လာဘ်ယူသောကြောင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေဖြင့် အမှုဖွင့်လှစ်အရေးယူလိုက်ကြောင်း အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က ယနေ့ထုတ်ပြန်သော သတင်းအရ သိရသည်။